Wednesday, June 17, 2015

ဆီးဂိမ်း အကောင်းဆုံး ကစားသမား ၁၁ ယောက် စာရင်း မှာ မြန်မာ က ၄ ယောက် ပါဝင်

 
 
 
ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဝင် ဘောလုံး အသင်းများမှ အကောင်းဆုံး ကစားသမား ၁၁ ဦး စာရင်းကို Football Channel Asia ကရွေးချယ် ခဲ့ရာတွင် မြန်မာ ကစားသမားလေးဦး ပါဝင်ခဲ့သည်။

ပထမ ဦးစားပေး ၁၁ ယောက် စာရင်း ကို ၃-၅-၂ ကစားကွက်ဖြင့်ရွေးချယ် ခဲ့ပြီး ဂိုးသမား ကျော်ဇင်ဖြိုး၊ အသင်းခေါင်းဆောင် နေလင်းထွန်း ကွင်းလယ် ကစားသမား စည်သူအောင်  နှင့် နောက်တန်း ကစားသမား ဟိန်းသီဟဇော် တို့ပါဝင်ခဲ့သည်။ 

ဟိန်းသီဟဇော် မှာ အကောင်းဆုံး ကစားသမား အရံလူ စာရင်းတွင် ပါဝင်ခဲ့ပြီး ကျန် ကစားသမား သုံးဦးမှာ ပထမ ဦးစားပေး ၁၁ ယောက် စာရင်းတွင် ပါဝင်ခဲ့သည်။

 မြန်မာအသင်း ၏ အဓိက ဂိုးသမားကျော်ဇင်ဖြိုး ကို ရွေးချယ် ရခြင်းမှာ အုပ်စုပွဲများ တွင် ပေးဂိုးလေးဂိုး သာ ခွင့်ပြု  ခဲ့ရပြီး အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ များတွင် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည့် အတွက် အကောင်းဆုံး လူစာရင်း တွင် ရွေးချယ် ခံခဲ့ရခြင်းဖြစ်ပြီး မြန်မာ အသင်းကစားသမားများ သာ ယခုထက် ပိုခြေ စွမ်းကောင်း မွန် ပါက ချန်ပီယံဖြစ်နိုင်မည်ဟု Football Channel Asia က ချီးကျူးရေး သားခဲ့သည်။


 


အသင်းခေါင်းဆောင်  နေလင်းထွန်း ကို ရွေးချယ် ရခြင်းမှာ အသင်း၏ အဓိကကျောရိုး ကစားသမားတစ်ဦး အဖြစ် အကောင်းဆုံး ထိန်းကျောင်းနိုင် ခဲ့ကြောင်း ခံစစ် အပြင် တိုက်စစ် အထိ လိုက်ပါ ကစားနိုင်ပြီး သွင်းဂိုး သုံးဂိုး သွင်းယူနိုင် ခဲ့သောကြောင့်ဖြစ်သည်။


 

ကွင်းလယ် ကစားသမား စည်သူအောင် ကိုလည်း အသင်း အတွက် အဓိက ကစားသမား တစ်ဦးဖြစ်ပြီး သွင်းဂိုး ငါးဂိုး ထိ သွင်းယူ ခဲ့ကာ ပြိုင်ဘက်နောက်တန်း ကို လှည့်စားနိုင်သည့် ကစားသမား ဖြစ်ကြောင်း ၎င်း၏ခြေစွမ်း မှာ နိုင်ငံတကာ အဆင့်တွင် ဝင်ရောက် ကစားနိုင်စွမ်းရှိကြောင်း ချီးကျူးရေးသားထားသည်။

 
                            ဟိန်းသီဟဇော်


Football Channel Asia ကရွေးချယ် ခဲ့တဲ့ အကောင်းဆုံး ပထမ ၁၁ ယောက်

ဂိုးသမား
ကျော်ဇင်ဖြိုး (မြန်မာ)

 နောက်တန်း
Que Ngoc Hai  (ဗီယက်နမ်)၊ Artit Daosawang  (ထိုင်း)၊ Tanaboon Kesarat (ထိုင်း)

အလယ်တန်း
Vo Huy Toan (ဗီယက်နမ်)၊ နေလင်းထွန်း (မြန်မာ)၊ Evan Diams (အိုဒိုနီးရှား)၊ Chanathip Songkrasin(ထိုင်း)၊ စည်သူအောင်(မြန်မာ)

 ရှေ့တန်း
Nguyen Cong Phoung (ဗီယက်နမ်)၊ Chananan Pombuppha(ထိုင်း)


အရံ ကစား သမား ၇ ဦး
ဟိန်းသီဟဇော် (မြန်မာ)၊ Chanin Sae-Eae (ထိုင်း)၊ Mac Hong Quan (ဗီယက်နမ်)၊ Keo Sokpheng (ကမ္ဘောဒီးယား)၊ Syahrul Azwari (မလေးရှား)၊ Faris Ramli (စင်ကာပူ)၊ Paulo Sitanggang (အင်ဒိုနီးရှား)

နည်းပြ
Choketawee Promrut (ထိုင်း)

(ဓာတ်ပုံ- MFF)
http://7daydaily.com/story/39717

From...   7Day News Journal

No comments:

Post a Comment