Monday, June 1, 2015

ဒုက္ခသည် အများစု မြန်မာနိုင်ငံ က မဟုတ် အိမ်နီးချင်းနိုင်ငံက သာဖြစ်ကြောင်း ထင်ထင် ရှားရှားေ ဆွးနွေးနိုင် ၍ သူတို့ သဘောပေါက်သွားကြပြီ

MOI Webportal Myanmar's photo.
MOI Webportal Myanmar's photo.
MOI Webportal Myanmar's photo.
MOI Webportal Myanmar's photo.



အဆိုပါ ကိစ္စနှင့် စပ်လျဉ်း ၍ အိန္ဒိယသမုဒ္ဒရာ အတွင်း တရား မဝင် ရွှေ့ပြောင်း သွား လာသူများ ဆိုင်ရာ အထူးအစည်းဝေး ကို မေလ ၂၉ ရက် တွင် ထိုင်းနိုင်ငံ ဗန်ကောက် မြို့၌ကျင်းပခဲ့ရာ အစည်းအဝေး တက်ရောက်ခဲ့ကြ သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့၏ ပြောကြား ချက်များ ကို ပြန်လည်ရေးသား တင်ပြ လိုက် ရ ပါသည်။

ဦးထင်လင်း
ခေတ္တညွှန်ကြားရေးမှူးချုပ်
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း
များနှင့် စီးပွားရေးဦးစီးဌာန
***********************************
ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ မေလ ၂၉ ရက်နေ့မှာ အိန္ဒိယ သမုဒ္ဒရာအတွင်း တရားမဝင် ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ ဒေသတွင်း အစည်းအဝေးကို ကျွန်တော်ဦးဆောင်ပြီး တက်ရောက် ခဲ့ပါတယ်။
တက်ရောက်တာကိုကလည်း ပင်လယ်တွင်းမှာ လှေစီးဒုက္ခသည် တွေ ရှိနေတဲ့ အချက် ကို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့အတူ စိုးရိမ်ပူပန် တယ်၊ သူတို့ အတွက် ကယ်ဆယ် စောင့်ရှောက်မှုလုပ်ငန်းတွေ ဘယ် လိုများ တိုးတက်အောင် လုပ်လို့ရ မလဲဆိုတဲ့ရှုထောင့်အရ တာဝန်သိ တဲ့နိုင်ငံ တစ်နိုင်ငံအနေနဲ့ တက် ရောက်တာလည်း ဖြစ်ပါတယ်။ 
အစည်းအဝေးမှာ ရလဒ်နှစ်ခု ပေါ်ထွက်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ သုံးသပ်တင်ပြရရင်တော့ အရင်တုန်းက လှေစီးဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ကနေပြီး အစပြု တယ် လို့ စွပ်စွဲပြောဆိုနေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဘက်က သတင်းတွေ နိုင်ငံ တကာကို ကျယ် ကျယ်ပြန့်ပြန့် မရောက်နိုင်တဲ့အတွက် သူတို့က ယုံကြည်နေတဲ့ သဘောတွေ ရှိပါတယ်။ ဒီအစည်းအဝေးမှာတော့ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံ သားမဟုတ်ဘူး၊ အိမ်နီးချင်းနိုင်ငံ တစ်ခု ကသာဖြစ်တယ်လို့ ထင်ထင် ရှားရှားဆွေးနွေးနိုင်ခဲ့လို့ သူတို့ သဘောပေါက် သွားခဲ့ကြပါပြီ။
နောက်ပြီး လူသားချင်းစာနာ ထောက်ထားမှုအရသာ ယာယီ ကယ်ဆယ် ထားခြင်းဖြစ် တယ်။ ရေရှည် လက်ခံထားဖို့မရှိဘူးဆိုတာကို သူတို့ သိအောင် ထင်ထင်ရှားရှားပြောနိုင်ခဲ့ ပါတယ်။ ရှေ့လျှောက် လှေစီးဒုက္ခ သည်တွေ ထွက် မလာအောင်၊ လူမှောင်ခိုကူးမှု လုပ်နေတဲ့သူတွေကို ထိထိရောက်ရောက် ပိတ်ပင်တားဆီး အရေးယူကြမလဲ ဆိုတာတွေကို ဆွေးနွေးနိုင်ခဲ့ပါတယ်။
လူကုန်ကူးမှု တွေကိုအရေးယူမယ်၊ သတင်းအချက် အလက်တွေကို ဘယ်လိုဖလှယ်ကြ မလဲဆို တာကို မြန်မာကိုယ်စားလှယ် အဖွဲ့ကို အဆိုပြုဆွေးနွေးကြ တယ်။လူမှောင်ခိုကူးတဲ့ သူတွေ ရဲ့ ဖြား ယောင်း သွေးဆောင်မှုတွေကြောင့် အပြစ်မဲ့တဲ့သူတွေ ဘယ်လို ဒုက္ခ ရောက်ကြသလဲဆိုတာ ကျယ်ကျယ် ပြန့်ပြန့်သိဖို့အတွက် မီဒီယာကနေ တစ်ဆင့် အသိပေးခြင်းတွေလုပ်ဖို့ လိုအပ်တယ် လို့လဲ ဆွေးနွေးခဲ့ကြ ပါတယ်။
မီဒီယာကနေ အသိပေးတယ် ဆိုတာကလည်း လူမှောင်ခိုကူးတဲ့သူ တွေကို ဘယ်လိုအပြစ်ပေးတယ်၊ လူ ကုန်ကူးခံရတဲ့သူတွေကလည်း ဘယ်လို ဒုက္ခရောက် တယ် ဆိုတာ သိအောင် ဆောင်ရွက်ရမယ် ဆိုတာဖြစ်ပါ တယ်။ နောက်တစ်ချက်ကတော့ တရားမဝင် အလုပ်သွားလုပ်ကိုင်တဲ့ သူတွေ ကို စေလွှတ်တဲ့နိုင်ငံကရော၊ လက်ခံတဲ့ နိုင်ငံကပါ အစီအစဉ်တွေကို အခုထက်ပိုပြီး ဆောင်ရွက် သင့် တယ်လို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။


ရဲမှူးချုပ်ဝင်းနိုင်ထွန်း၊ တပ်ဖွဲ့မှူး၊
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့
********************************
ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဟာ လှေစီးဒုက္ခသည်တွေရဲ့ မူရင်းနိုင်ငံ မဟုတ်ဘူးဆိုတာရယ်၊ Transit နိုင်ငံသာ ဖြစ်တယ်ဆိုတာရယ်ကို ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ရှင်းပြနိုင်ခဲ့ပါတယ်။
တိုက်ရိုက်ပတ်သက်နေတဲ့ နိုင်ငံ အချင်းချင်းကြားမှာ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက် ဆောင်ရွက်နိုင်မယ့်အစီအစဉ်တွေကို ဆွေးနွေးနိုင်ခဲ့ကြတယ်။ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေ၊ ပင်လယ်ပြင် ရောက်သူတွေ ကို ချက်ချင်းကာကွယ် ပေးဖို့တွေ၊ လိုအပ်သလို ပူးပေါင်း ဆောင်ရွက်ဖို့တွေ၊ သတင်းအချက် အလက်ဖလှယ်ကြဖို့တွေ၊ လူမှောင်ခို ကူးမှုပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းသွား လာမှုတွေနဲ့ပတ်သက်ပြီး ကာကွယ် တားစီးဖို့တွေကို အဓိကဆွေးနွေး နိုင်ခဲ့ကြပါတယ်။
‘ဒါကြောင့် ဒေသ တွင်း နိုင်ငံတွေအတွက်များစွာအကျိုး ရှိတဲ့ အစည်းအဝေး လို့ ပြောလို့ရပါ တယ်။
ကျွန်တော်တို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေနဲ့ လည်း အိမ်နီးချင်းနိုင်ငံတွေနဲ့သာမက ဒေသတွင်းနိုင်ငံတွေနဲ့ပါ ပိုမို ပူးပေါင်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။


ဦးမိုးဟိန်း
ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
*******************************
ဒီအစည်းအဝေးကို မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်တာ အများကြီးကောင်းပါတယ်။ အစည်း အဝေးမှာ နိုင်ငံပေါင်း ၁၇ နိုင်ငံပါဝင် ပြီး အမေရိကန်၊ ဆွစ်ဇာလန်နဲ့ ဂျပန် နိုင်ငံတွေကလေ့လာသူအဖြစ် တက် ရောက် ပါတယ်။ ကုလသမဂ္ဂအဖွဲ့ အစည်းတွေလည်း တက်ရောက်ကြ ပါ တယ်။ လှေစီးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကစွပ်စွဲသလို သူတို့ဟာ မြန်မာနိုင်ငံက ညှင်းပန်း နှိပ်စက်လို့ ထွက်ပြေးလာကြသူတွေ မဟုတ်ဘူးဆိုတာ သက်သေ အထောက်အထားတွေနဲ့ ရှင်းပြနိုင် ခဲ့တယ်။
ဒီလို ရှင်းပြနိုင်ခဲ့တဲ့အတွက် လှေစီးဒုက္ခသည်တွေဟာ မြန်မာ နိုင်ငံက မဟုတ်ဘူးဆိုတာ ကမ္ဘာက သိသွားတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဆောင်ရွက်ချက်တွေ ကိုလည်း ရှင်းပြဆောင်ရွက်နိုင် ခဲ့ပါတယ်။ နောက်ပြီး လှေစီး ဒုက္ခသည်တွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံရဲ့ သဘောထားနဲ့ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက် မယ့်အစီအစဉ်တွေကိုလည်း ရှင်းပြ နိုင်ခဲ့တယ်။
တကယ်တော့ လှေစီးဒုက္ခသည်ကိစ္စဖြစ်ပေါ်လာတာဟာ လူပွဲစားတွေ၊ လူမှောင်ခိုဂိုဏ်းတွေက ခေတ်သစ် ကျေးကျွန်သဖွယ် ရောင်းဝယ်မှုတွေ လုပ်ဆောင်နေတဲ့ အတွက် အားလုံးက ဝိုင်းဝန်း တားဆီးရမှာဖြစ်ပါတယ်။ ပင်လယ် ပြင်မှာရှိတဲ့လူ မှောင်ခိုလမ်းကြောင်း တွေမှာ ချိတ်ဆက်နေ တဲ့နိုင်ငံတွေ အားလုံးက ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်ပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရခိုင် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လည်း အထူးအလေး ထား ဆောင် ရွက်နေပါတယ်။ အများနည်းတူ စိုးရိမ်ပူပန်မှုတွေ လည်း ရှိပါတယ်။
လှေစီးဒုက္ခသည်တွေကို ရှာဖွေကယ်ဆယ်မှုတွေလုပ်နေပါတယ်။ မေလ ၂၁ ရက်နေ့မှာတော့ လှေစီးဒုက္ခသည် ၂ဝ၈ ဦးပါတဲ့ လူမှောင်ခိုစက်လှေနှစ်စင်းကို ရှာဖွေတွေ့ရှိကယ်ဆယ်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီတွေကို အမြန်ဆုံးဆောင်ရွက်ပေးခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်သွားရောက်ပြီး ယာယီလက်ခံနေရာ ချထားမှုတွေ ဆောင်ရွက် ပေးခဲ့တာပါ။ ပြီးတော့ အဆင့်ဆင့်စိစစ်မှုတွေလုပ်ပြီး သက်ဆိုင်ရာ မူရင်း နိုင်ငံတွေ ကို ပြန်လည်လွှဲပြောင်း စေလွှတ် သွားဖို့ ဆောင်ရွက်နေပါတယ်။


ဦးတင်ချယ်၊ ညွှန်ကြားရေးမှူး
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန
*********************************************************
ဒီအစည်းအဝေးမှာ ဒေသတွင်းနိုင်ငံအားလုံးမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စ ဖြစ်တဲ့ လှေစီးဒုက္ခသည်ကိစ္စကို တက်ရောက်လာတဲ့ နိုင်ငံတွေက အမြင်မျိုးစုံ နဲ့ ဝိုင်းဆွေးနွေးကြပါတယ်။ အဓိက သက်ဆိုင်တဲ့နိုင်ငံတွေက ဒါမျိုးတွေ နောင်မဖြစ်ဖို့ ဘယ်လိုကာကွယ်သင့်တယ်၊ ဘယ်လို ပူးပေါင်းဆောင်ရွက် သင့်တယ်ဆိုတာတွေ ဆွေးနွေးကြပါတယ်။
လက်ရှိပင်လယ်ထဲမှာရှိတဲ့ လူတွေကိုလည်း ၎င်းတို့နေရပ်မပြန်မီ လိုအပ်တဲ့အထောက်အပံ့တွေကို ဆက်လက်ကူညီဖို့ ပြောပါတယ်။
တက်ရောက်လာတဲ့ နိုင်ငံတွေရဲ့ ဆွေးနွေးချက်တွေထဲမှာ အရင်က ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီကို ဖိနှိပ်ချုပ်ချယ်လို့ အခုလို လှေစီးဒုက္ခသည်အဖြစ် အခြားနိုင်ငံတွေကို ထွက်ပြေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို မတွေ့ရတော့ဘူး။
ကျွန်တော်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း စွပ်စွဲလာရင် ပြန်လည်ချေပ ဖို့ သေသေချာချာစီစဉ်သွားတာပါ။ နောက်ပြီးတော့ ပင်လယ်ပြင်ထဲ က လှေစီးဒုက္ခသည်တွေ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်တယ်ဆိုတာ အစည်းအဝေးအဖွင့်မှာကိုက မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အထောက်အထားနဲ့ အခိုင်အမာပြောခဲ့ပါ တယ်။ နိုင်ငံတကာ ကလည်း သေချာ သိသွားတော့ စွပ်စွဲမှုတွေ မရှိတော့ပါဘူး။
နောက်တစ်ခုက အစည်းအဝေးရဲ့ ရလဒ်ကို Statement လို့ သုံးချင် ကြတယ်။
ဒါဟာနိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီဘူးဆိုတာကိုလည်း အဖွဲ့ ခေါင်းဆောင် က ထောက်ပြဆွေးနွေးနိုင်ခဲ့တဲ့အတွက် နောက်ဆုံး Summary လို့ဆိုပြီး ပြောင်း သုံးခဲ့ တာက လည်း မြန်မာနိုင်ငံရဲ့အောင်မြင်မှုလို့ ပြောလို့ ရပါတယ်။
မြန်မာနိုင်ငံက အဓိကဆွေးနွေးတဲ့အချက်(၃)ချက်ဖြစ်တဲ့ ပင်လယ် ပြင်ထဲ က လှေစီးဒုက္ခသည်တွေ ကို လူသားချင်းစာနာစွာ ကယ်ဆယ်စောင့် ရှောက်ရေး၊ နောင်ဒီလိုမဖြစ်စေရန် တားဆီး ကာကွယ်ရေး အတွက် နိုင်ငံ အားလုံးပူးပေါင်းဆောင်ရွက်ရေး၊ အဓိကအကြောင်း အရင်းဖြစ်တဲ့ (Root Cause) ကိုဖော်ထုတ်ပြီး êကြိုတင်ကာကွယ်ရေး တို့ ကိုဆွေးနွေးခဲ့ပြီး မြန်မာ နိုင်ငံက လက်ရှိကာကွယ်တားဆီးနေတဲ့ အခြေအနေတွေ၊ သတင်းအချက် အလက်ဖလှယ်ရေးလုပ်ငန်းတွေနဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို အကြံပြုချက်ပေးနိုင်ခဲ့ ပါတယ်။
 နောက်တစ်ခု က အရင်က မြန်မာနိုင်ငံကို မူရင်းနိုင်ငံ ဆိုပြီး ပြောဆိုမှုတွေအပေါ် အခုဆွေးနွေးချေပနိုင်ခဲ့မှုကြောင့် Transit Country ပုံစံမျိုးတွေ ပြောဆိုလာတာတွေ့ရပါတယ်။


ဒေါ်ယုယုဆွေ၊
ညွှန်ကြားရေးမှူး၊
လူမှုဝန်ထမ်းဦးစီးဌာန
***********************
ဒီ အစည်းအဝေးမှာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေး တာ တွေရှိပါတယ်။
ကျွန်မတို့ဝန်ကြီးဌာနဟာ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဗဟိုအဖွဲ့ရဲ့ လုပ်ငန်းအဖွဲ့တစ်ခုဖြစ်တဲ့ ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ကို တာဝန်ခံ ဆောင်ရွက်တာဖြစ်လို့ ဝန်ကြီးဌာနလုပ်ငန်းတွေကို ထည့်သွင်းဆွေးနွေးနိုင်ဖို့ အဖွဲ့ခေါင်းဆောင်ကိုပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
‘ဒီဆွေးနွေးပွဲမှာလှေစီးဒုက္ခသည် တွေဟာ မြန်မာနိုင်ငံက မဟုတ်ဘူးဆိုတာကို အချက်အလက်နဲ့ ဆွေးနွေးနိုင် ခဲ့တဲ့ အတွက် အောင်မြင်တယ် လို့ပြောလို့ရပါတယ်။


From...  MOI Webportal Myanmar


No comments:

Post a Comment