Monday, June 29, 2015

အသွား မတော် တစ်လှမ်း အပြော မတော် ?





မိဘမေတ္တာ ဟာ ဘယ်လောက် ကြီးမားသလဲ ဆိုတာတော့ လူတိုင်းသိပါတယ် ။ အနန္တော အနန္တ ငါးပါး စာရင်း မှာတောင် ပါတယ် ဆိုတော့ စဉ်းစားပေါ့ ...ဟုတ်ပြီ ၊

အဲဒီ မိဘ ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဟာ သူတို့ ရဲ့ သားလေး တယောက် ကို သာသနာ့ဘောင် သွင်းပေးလိုက် လို့ 
ကိုရင်လေးဖြစ်သွားရင် ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ် သွားသလည်း ဆိုတော့ မိဘတွေ ကတောင် ထိုင်ပြီး ရှိခိုး ရလောက်အောင် ကို ကြီးကျယ်မြင့်မြတ် သွားတာ အဲဒါ သာမဏေ အဆင့်ပဲရှိသေးတယ် ။


မိဘ ကတောင်ပြန် ရှိခိုး ရတယ် ဆိုတော့ ရဟန်းတပါး ရဲ့ ဂုဏ်ကျေးဇူး ဆိုရင် ဘယ်လောက်ထိ ဂုဏ်ကျေးဇူး ကြီးမလဲ စဉ်းစားပေါ့ ။ 


တစ်ပါး ကနေ သုံးပါး အထိကို ရဟန်း လို့ ပဲခေါ်ပြီး လေးပါး နဲ့ လေးပါး အထက် ကို သံဃာ လို့ ခေါ်တယ်
သံဃာ ကို လှူတဲ့ အကျိုးဟာ ငါ ဘုရားရှင် ကို လှူတဲ့ အကျိုးထက် ကြီးမားတယ် လို့  ဘုရားရှင် မိန့် မှာ
ခဲ့ဘူးတယ် ။


ဒါဆိုရင် သံဃာ ထု ကိုပြစ်မှားရင် ဘုရားရှင် ကို ပြစ်မှား တာထက် ကို အကျိးပေး မသေးဘူး ဆိုတာ လက် မခံနိုင်စရာ အကြောင်းမရှိဘူး ။

အခု မြန်မာနိုင်ငံရေးသမား အများစု ဟာ အကျိုးအပြစ် ကို မသိ အတိမ်အနက် ကို မသိပဲ စကားလုံး အသုံး အနုန်းတွေ ကို လက်လွတ် စပါယ် သုံးနေကြတာတွေ့ ရတယ် ။ မဟန မဘသ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး တော့ သုံးနုန်းနေတာတွေ့ ရတယ် ။



အင်းစိန် ရွာမ ဆရာတော် ဘုရားကြီး ဦးတိလောက ဘိဝံသ တို့ ဆရာတော်ကြီး ဦးဥာဏိဿ         ရ      တို့ 
ဦးဆောင်ပြီး ဖွဲ့ စည်း ထားတဲ့ သံဃာထု အဖွဲ့ အစည်း ကို ဝေဖန်တာထက် ပိုတဲ့ စကားလုံး ကြမ်းကြမ်း ကြီးတွေ နဲ့ သုံးထား တာတွေ အများကြီး တွေ့ ရတယ်။ 


သီလ သမာဓိ ပညာ ကြီးကျယ် ခမ်းနားတဲ့ ပုဂ္ဂိုလ် ကြီးတွေကို မရိုမသေ မလေးမစားပြောဆိုနေကြ
တာတွေဟာ ဘယ်လောက်ထိ အပြစ်ကြီးမယ် လို့ ထင်ပါသလဲ ။


ဘုရားရှင် ကတောင် သံဃာ ကို အကြောင်း ညီညွတ်ရင် ကြည်ညိုလေးစားပါ....တဲ့


ကဲ..............
နဖူးပေါ် လက်တင် ပြီး စဉ်းစားကြစေ လိုပါတယ် ။ ဝေဖန်တာကို လက်ခံ ပါတယ် ။ မဘသ မဟန ရုံးချုပ်တွေ ရှိပါတယ် ။ ဝေဖန်စာ အကြံပြုစာ ပေးပို့ လို့ ရပါတယ် ။
 

ဆရာတော်ကြီးတွေ ကလည်း ရှင်းပြဖို့  အဆင်သင့် ရှိကြပါတယ် ။  အခုတော့ fb မှာ ဝေဖန်တာ ထက် ပိုတဲ့ အသုံး အနုန်းတွေ နဲ့  ပြစ်မှားနေလိုက်ကြတာ များ ဘုရား ဘုရား တောင် တမိ ပါရဲ့


အချိန်မှီ ပြင်ဆင်နိုင်ကြပါစေ.....

ဦးမြင့် ခိုင် စိတ်ပညာ 


No comments:

Post a Comment