Sunday, June 14, 2015

ဆွဲထား လို့  မရတော့ဘူး

 ဦးမြင့် ခိုင် စိတ်ပညာ's photo.

 လူ တယောက်ပဲဖြစ်ဖြစ် နိုင်ငံ တနိုင်ငံပဲဖြစ်ဖြစ် ကံမကောင်းတဲ့ အချိန် နဲ့  ကံကောင်းတဲ့ အချိန်ဆို တာ ရှိပါတယ် ။ ကံမကောင်းတဲ့ အချိန် မှာတော့ ဘာပဲလုပ်လုပ် ဘယ်လိုပဲနေနေ အဆိုးတွေ ချည်းပဲဖြစ်ပေါ်လေ့
ရှိတယ် ။ ကံမလိုက်တဲ့ အတွက် ဥာဏ် နဲ့ ဝိရိယ အစွမ်းလောက်သာ အကျိုး ခံစားကြရတယ် ။
 

တိပ်တန်းရောက်တဲ့ အောင်မြင်မှု့ ဆိုတာ ဥာဏ်နဲ့ ဝိရိယ အပြင် ကံပါ ကောင်း ဖို့ လိုအပ်ပါတယ် ။ ဒါ့ကြောင့် ကံမရှိ ဥာဏ်ရှိတိုင်း မွဲ ဆိုတဲ့စကားပုံ ပေါ်လာရတာပါ ။

 လောက သဘာဝအရ အကောင်းတွေချည်း ကြုံတွေ့ နေရသူ ဟာ မကြာခင် အဆိုးတွေ လာတတ်ပါတယ် ။
အဆိုးတွေချည်း ကြုံတွေ့ နေရသူတွေ ဟာလည်း ကောင်းလာပြီ ဆိုရင် ဘယ်သူမှ မမှီတော့ပါဘူး။


အခု မြန်မာနိုင်ငံဟာ ကံမကောင်း ခဲ့တာ နှစ်ပေါင်း များစွာ ကြာခဲ့ ပါပြီ ဘာသာရေး လူမှု့ရေးစီးပွားရေး တွေ အပြင် အဆိုး ရွားဆုံးဖြစ်တဲ့ စိတ်ဓာတ်ရေးရာ ပါ ဆုတ်ယုတ် ခဲ့တာ မြင်နေတွေ့ နေရတဲ့ အတိုင်းပါပဲ
မရိုင်း သင့် ပဲ ရိုင်းနေကြတယ် မကြမ်းတမ်း သင့်ပဲ ကြမ်းတမ်းနေကြတယ် ။

တကယ်တော့ ဗုဒ္ဓ တရားတော်တွေ ရင်ထဲမှာ ကိန်းအောင်းနေ တဲ့ မြန်မာပြည်သူပြည်သားတွေ ဟာ အခြေ အနေဆိုး တခုကြောင့် ဖြစ်ချင်တိုင်း ဖြစ်နေကြတာပါ ။ မေတ္တာတရား အသိပညာ ကိုယ်ကျင့် တရားတွေ ဟာ လူတိုင်း ရင်ထဲမှာ ကိုယ်စီစောင့်ထိမ်းသင့်တယ် ဆိုတဲ့ အသိ ရှိပြီး သားတွေပါ ။


 မွေးလာ ကတည်းက မေတ္တာ တို့  ဂရုဏာ တို့  ဒါန တို့ သီလ တို့  ဆိုတဲ့ ဗုဒ္ဓတရား တော်တွေဟာ ရင်ထဲမှာ ကိန်းပြီးသားတွေပါ အခြေအနေ အရပ်ရပ်ကြောင့်သာ ဖေါ်ထုတ်ခွင့် မရကြတာပါ ။

အခု မြန်မာနိုင်ငံကြီး ဟာ ဗုဒ္ဓ တရားတော်တွေ ရဲ့ အရှိန်အဝါကြောင့် တကြော့ပြန် ထင်ပေါ် လာတော့
မှာ ပါ မြန်မာနိုင်ငံကြီး ကံကောင်းတော့ မှာပါ ဘယ်သူမှ မမှီအောင် ကို တိုးတတ်တော့မှာ ပါ


ကံမကောင်းတုန်း က ဘာလုပ်လုပ် မပေါ်လွင်ပေမဲ့ ကံကောင်းလာပြီ ဆိုရင်တော့ ဘယ်သူ မှ တားလို့ 
မရနိုင်တော့ပါဘူး ။ ဗုဒ္ဓတရားတော် ကို အဓိက မဏ္ဌိုင်ထားပြီး တိုးတက် လာတော့ မဲ့မြန်မာနိုင်ငံဟာ
ဘာသာရေး အပြင် စီးပွားရေး လူမှု့ရေး ပညာရေး အားကစား စတဲ့ အဘက်ဘက် ကနေ အရှိန် အဟုန် နဲ့ တိုးတက် လာတော့မှာပါ ။


မြန်မာနိုင်ငံ နဲ့ ပတ်သက် သမျှ အရာအားလုံး ဟာ ကမ္ဘာကြီး ကို ကိုင်လှုပ်တော့မှာပါ နိုင်ငံတို်င်း ကတန်ဘိုး ထားရတဲ့ အသိ အမှတ်ပြုပေးရမဲ့  အကြောင်း တရားတွေ ဟာ အများကြီးပေါ်လာ တော့မယ် ဆိုတာ ယုံထား လိုက်ကြ ။


တခုပဲ ရှိတယ် ကံကောင်းတယ် ဆိုပြီး  ပြည်သူတွေ ဘာမှ မလုပ်ပဲ ထိုင်မနေ ဖို့ ပဲ လိုအပ်တယ် ကံကောင်း လာပြီဖြစ်တဲ့ အတွက် ဥာဏ် နဲ့ ဝိရိယ စိုက်ပေးဖို့  ပြည်သူတွေ အိပ်နေရာ ကနေ နိုးကြပါတော့ လို့  ပြောချင် တယ် ။


 ဦးမြင့် ခိုင် စိတ်ပညာ

No comments:

Post a Comment