Tuesday, June 23, 2015

အားနာမိပါတယ် အဖေ......




အားနာလိုက်တာ အဖေ....
 

 တေးသီချင်းတွေ အများစု ကလည်း
အမေ့ မေတ္တာဘွဲ့ တေးတွေ ၊
 

ကဗျာဆရာ အများစု ကလည်း
အမေ့ မေတ္တာဘွဲ့ တွေရေးလို့ ၊
 

online ပေါ်က ပုံအများ ကလည်း
အမေ့ မေတ္တာ ကို တင်စားကြတယ်
အားနာလိုက်တာ အဖေရယ်...............။


အမေ သားကို နို့ချို တိုက်ကျွေးသလို
အဖေ က ပုခုံးပေါ် ထမ်းပိုးပေးခဲ့တာ
 

အမေ သားကို ထမင်းကျွေးဖို့ အတွက်
အဖေ က ဆန်အိုး ထဲ ဆန်ဖြည့်ပေးခဲ့တာ
 

အမေ သားကို ကျောင်းပို့ပေးခဲ့ သလို
အဖေ က ပညာသင်ဖို့ ငွေရှာပေးခဲ့တာ
 

ဒါပေမယ့်...
အဖေ့ မေတ္တာတရား ကို ဖော်ကြူးကြတာ
ရှားပါးတယ်....
သနားလိုက်တာ အဖေရယ်...................။


အဖေ က အရက် သမား တစ်ယောက်လား
သား သမီး အတွက်ဆို
ဘဝ ကို စတေး ထားတယ်................။


အဖေ က နောက် အိမ်ထောင်နဲ့လား
ဒါပေမယ့်....
သား..သမီး အတွက် ဆို အလေးထားတယ်..............။


သား... သမီး ဆိုတဲ့ အတွေး
အိမ်ထောင်တစ်ခု အတွက် စီးပွားရေးနဲ့
မကောင်းမှန်း သိလျှက် နဲ့ လုပ်
ထောင်ထဲမှာ လည်း ငုတ်တုပ် အဖေတွေ က ဒု နဲ့ ဒေး...........။


 နေပူပူ မှာ ကုန်ထမ်းရင်း
လမ်းကြို လမ်းကြား ဆိုက်ကားနင်းနေရတဲ့ အဖေတွေ
ကြည့်တတ်ကြပါလေ....။
 

သူများနိုင်ငံ မှာ ကျွန် သဘောထား
ရွယ်တူ (သို့) ငယ်သူ က ခိုင်းစား ခံနေရတဲ့ အဖေတွေ
မြင်တတ်ကြပါစေ......။


 နေပူ မရှောင် မိုးရွာ မရှောင်မှာ
စီးပွား ကို ရှာနေကြ တဲ့ အဖေ့ ရဲ့ ကျောပြင် ကို
ကတ္တရာ လမ်း ခပ်မဲမဲ တွေ ကတောင်
ဟားတိုက်လို့ လှောင်ရီနေကြပေါ့ ၊



မိသားစု ကောင်းစားဖို့ အရေး
အဖေ့ ကို လောဘတွေ ကြီးတတ်အောင်
ဘယ်သူတွေ သင်ပေးခဲ့ သလဲ
တွေးတတ်ကြပါစေ
(သား..သမီးတွေ ပဲ အဖေ )...............။


အဖေ က စေတနာ နဲ့ ရိုက်တဲ့ ဒုတ်တစ်ချက်
သား ကိုယ်ပေါ်မှာ သွေးထွက် ခဲ့သလား
 

အမေ က ပြေးဖက် ထားလည်း
အဖေ က မျက်နှာလွှဲ ဘေးထွက် သွားတယ်

ဒါပေမယ့်...
ရင်ထဲ မှာ အသဲခိုက်အောင်တော့ အဖေ နာခဲ့ မှာပါ...............။
 

ဆန္ဒ အသွေး အသား အတွက်
အဖေတွေ ဖောက်ပြား သတဲ့ လို့ ပြောကြရင် ၊
 

ဆန္ဒ အသွေး အသား အတွက်
မိုက်မှား ခဲ့တဲ့
အမေတွေ ကလည်း တပုံ တပင်..............။


အဖေ ဟာ အဖေ ပဲ
အမေ ဟာ အမေ ပဲ
အဖေ့ နေရာ ရောက်မှ
အဖေ့ မေတ္တာ ကို ကိုယ်ချင်း စာတတ် ကြမှာလား....?


"တွေး" ကြပါ အဖေ့ အကြောင်း
"ဆို" ကြပါ အဖေ့ အကြောင်း
"ရေး" ကြပါ အဖေ့ အကြောင်း
 

အဖေ့ အချစ် နဲ့
ငါတို့ လည်း လူဖြစ်ခဲ့ကြတာပါ မိတ်ဆွေ တို့
 

တစ်ဖက်သတ် ဆန်တဲ့
အမေ့ ရဲ့ မေတ္တာဘွဲ့ တွေကို တွေ့နေသမျှ
အဖေ့ ကို သနားတတ်ကြမယ် ဆိုရင်ပေါ့................။
 

ကမ္ဘာ ပေါ်ရှိရှိ သမျှ အဖေများ အားလုံး ကျန်းမာ
ချမ်းသာကြပါစေ။ 


မိသားစု တာဝန် ကို လွယ်ကူ စွာ
ဆောင်ရွက်နိုင်ကြပါစေ။။။။
 


မှားယွင်း မှုများ ရှိသော အစဉ် သနားသော အားဖြင့်
သည်းခံ ခွင့်လွှတ်ပေးပါ ရန် ဦးခိုက်တောင်းပန် ပါသည်
ဆရာ အရှင်သုမြတ်များ ဘုရား.....





No comments:

Post a Comment