Tuesday, June 9, 2015

ကလေးတွေ အပေါ် ဖုန်းနဲ့ကွန်ပျူတာ ရဲ့ သက်ရောက်မှု


Electronic Devices for the children | Yangon Life

ဖုန်းနဲ့ ကွန်ပျူတာ စတဲ့ လျှပ်စစ် ပစ္စည်းတွေ ဟာ အသွားနှစ်ဖက်ပါ ဓါး လိုပဲ ကလေးတွေ အတွက် ကောင်း ကျိုး နဲ့ဆိုးကျိုး ကို တပြိုင်နက်တည်း ဖြစ်စေပါတယ်။ ကလေးတွေ ကို ခေတ်မီ နည်းပညာတွေ နဲ့ မိတ် ဆက်ပေး တာဟာ ကောင်းပေမဲ့ ကလေးတွေက အသည်းအသန် စွဲလမ်း သွားတတ်တာကြောင့် ဆိုးကျိုးတွေ လည်း ရှိလာတတ်ပါတယ်။ 

ဒါကြောင့် မိမိ ရဲ့သားသမီးတွေ ကို ခေတ်မီ လျှပ်စစ် ပစ္စည်းတွေ ၀ယ်ပေးတဲ့ အခါ ချင့်ချိန် မျှတစွာ သုံး တတ်အောင် ထိန်းနိုင် ဖို့ ကောင်းကျိုး ဆိုးကျိုးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

ကောင်းကျိုး (၁) အမြဲ ဆက်သွယ်နိုင်ခြင်း
သင့် ကလေး ကို ဖုန်း တစ်လုံးပေးထား လိုက်ခြင်း အားဖြင့် အချိန် မရွေး ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့နိုင်ပြီး သူ ဘယ်နေရာမှာ ဘာလုပ်နေလဲ သိနိုင်တဲ့ အတွက် စိတ်အေး ရမှာဖြစ်ပါတယ်။ မိဘ က အလုပ်သွား၊ သားသမီးတွေ က ကျောင်းသွား နဲ့ အချိန်ကြာကြာ အတူ မရှိနိုင်ကြတဲ့ ဒီခေတ်မှာ မိဘ နဲ့ကလေးကြား ဖုန်းနဲ့ဆက်သွယ်နိုင်ခြင်းဟာ သိပ်ကို အဆင်ပြေတဲ့ နည်းပါပဲ။ 

ဒါ့အပြင် အန္တရာယ် တစ်စုံတရာ ရှိလာခဲ့ရင် လည်း ချက်ချင်း အဆက်အသွယ် ရနိုင်တဲ့အပြင် အခုခေတ် ဖုန်းတော်တော် များများ မှာ GPS စနစ် ထည့်ထားနိုင်တဲ့ အတွက် GPS ကို သုံးပြီး ရှာရလည်း လွယ်ကူစေ မှာဖြစ်ပါတယ်။


ကောင်းကျိုး (၂) မျက်စိအေး နားအေးနေရခြင်း
ဖုန်း ဒါမှမဟုတ် Laptop ကွန်ပျူတာ နဲ့ သုံးလို့ ရတဲ့ စိတ်ဝင်စားဖွယ် ရာတွေ အများကြီးရှိနေပါပြီ။ ဆွဲဆောင် မှုကောင်းလွန်း တဲ့ online game တွေ၊ offline game တွေ အပြင် သီချင်း၊ ဗွီဒီယိုတွေ အစုံကြည့်ရှုနိုင်ပြီး အင်တာနက် ကိုလည်း အလွယ်တကူ သုံးနိုင်တဲ့ အတွက် ကလေးတွေဟာ စိတ်ဝင် တစားငြိမ်နေတတ် လို့ မျက်စိအေး နားအေး နဲ့ ထိန်းရ လွယ်တတ်ပါတယ်။


 ကောင်းကျိုး (၃) ဗဟုသုတ များစွာ ရရှိခြင်း
ဟိုး အရင် က ကလေးအများစု ဟာ မိဘ၊ နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတွေ ဆီကနေ ပြင်ပ ဗဟုသုတတွေ သင်ယူ ကြရပြီး မိမိ ၀ါသနာပါရာ တစ်ခုခုကို စွဲမြဲလေ့လာ ဖို့ ဆည်းပူး စရာ ရှားပါး ခဲ့ကြပါ တယ်။ ယခုလို ဖုန်းတွေ၊ ကွန်ပျူတာတွေ ရှိလာတဲ့ခေတ်မှာ စိတ်ဝင်စား ဖွယ်ရာ လေ့လာ စရာတွေ အများကြီး ရှိလာတဲ့ အပြင် ၀ါသနာ ရာကို အလေးပေးလေ့လာ လိုရင်လည်း စုံလင်လှပါတယ်။ 

ဥပမာ - ကွန်ပျူတာ နဲ့စစ်တုရင် ထိုးနိုင်ခြင်း၊ အွန်လိုင်း မှ အင်္ဂလိပ်စာလေ့ကျင့်ခန်း များကို လုပ်နိုင်ခြင်း၊ ငှက်ရုပ်ခေါက် ပန်းချီဆွဲ စတဲ့ လက်မှု အနုပညာတွေ လေ့လာနိုင်ခြင်း စတဲ့ လေ့လာမှုတွေ အများကြီးလုပ်နိုင် ပါတယ်။ ဒါ့ အပြင် ၀တ္တု တိုများ၊ ၀တ္တုရှည် များကိုလည်း အွန်လိုင်းမှာ ဖတ်ရှုနိုင်တဲ့ အပြင် ဂီတ အမျိုး အစားများ စွာ ကိုလည်း လေ့လာ နားဆင်နိုင်ပါတယ်။

ဆိုးကျိုး (၁) ကိုယ်လက် လှုပ်ရှားမှုတွေ နည်း သွားခြင်း
ဖုန်းတွေ၊ ကွန်ပျူတာတွေ ဟာ ကလေးတွေ ကို လွှမ်းမိုးနိုင်တဲ့ အင်အား အကြီးဆုံး အရာတွေပါပဲ။ အိပ်ဖို့ စားဖို့မေ့တဲ့ အထိ ကစားဖို့မေ့တဲ့ အထိ စွဲလမ်း သွားပြီး ဒါကိုပဲ တချိန်လုံး ထိုင်သုံးနေတတ် ကြပါတယ်။ ငယ်ငယ် ရွယ်ရွယ် နဲ့ဇက်ကြော တက်ခြင်း၊ ခန္ဓာကိုယ် ကိုက်ခဲခြင်း၊ အ၀လွန်ခြင်း တို့ဖြစ် တတ်တဲ့ အပြင် သက်လုံ မကောင်းတော့ ပဲမောပန်းလွယ်ခြင်း၊ သန်မာထွားကျိုင်းမှု ရပ်တန့်သွားခြင်း တို့လည်းဖြစ်နိုင် ပါတယ်။

ဆိုးကျိုး  (၂) အာရုံကြောညောင်းညာ အားနည်းခြင်း
နားကျပ် တပ်ပြီး နားစည်တွေ ကိုပျက်စီးစေလောက်တဲ့ အထိ အသံ ကျယ်ကျယ် ဖွင့်ကာ သီချင်းနားထောင် ၊ဗွီဒီ ယိုကြည့်တတ်ကြပါတယ်။ ဖုန်း (သို့) ကွန်ပျူတာ ထဲက တစ်ခုခု ကို အရမ်း စိတ်ဝင်စားလာတဲ့ အခါ မျက်တောင် ခတ်ဖို့တောင် မေ့သွား တတ်လို့ မျက်စိ သာမက အာရုံကြောတွေ ပါ ညောင်းညာ ကိုက်ခဲ လာနို င် ပါတယ်။ 

တချိ့ကလေးတွေ ဟာ အာရုံကြောတွေ ညောင်းညာ ပင်ပန်းလွန်းလို့ လမ်းလျှောက်ရင်း ဗိုင်းကနဲ လဲကျ သွားခြင်း၊ အလိုအလျောက် သတိလက်လွတ် အိပ်ပျော်သွားခြင်း တို့တောင် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်ကလေးတွေ ကို ဖုန်း၊ ကွန်ပျူတာ သုံးချိန်တွေ ကန့်သတ်ပေးသင့်ပြီး အလွန်အကျွံ သုံးခြင်းရဲ့ ဆိုးကျိုး ကိုလည်း ပြောပြထားသင့်ပါတယ်။

ဆိုးကျိုး (၃) မသင့်တော်တာတွေ ကို မြင်တွေ့သွားနိုင်ခြင်း
ဖုန်းတွေ ကွန်ပျူတာတွေ နဲ့ အင်တာနက် သုံးရင်း မတွေ့မမြင် သင့်တာတွေ ကို လက်ဆင့်ကမ်း မျှဝေ ရင်း ဖြစ်စေ၊ မိမိ ဘာသာ ရှာဖွေရင်းဖြစ်စေ တွေ့ရှိသွားနိုင်ပါတယ်။ ကလေးတွေ ကို မဖွယ် မရာပြုလုပ်ရန် ဖျားယောင်း သူတွေ ကလည်း အင်တာနက် ကနေ ၀င်ရောက် လာတတ်တဲ့ အတွက် အန္တရာယ် အရမ်းများပါ တယ်။ 

ဒါကြောင့် မိဘတွေ အနေနဲ့ ကလေးတွေ အင်တာနက် သုံးနေချိန် မှာ မလှမ်းမကမ်း ကနေ အကဲခတ်ပေး သင့်တဲ့ အပြင် မကြာခဏ လည်း မေးမြန်းပြီး အတူတူ သုံးတဲ့အခါ လည်းသုံးပေးသင့် ပါတယ်။


 http://www.searchmyanmar.com/link/frame/cid/51015


No comments:

Post a Comment