Tuesday, June 23, 2015

ဆေးလိပ် ဖြတ်လိုက်သော အခါ



အမေရိကန် ကင်ဆာ ကာကွယ်ရေး အသင်း က သုတေသနပြုချက် အရ လူတယောက် ဆေးလိပ်ဖြတ် လိုက်သော အခါ ၄င်း၏ ခန္ဓာကိုယ် တွင် အောက်ပါ အတိုင်း အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာသည် ကို တွေ့ရသည်။

၁။ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀-အကြာဝယ်
(က) အနည်းငယ် တိုးနေသော သွေးဖိအား သည် ပုံမှန်သို့ ပြန်ရောက်သွား သည်။
(ခ) သွေးခုန်နှုန်း မှာ ပုံမှန် သို့ ပြန်ရောက်သွားသည်။
(ဂ) သွေးလှည့်မှု နှေးသောကြောင့် မသိမသာအေးနေသော ခြေ၊ လက်တို့ ၏ အပူချိန်သည် ပုံမှန် သို့ ပြန်ရောက် လာသည်။


၂။ ဆေးလိပ်ဖြတ်ပြီး ၈-နာရီ အကြာဝယ်
(က) ဆေးလိပ်ကြောင့် သွေးထဲရောက်နေသော ကာဗွန်မိုနော့ဆိုက် ဓာတ်များ လျော့ကျ သွားသည်။
(ခ) သွေးတွင်း ၌ လှည့်လည်နေသော အောက်ဆီဂျင် ပမာဏသည် မြင့်တက်လာသည်။


၃။ ဆေးလိပ်ဖြတ်ပြီး ၂၄-နာရီ အကြာဝယ်
(က) နှလုံး ရုတ်တရက် ဖော်ပြန်ခြင်း Heart Attack ဖြစ်နိုင်ခြေ သိသာစွာ ကျဆင်း သွားသည်။


၎။ ဆေးလိပ်ဖြတ်ပြီး ၄၈-နာရီ အကြာဝယ်
(က) ဆေးလိပ် မီးခိုးသွားရာ လမ်းဖြစ်သော အသက်ရှူ လမ်းကြောင်းတ လျှောက်၌ရှိသော အာရုံခံ နဗ်ကြော များ ပြန်လည် အလုပ်လုပ် ရှင်သန် လာကြသည်။အနံ့ခံ အာရုံ ပိုမို တိုးတက်လာသည်။
(ခ) လမ်းလျှောက် ရာတွင် ပိုမို ၍ သက်လုံကောင်းလာသည်။


၅။ ဆေးလိပ်ဖြတ်ပြီး ၂-ပတ်မှ ၃-ပတ်အကြာဝယ်
(က) ခန္ဓာကိုယ် တွင်း သွေး လှည့်ပတ်မှု တိုးတက် လာသည်။
(ခ) အဆုတ် ၏ လုပ်ငန်းသည် အထူး တိုးတက် လာပြီး အသက်ရှူရသည် မှာ အဆင်ပြေ ကောင်းမွန် လာ သည်။






၆။ ဆေးလိပ်ဖြတ်ပြီး ၁-လ မှ ၉-လ အကြာဝယ်
(က) ချောင်းဆိုး သက်သာ ပျောက်ကင်းသည်။
(ခ) အသက်ရှူရ ခက်ခြင်း၊ နုန်းခြင်း တို့ သက်သာပျောက်ကင်းပါသည်။
(ဂ) နှာခေါင်း တွင် အမှေးပါး များ ကျန်းမာ လာ၏။
(ဃ) အသက်ရှူလမ်းကြောင်း နံရံ များ တိုးတက် ကျန်းမာ လာ၍ ချွဲ ရှိက ကောင်းစွာ ဟတ်ထုတ်နိုင်ပြီ။
(င) အဆုတ်သည် ရောဂါပိုးဒဏ် ကို ခံနိုင်ရည် ရှိပြီး ကာကွယ် လာနိုင်သည်။


၇။ ဆေးလိပ်ဖြတ်ပြီး ၁-နှစ် အကြာဝယ်
(က) နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ သည် ဆေးလိပ်သောက်သူနှင့် စာသော် ထက်ဝက် သာ ရှိတော့ကြောင်း သိရသည်။



Credit to ဒေါက်တာထွန်းဝင်း


သုတဇုန်



No comments:

Post a Comment