Thursday, September 16, 2021

ကိုယ့်အတတ် ကိုယ်စူး

 


ကိုယ့်အတတ် ကိုယ်စူး 

                           Self entrapment 


မြန်မာ့စကားပုံ တွင် သတိပေးစကား အတော်များများ ထားရှိခဲ့သည်ကိုတွေ့ရသည်၊ ရှေးလူတို့ 

တာဝန်ကြေ၏။

   လည်လွန်းတဲ့ဘီး ချေးနင်း

   ကိုယ့်အတတ်ကိုယ်စူး 

   ပန်းတိမ်မတတ် ရွှေခိုးတတ်..... စသည်ဖြင့်။


နိုင်ငံအဆင့်နိုင်ငံရေးသည် အန္တရာယ်ကြီးလှ၏ ကမ္ဘာတွင် ချေးသင့်ခဲ့သော အလယ်လွန် ဘီးများစွာရှိခဲ့ဘူးသည် ။ ဘုရင့်မြတ်နိုးမှုကို အခွင့်ယူ၍ အလယ်လွန်သောနန်းမတော် မယ်နု နောက်ဆုံး နိဂုံးချုပ်မလှရခြင်းမျိုး သည် တစ်နင့် တစ်ပိုး သင်္ခန်းစာဖြစ်သည် ။


  ဝင်္ကပါသို့သော နိုင်ငံရေး

       Politics likes labyrinth.


နိုင်ငံရေးသည် ဝင်္ကဘာတစ်ခုကဲ့သို့ ရှိသည် ။ တစ်ဆင့်ချင်း တက်လာလေ... ဝင်္ကဘာတွင်းသို့ရောက်လေသဘောဖြစ်လာသည်၊ အမြင့်ဆုံးအဆင့်ရောက်လျင် ဝင်္ကဘာ အလယ်သို့ရောက်နေပြီဟု ယူဆနိုင်သည်၏ ။


Monday, September 6, 2021

အော်တို ဂီယာ အသုံးပြုသူများ တောင်တက်ရန်အတွက်

 


အော်တို ဂီယာအသုံးပြုသူများ မြင့်မားသော တောင်အတက်များတွင် အဲယားကွန်း မဖွင့်ပါနှင့်၊

တောင်တက်ရန် အတွက် Second ဂီယာဖြစ်သော S, 2 တို့ဖြင့်သာ တောင်တက်ပါ ။


D သာပါသော အော်တိုကားများတွင် Manual ပြောင်း၍ တက်သင့်ပါသည် ။ 

ဒီဇယ် Pickup ကားများနှင့် Manual ဂီယာသုံး အိမ်သုံး ကားငယ်များတွင် ဂီယာကို ကြိုဒေါင်းပါ ။ 


မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါက Manual ဂီယာကားများတွင် ကလပ်ပလိတ်ပြား မျက်နှာပြင်များ

ချော်တတ်ပါသည် ။ မြင့်မားသော တောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ Manual ဂီယာဖြစ်စေ...

ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့် အနည်းဆုံးဆင်းပါ ။ 


အဆင်းရှည်သော တောင်ဆင်းများတွင် ဂီယာအသေးဖြစ်သော 3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အား

ကြာရှည်စွာ မှေးထားပါက  တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည် ။ 


ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာ မမိတော့ပါ ။ ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲ ဂီယာဖြင့်ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့်နားလိုက်ပါက ဘရိတ် နဂိုကဲ့သို့ အပေါ်ပြန်တက်ကာ ကောင်းသွားပါလိမ့်မည် ။ 


Saturday, January 9, 2021

ကွမ်းသီးများကို ဓါတုဆေးသုံးပြီး ရောင်းချနေခြင်း

 



ကွမ်းသီး များကို ဓာတု ပစ္စည်းများဖြင့် ပြုပြင်ထားသဖြင့် စားသုံး သူများ အသက်သေဆုံးသည် အထိ အန္တရာယ်ရှိနေကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။


အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲမှု ဦးစီးဌာနသည် ရန် ကုန် မြို့ ရှိ ဈေးကြီးငါးခု၌ လိုက် လံစစ်ဆေးရာတွင် ကွမ်းသီး အပါ အ၀င် အခြားစားသောက်ကုန် ခြောက်မျိုး၌ စားသုံးရန် အန္တ ရာယ် ရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ် သည်။


ရန်ကုန်မြို့ ညောင်ပင်လေး ဈေး၊ ပုဇွန်တောင်ဈေး၊ စံပြငမိုး ရိပ် ဈေး၊ သိမ်ကြီးဈေးနှင့် သီရိ မင်္ဂလာဈေးများတွင် စစ်ဆေးခဲ့ ခြင်းဖြစ် ရာ ကွမ်းသီးများ၌ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် ပါဝင်မှု မြင့်မားနေ သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။


ဒီဓာတ်က အရမ်း အန္တရာယ်များတယ်။ ၀မ်းသွားမယ်။ အသက်ရှူ ကျပ်မယ်။ သွေးပေါင်ကျမယ်။ မူးဝေမယ်။ ပန်းနာရင်ကျပ်ဖြစ် စေနိုင် တယ်။ အခန့်မသင့်ရင် ရှော့ရိုက်ပြီး အသက်ဆုံးနိုင် တယ် ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ ဇင်ဇင်နွယ်က ပြောသည်။


ကွမ်းသီးကို ပေါင်းရာတွင် ဓာတ်ပုံ ဖလင်ချွတ်သည့်ဆေးဖြင့် တစ်ည စိမ်ပြီးနောက် ပြန်လည်ရေ ဆေးကာ ကွမ်းသီးပေါင်းဖို ထဲတွင် ထည့်၍ ကန့်ကို မီးရှို့ကာ အငွေ့ရိုက်ရသည်။ 


ထိုသို့ တစ်ညတာပေါင်းပြီးလျှင် ဈေးကွက်သို့ တင်သွင်း ရောင်းချနိုင် သည်ဟု မြောက်ဥက္ကလာပမြို့နယ်မှ ကွမ်းသီးဖိုလုပ် ငန်းရှင် တစ်ဦးက ပြောသည်။


ကွမ်းသီးပေါင်းတဲ့ ဆာလ ဖာပမာဏက သတ်မှတ်ထားတာ မရှိဘူး။ ကွမ်းသီးပေါင်းရင် အရမ်း အန္တရာယ်များလို့ တံခါးအလုံ ပိတ် ထားရတယ်  ..  ဟု ၎င်းက ဆက် လက်ပြောသည်။


                                                               


ဘုရားဂုဏ်တော် များများပွားပါ

 



နေ့စဉ်နေ့စဉ် ဘုရားဂုဏ်တော် (၉) ပါးကို ပွားများရတယ်။ 

အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင် ဘုရားဓာတ်တွေ တည်ထားတဲ့ ပုဂ္ဂိုလ်ပေါ် ဘုရားဓာတ်တွေ ကိန်းလာတယ် ။ အဲဒီလိုဘုရားဓာတ်တွေ ကိန်းတော့ ဘုရားရဲ့ ဘုန်းတန်ခိုး အာနုဘော်တွေလည်း တစ်ဖြည်းဖြည်းကူးလာတယ် ။ 


ဘုန်းဘုန်းတို့ နှစ်သစ်အချိန်အခါက ကာလ တစ်နှစ်ပြောင်း သွားတော့ သိပ္ပံနည်းအရ နေက ဟိုး,ဒက္ခိဏ အရပ်ကနေ တစ်ဖြည်းဖြည်းရပ်ပြီးတော့ ဒီဘက်ပြန်ပြောင်းလာတာကို နှစ်သစ်လို့ခေါ်တာပေါ့ ။


ကမ္ဘာကြီးက နေကို ပတ်လှည့်နေတာ •••

အဲဒီလိုအချိန်အခါမျိုးမှာ  ဒီကမ္ဘာပေါ်မှာရှိတဲ့ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ သစ်ပင်တောတောင် ရေမြေတွေလည်း ဥတု အလိုက် နေရဲ့အပူရှိန်နဲ့ လိုက်ပြီးတော့ပြောင်းကြတယ် ။


* အဲဒီလိုပြောင်းသလို သက်ရှိသတ္တဝါတွေက ဘာပြောင်း ရလဲ ဆိုတော့ အကောင်းဆုံးက နှစ်သစ်မှာ ဘုရားဂုဏ်တော်ပုတီးစိပ် မေတ္တာပွားတာ အလွန်တစ်ရာကောင်းပါတယ်။


နေ့စဉ်နေ့စဉ် ဘုရားဂုဏ်တော် (၉) ပါးကို ပွားများရတယ် ။

အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင် ဘုရားဓာတ်တွေ တည်ထားတဲ့ ပုဂ္ဂိုလ်ပေါ် ဘုရားဓာတ်တွေ ကိန်းလာတယ် ။ အဲဒီလို ဘုရားဓာတ်တွေကိန်းတော့ ဘုရားရဲ့ဘုန်းတန်ခိုး အာနုဘော်တွေလည်း တစ်ဖြည်းဖြည်း ကူးလာတယ် ။

                                 


Wednesday, December 16, 2020

ကြယ်ကြွေခြင်း

 



ယခုမြင်လိုက်ရသော ကြွေကျသွားသည့်ကြယ်သည် ယခင်နှစ်သန်းချီခန့် ကတည်းက ကြွေကျသွားခဲ့ပြီးဖြစ်သည် ။ ထိုသို့ကြွေကျသွားသည်ကို မြင်နိုင်ရန် ပုံရိပ်သည် ကမ္ဘာမြေရှိကြည့်သူ လူသားဆီသို့ အလင်း အလျင်နီးပါးဖြင့် လာခဲ့ရ၏ ။


အလင်း အလျင်သည်

1 second တွင် 186000 miles ရှိသည် ။

အသံထက် အဆများစွာမြန်သည် ။

အလင်း၏ တမိနစ်တွင်ရောက်သော ခရီးကို ရလိုပါက 186000 မိုင်ကို ၆၀ နှင့်မြှောက်ပါ ။


ထို့အတူပင် ..

တနာရီတွင်ရောက်သောအရွေ့ကို ရလိုက ၆၀ ဖြင့်မြှောက်ပြီးသား ရလာဒ်ကိုပင် ​နောက်ထပ် ၆၀ ဖြင့်မြှောက်ပါ ။ ရလာသော ရလာဒ် မိုင်ပေါင်းကို ၂၄ နာရီဖြင့်မြှောက် ၊ တစ်ရက်စာ အလင်း၏ ခရီးမိုင်ကို ရမည် ။

တစ်လ အတွက် လိုပါက ရခဲ့ပြီးသမျှ ရလာဒ်ကို ၃၀ ဖြင့်မြှောက် ၊

ထိုမှတစ်ဖန် ရလာဒ်ကို ၁၂ ဖြင့်မြှောက်က အလင်း၏ တစ်နှစ် ခရီးမိုင်ကို ရမည် ။

အလင်းနှစ် သန်းပေါင်း....ဆိုသည့် အကွာအဝေးကို ခန့်မှန်းကြည့်ကြပါကုန် ။


ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာက မိမိဝင်ရိုးပေါ်တွင် စောင်း၍ လည်နေသေးသည် ။ နေကိုလဲ ပတ်နေလိုက်သေးသည် ။ လ ကတစ်ဖန် သူ့ဝင်ရိုးပေါ် သူလည်၍ ကမ္ဘာကို ပတ်နေသည် ။

နေ အပါအဝင် သူ့ကိုပတ်နေသည့် အစိုင်အခဲ ဂြိုလ်အားလုံး တစ်စု တစ်စည်းထဲ လေဟာပြင်ထဲတွင် အရှိန်ဖြင့်မျောနေပြန်သေး၏ ။


လင်းယုန် နဲ့ နဂါး ကြားက အိန္ဒိယ သမုဒ္ဒရာ

 


ဒီဇင်ဘာ ၈ ရက်နေ့က နေ ၁၀ ရက်နေ့အထိ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း အမေရိကန် - တရုတ် အင်အားပြိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ခဲ့ရတယ်။ လူ ရှစ်ဆယ်ကျော်ပါဝင်ဆွေးနွေး တဲ့အထဲမှာ မြန်မာနိုင်ငံက တပ်မတော်အရာရှိနှစ်ဦး၊ ပညာရေးဝန် ထမ်းတစ်ဦး တက်ရောက်တာလည်း တွေ့တယ်။

 ဆွေးနွေးပွဲက အမေရိကန်နိုင်ငံရဲ့ အင်ဒို - ပစိဖိတ်မဟာဗျူဟာ နဲ့ တရုတ်နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားတိုးချဲ့လာမှု တွေက ဒေသတွင်းနိုင်ငံတွေအပေါ် အကျိုးသက်ရောက်မှုအခြေအနေကို ဆွေးနွေးကြတာဖြစ်ပါတယ်။ 


 အင်ဒို - ပစိဖိတ် ဆိုသည်မှာ

အင်ဒို - ပစိဖိတ်ဒေသဆိုတာက အာဖရိက တိုက် အရှေ့ဘက်ကမ်းခြေကနေ အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေ အထိ ၊ တစ်နည်းအားဖြင့် အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ နှစ်ခု ပေါင်းစပ်ထားတဲ့ ဒေသကြီးဖြစ်ပါတယ်။ 

ဒီဒေသမှာ ကမ္ဘာအင်အား အကြီးဆုံးတပ်မတော် ဆယ်ခု အနက် ခုနှစ်ခုရှိတယ်။  အနုမြူလက် နက်ပိုင်ဆိုင်တဲ့ နိုင်ငံ ခြောက်နိုင်ငံရှိတယ်။  ကမ္ဘာ့ လူဦးရေ အများဆုံးနိုင်ငံကြီးနှစ်နိုင်ငံရှိတယ်။ စီးပွား ရေးအရပြောရရင် ကမ္ဘာ့ ဂျီဒီပီ ၆၀% က အင်ဒို-ပစိဖိတ်ဒေသကဖြစ်တယ်။ 

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ဂျပန် ရှိတယ်။ ထွန်းသစ်စ စီးပွားရေး အင် အားကြီးနို်င်ငံဖြစ်တဲ့ အိန္ဒိယရှိတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေ ကြား ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၂.၃ ထရီလျံရှိတယ်။ ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံက တောင်တရုတ်ပင် လယ် နဲ့  ၆၀% က အာရှဒေသကို ဖြတ်သန်းသွားရတယ်။ ကမ္ဘာပေါ်မှာ သဘောင်္ဝင်ထွက်အများဆုံး ဆိပ်ကမ်း ဆယ်ခုအနက် ကိုးခုရှိတယ်။ ဒီကိန်းဂဏန်းတွေက အင်ဒို - ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာအရအရေးပါမှုကို ဖော်ပြနေတာ ဖြစ်ပါတယ်။ 


အင်ဒို-ပစိဖိတ်ဆိုတဲ့ စကားကို စသုံးခဲ့တာက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးပါ။ ၂၀၀၇ ခုနှစ် အိန္ဒိယ ပါလီမန်မှာ မိန့်ခွန်းပြောတဲ့အခါ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်စပ်ပြီးလုံခြုံရေးနယ် ၀န်း အဖြစ်ပြောခဲ့တယ်။ သူ့အယူ အဆအရ ဂျပန်၊ အိန္ဒိယ နဲ့ သြစတေးလျသုံးနိုင်ငံဟာ တရုတ် စစ်အင်အားကြီးထွားလာ မှုကို  တန်ပြန်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက်ရ မှာဖြစ်ပါ တယ်။ဒါပေမယ့် အာဘေး ၀န်ကြီးချုပ် အဖြစ်ကနေ အနားယူလိုက်တော့ ဒီအယူအဆကို ဆက်အကောင်အထည်မဖော်နိုင်တော့ဘူး။ 

၂၀၁၂ ခုနှစ်မှာ အာဘေး ၀န်ကြီးချုပ်ပြန်ဖြစ်တော့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ သြစတေးလျ ပူး ပေါင်းပြီး “ အာရှဒီမိုကရေစီလုံခြုံရေးစိန်ပွင့်” (“Asia’s democratic security diamond”) အဖြစ် နဲ့ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိုဆောင်ရွက်ရမယ်ဆိုတဲ့ အယူ အဆကို ထပ်ပြီး ဖော်ထုတ်လာတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ တရုတ်နိုင်ငံကို အင်အားထိန်းညှိဖို့ အတွက် အာရှအင်အားကြီးဒီမိုကရေစီနိုင်ငံတွေနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း လိုက်တာပဲဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ ထရမ့် က အဲဒီအယူအဆကိုလက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ် အမေရိကန်အမျိုးသား လုံခြုံရေးမဟာဗျူဟာ စာတမ်းမှာ အင်ဒို - ပစိဖိတ်ဒေသ ဆိုတဲ့စကားကို သုံးခဲ့တယ်။ ၂၀၁၉  ခုနှစ် မှတော့ နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အင်ဒို - ပစိဖိတ်ဒေသ မဟာဗျူ ဟာ နဲ့ပတ်သက်တဲ့စာတမ်းတွေ ထုတ်ပြန်ခဲ့တယ်။ အဲဒီ မဟာဗျူဟာရဲ့ အဓိက ရည်ရွယ်ချက် ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေးအင်အားကြီးမားလာမှုနဲ့ သြဇာချဲ့ထွင်လာမှုကို ဒေသ တွင်းနိုင်ငံများနဲ့ ပူးပေါင်းပြီး တန်ပြန်ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်။ 


Tuesday, December 15, 2020

ဘဏ် ဘဏ် ဘဏ့် ဘဏ်

 



ချေး ငွေ တွေ အ တွက် အ တိုး တွေ အ တင်း မ တောင်း တာ ၊ ပြတ် မ ဆပ် ခိုင်း သေး တာ က လွဲ ရင် အ များ ကြီး မ ပြောင်း သေး ပါ ဘူး ။ 


Covid 19 ကာ လ ကို နောက် ထပ် နှစ် နဲ့ ချီ ဖြတ် သန်း ရ ပြီး ထိ ရောက် တဲ့ ဖြေ လျော့ မှု မ လုပ် ပေး ရင် အိမ် ခြံ မြေ အ မြောက် အ များ ဘဏ် တွေ ကို ထိုး အပ် ကြ ရ လိမ့် မယ် ။ 


နိုင် ငံ တစ် ခု ရဲ့ စီး ပွား ရေး ကို နိုင် ငံ တွင်း ရှိ ဘဏ် တွေ နဲ့ အ တင် အ ချ လုပ် လို့ ရ တယ် ။ အ မေ ရိ ကန် မှာ ဂ လင်း စ ပန်း လုပ် ပြ ခဲ့ တယ် ။ 


ဘဏ် တွေ ဖြေ လျော့ မှု လုပ် မ ပေး နိုင် သေး ရင် အ စိုး ရ က ဖြေ လျော့ မှု လုပ် ပေး ရ မယ် ။ အ စိုး ရေ ဖြေ လျော့ ပေး ရ မှာ က မြင့် မား တဲ့ အ ခွန် တွေ လျော့ ပြီး ရှုတ် ထွေး တဲ့ လုပ် ထုံး လုပ် နည်း တွေ ပြင် ပေး ရ မှာ ။ 


ကု လ သ မ ဂ္ဂ က Covid 19 ကြောင့် မြန် မာ နိုင် ငံ ရဲ့ SME လုပ် ငန်း ၉၃ % လောက် ပြို လဲ သွား နိုင် တယ် လို့ ခန့် မှန်း ခဲ့ တယ် လို့ ဖတ် လိုက် ရ တယ် ။ ADB လို့ ခေါ် တဲ့ အာ ရှ ဖွံ့ ဖြိုး ရေး ဘဏ် က တော့ မြန် မာ GDP ၄.၅ % အ ထိ ကျ မယ် လို့ ပြော တယ် ။ 


မြန် မာ နိုင် ငံ မှာ Covid ကြောင့် ကု စား မှု က နိုင် ငံ GDP ရဲ့ ၄ % ရှိ တယ် လို့ ဆို တယ် ။ အ များ စု က ဆေး ကု သ စား ရိတ် ၊ ရော ဂါ ကာ ကွယ် ရေး နဲ့ အိမ် ထောင် စု တွေ ကို တိုက် ရိုက် ထောက် ပံ့ တာ ။ စု စု ပေါင်း သန်း ပေါင်း ၁၈၂၃၉၄၈. ၃၇၄ သန်း ( သန်း ပေါင်း ၁၈ သိန်း ကျော် ) ရှိ တယ် ။ မ ဝေ ဖန် ချင် ပေ မယ့် Covid 19 ကို မြန် မာ တာ ဝန် ရှိ တွေ ပေါ့ ပေါ့ တွေး ခဲ့ ကြ တယ် ။ 


စီး ပွား ရေး လုပ် ငန်း ရှင် တွေ ကို ငွေ ထုတ် ချေး တာ ၃၉၉၀၀၀ သန်း ပဲ ရှိ တယ် ။ ၅ ဆ လောက် ကွာ တယ် ။ အဲ့ ဒါ နိုင် ငံ ခြား စီး ပွား ဆက် သွယ် ရေး ဝန် ကြီး ဌာ န က အ မြဲ တမ်း အ တွင်း ဝန် ဦး အောင် နိုင် ဦး ပြော ထား တာ ။ 

ဘဏ် တွေ က သူ ရ မယ့် အ တိုး ကို နေ့ ချင်း တွက် ယူ ယုံ မ က ဘူး တိုး ရင်း ပေါင်း အ ပေါ် တောင် အ တိုး ထပ် ယူ တာ မျိုး လုပ် ထုံး လုပ် နည်း တွေ ပြင် ပေး သင့် တယ် ။ 


ဘဏ် တိုး တွေ ချ လိုက် ရင် အပ် ငွေ တွေ ပြန် ထုတ် သွား မယ် ဆို တဲ့ မ ဆီ လျော် တဲ့ ဆင် ခြေ တွေ က ဘဏ် သူ ဌေး ကြီး တွေ ရယ် ၊ ဘဏ် ထဲ ကို ပိုက် ဆံ ထည့် ထား နိုင် တဲ့ ဝန် ထမ်း တွေ ရယ် အ တွက် ရပ် တည် နေ ကြ သ လို ဖြစ် နေ တယ် ။

 

တစ် က မ္ဘာ လုံး Covid ကြောင့် စီး ပွား ရေး လှုံ့ ဆော် ပြီး ကိုယ့် နိုင် ငံ ထဲ လုပ် ငန်း တွေ ပြန် လည် ပတ် အောင် ဆောင် ရွက် နေ တဲ့ အ ချိန် မှာ မြန် မာ တစ် နိုင် ငံ ထည်း ပိုက် ဆံ တွေ ဘဏ် ထဲ ထည့် ပြီး အ တိုး ထိုင် စား နေ စေ တာ မ မှန် ပါ ဘူး ။ 


ဗ ဟို ဘဏ် က ဒေါ် လာ အ ရောင်း အ ဝယ် လုပ် နေ ရ မှာ မ ဟုတ် ပဲ အ တိုး အ တင် အ ချ နဲ့ ဘဏ် ထဲ က ပိုက် ဆံ တွေ အ ပြင် ထွက် ပြီး လုပ် ငန်း တွေ မှာ ရင်း နှီး မြုတ် နှံ ဖြစ် အောင် လုပ် ပေး ရ မှာ ။ ပြည် သူ က သူ့ ပိုက် ဆံ ကို ဘဏ် ထဲ မှာ ထား လို့ အ ကျိုး မ ရှိ ရင် အ ပြင် ထုတ် ပြီး အ ကျိုး ရှိ တာ လုပ် ကြ လိမ့် မယ် ။ 

Sunday, May 24, 2020

ရိုသေလေးမြတ်ရမည့်ပုဂ္ဂိုလ်၌ ပြစ်မှားကဲ့ရဲ့ မိသည်ရှိသော်



ရိုသေလေးမြတ်ရမည့်ပုဂ္ဂိုလ်၌ ပြစ်မှားကဲ့ရဲ့ မိသည်ရှိသော် " ဒက္ခိဏေယျဂ္ဂိ=အလှူခံမီး " လောင်တတ် သည်။    (အင်္ဂုတ္တရ-၇၊ပထမအဂ္ဂိသုတ်)


ထိုသဘောကို ရည်ရွယ်၍ ဘုန်းတော်ကြီး ဦးသီလ (ရဟန္တာအရှင်မြတ်ကြီး) က ရဟန်းသံဃာများ၏ အပြစ်
အနာအဆာ ကိုပြောလေ့ရှိသော ဦးဘိုးရင် ဆိုသူအား ...

" ဟဲ့ ဘိုးရင်၊ နင့်စိတ်ပြုပြင်ပြီး ကြည်ညိုရင်လှူ၊ မကြည်ညိုရင် မလှူပဲနေတာပေါ့၊ ဘာဘာညာညာ မပြောနဲ့" ဟု ဆုံးမခဲ့ ဖူး၏။

ညောင်လေးပင်မြို့မှ ရှေ့နေ ဦးတိုးကြီး ဆိုသူလည်း ဦးဘိုးရင် ကဲ့သို့ပင် ဘုန်းကြီးများ အပြစ်ကိုပြောလေ့ရှိ သဖြင့် သူ့အား ဘုန်းတော်ကြီး ဦးသီလ ဆုံးမခဲ့ဖူးသည်ကိုထုတ်ဖော်ပြောဆို ခဲ့ဖူး၏။

ဘုန်းတော်ကြီး။ ။ ဟဲ့ ငတိုး ၊ရှင်ဘုရင်ကြီးမှာ သားတော်နှစ်ပါး ရှိတယ်၊ အကြီးက တရားရှိ သူတော်ကောင်း ချစ်ခင်ကြည်ညို သူပေါတယ်။ အငယ်ကတော့ တရားမဲ့ သူယုတ်မာ၊ လူမုန်းများ တယ်။

အဲဒီ သူယုတ်မာ သားငယ်ကို လက်နဲ့ သွားပုတ်ရင် ဘယ်လို လုပ်မယ် ထင်သလဲ။
ဦးတိုးကြီး။ ။ လက်ဖြတ်ခံရမှာပါဘုရား။

ဘုန်းတော်ကြီး။ ။ခြေထောက်နဲ့ ကန်ရင်ကော။
ဦးတိုးကြီး။ ။ခြေဖြတ်ခံရမှာပါဘုရား။

ဘုန်းတော်ကြီး။ ။ ဆဲရေး တိုင်းထွာရင်ကော။
ဦးတိုးကြီး။ ။အာဟက် ခံရမှာပါဘုရား။

ဘုန်းတော်ကြီး။ ။ ဘာဖြစ်လို့လဲကွဲ့။
ဦးတိုးကြီး။ ။ ဘုရင့်သားတော်မို့လို့ပါဘုရား။


Wednesday, April 29, 2020

ကာလာမ သုတ်




ဆရာတော် ဦးဇောတိက ရဲ့ ဘာကိုတန်ဖိုးထားရ မလဲ စာအုပ်ထဲက ကာလမ သုတ် ကို ဝေမျှလိုက် ပါတယ်။

ကိုယ့်မှာ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း သိဖို့မြင်ဖို့ (self-knowledge) နဲ့ creativity ဆိုတာ ဖြစ်လာဖို့ဆိုတာ သတ္တိ ရှိရှိ ရိုးရိုးသားသား ရင်ဆိုင်မှပဲ ရတယ်။

အဲဒီလို မဟုတ်ပဲနဲ့ မျက်ကန်းယုံကြည်မှုနဲ့ နေမယ်၊ ပုံသေကားချ မှတ်သားထားတဲ့ အတိုင်းပဲ ကိုယ့်ဘ၀ ကိုယ်နေ သွားမယ် ဆိုရင် ကိုယ့်မှာ new creativity ဆိုတာဖြစ်လာမှာ မဟုတ်တော့ဘူး။

အမှန်တော့ အမှန်တရားတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့ နက်နက် နဲနဲ ထိုးထွင်းပြီး သိမြင်လိုက်ရတာဟာ လူသား တစ်ယောက် အနေနဲ့ ရနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်တယ်။

အမှန်တရားတစ်ခုဟာ သူ့ဟာသူ မှန်နေပေမဲ့၊ ကိုယ် ကိုယ်တိုင် က ကိုယ်ပိုင်ဉာဏ်နဲ့ မသိသေးဘူးဆိုရင် အဲဒါ ကိုယ့် အတွက်တော့ အမှန်တရား အဖြစ်ကို မရောက်သေးဘူး။

ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ မှန်တယ်လို့ သိလိုက်တဲ့ အချိန်ကျမှ သာ အဲဒါ ကိုယ့်အတွက် အမှန်တရား ဖြစ်လာတယ်။

ဒီအကြောင်းကို ပြောရင်းနဲ့ မြတ်စွာဘုရားဟောတဲ့ ကာလာမသုတ် ဆိုတာကို သွားသတိရတယ်။
ကာလာမသုတ်မှာ မြတ်စွာ ဘုရားက .....

"မာ အနုဿဝေန" ကြားပါများတာနဲ့ပဲ မှန်ပြီ (သို့) မှားပြီ၊ တစ်ခုခုကို မှားတယ်၊ မှန်တယ်လို့ မဆုံဖြတ်ပါနဲ့တဲ့။

"မာ ပရမ္ပရာယ" ဘိုးဘွား စဉ်ဆက် လက်ခံခဲ့တဲ့ အယူ အဆဖြစ်လို့ မှန်တယ် လို့ မယူဆပါနဲ့တဲ့။

Thursday, April 23, 2020

အမေ




ချွေးမ လုပ်တဲ့သူက  ...... 

"ပေါ့တော့လဲ အရသာ မရှိဘူး၊ ငံတော့လဲ မြိုမကျဘူးနဲ့ အမေက ဘာဖြစ်ချင်တာလဲ ....  ?"

အမေက သူ့သားပြန်လာတာ မြင်တော့ ဘာမှ မပြောတော့ပဲ ထမင်းဟင်းကို ပါးစပ်ထဲ သွတ်ထည့် လိုက် တယ်။ သူမ သူ့ကို မျက်စောင်းထိုးပြီး တချက်ကြည့်လိုက်တယ်။

သားဖြစ်သူက တစ်လုပ်လောက် မြည်းကြည့်လိုက်တယ်။ ချက်ချင်း ပြန်ထွေးထုတ် လိုက်ပြီး ..

"ငါမင်းကို ပြောထားတယ် မဟုတ်ဘူးလား၊ အမေ့မှာ ရောဂါရှိတယ်၊ အငံစားလို့ မရဘူး ဆိုတာကို"
"ကောင်းပြီလေ၊ ဒါ ရှင့် အမေပဲ၊ နောက်ကျရင် ရှင်ပဲ ချက်တော့"
ချွေးမက ပြောပြီးတာ့ ဆောင့်အောင့်ပြီး အခန်းထဲ ဝင်သွားတယ်။


သားက သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်တယ်...
"အမေ မစားနဲ့တော့၊ သား ခေါက်ဆွဲ ချက်ကျွေးမယ်"

"သား မင်း အမေ့ကို ပြောစရာ ရှိတယ်မဟုတ်လား၊ ရှိရင် ပွင့်ပွင့်လင်းလင်းသာပြောပါ၊
စိတ်ထဲမှာ မျိုသိပ်မထားပါနဲ့"
" အမေ သား နောက်လကျရင် ရာထူးတိုးတယ်၊ အလုပ်တွေ အရမ်းများလာလိမ့်မယ်၊
မိန်းမကလဲ အပြင်ထွက် အလုပ်လုပ်ချင်တယ် ပြောတယ်။ ဒါကြောင့်…"


“သား အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်” အသံလေးက တုန်ရီနေတယ်။
သား ကလဲ ခဏငြိမ်သက်သွားတယ်၊ ဒီထက်ကောင်းတဲ့ အကြောင်းရင်းကို ရှာနေသလို။
“အမေ လူအိုရုံကလဲ မကောင်းတာ မဟုတ်ပါဘူး၊ အမေသိတဲ့အတိုင်း မိန်းမ အလုပ်လုပ်ရင် အမေ့ကို ကောင်းကောင်း ပြုစုနိုင်မှာ မဟုတ်ဘူး၊ ဟိုမှာက ကျွေးမဲ့သူ ပြုစုမဲ့သူ အဆင်သင့်
ရှိပြီးသားပဲ။ အိမ်မှာထက်တောင် ပိုအဆင်ပြေသေးတယ် မဟုတ်ဘူးလား......?”

“…….....”


ရေမိုး ချိုးပြီး ခေါက်ဆွဲထုတ်ကိုပဲ ကမန်းကတန်း ပြုတ်စားလိုက်တယ်။ သူ အခန်းထဲ ဝင် သွားပြီး ပြတင်းပေါက်မှာ ရပ်ပြီး စိတ်ထဲမှာ တွေဝေနေသလိုပဲ။

အမေဟာ ငယ်ငယ်လေးကတည်းက မုဆိုးမ ဖြစ်ခဲ့တာပါ။ သူ့ကို ကျောင်းပြီးတဲ့အထိ တစ်ယောက်တည်း ရှာကျွေးခဲ့တာပါ။ ငယ်ရွယ်စဉ် အခါက ပင်ပန်းခဲ့တာတွေကို အကြောင်း ပြပြီး မိခင်ကို လုပ်ကျွေးစောင့် ရှောက်ရမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ မိန်းမကတော့ အိမ်ထောင်ရေးနဲ့ ချိန်းခြောက်လာတယ်။
အမေ့ကို လူအိုရုံ တစ်ကယ် ပို့ရမှာလား .. ? သူ့ကိုယ်သူ ပြန်မေးတယ်။ သူ မလုပ်ရက်ဘူး။


“မင်းရဲ့နောက်ပိုင်းဘဝကို ဆက်ပြီးလက်တွဲလျှောက်မှာက မင်းမိန်းမနော်။ မင်းအမေ မဟုတ်ဘူး”လို့ ဦးလေးရဲ့သားက အမြဲသတိပေးတယ်။

“မင်း အမေ ဒီလောက်တောင် အိုနေပြီ၊ ကံကောင်းရင်တော့ နေနိုင်သေးတာပေါ့၊ အသက်ရှင်နေတုန်း ကောင်းကောင်း ပြုစုပါလား? သစ်ပင် သည် ငြိမ်ချင်သော်လည်း လေကမငြိမ်ပေ။ မိဘကို လုပ်ကျွေး ချင်သော်လည်း မိဘ က မရှိတော့ပေ ဆိုတာမျိုးတော့ မဖြစ်စေနဲ့ဟေ့” လို့ တစ်ချို့ဆွေမျိုးတွေကတော့ သတိပေးကြတယ်။ သူ ဘာမှ ထပ်မစဉ်းစားချင်တော့ဘူး၊ စိတ်ပြောင်းသွားမှာစိုးလို့။


Wednesday, April 22, 2020

ခရစ်ယောဝါဒ ပုစ္ဆာ ကျမ်းထဲက ဧဝံဂေလိ ပုစ္ဆာ



ခရစ်ယောဝါဒ ပုစ္ဆာ ကျမ်းထဲက ဧဝံဂေလိ ပုစ္ဆာ မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။
ဗုဒ္ဓ အလိုအရ လူ သတ္တဝါ တို့၏ အစသည် မထင်ရှားတာကို ယခင် Post မှာ ပြဆိုထားပြီးပါပြီ ။
လူ သတ္တဝါ နဲ့ ကမ္ဘာ တို့တွင် ဗုဒ္ဓ အလိုအရ အစမရှိ အစမထင်ဟု ဆိုသော်လည်း ဘာသာခြားတို့၌မူ
အစရှိ၏ ဟူသောအယူကို ယူကြကုန်၏။



အကယ်၍
တစ်ပါးသော ဘာသာတို့၌ ကမ္ဘာ သည် အစရှိသည် လူ သတ္တဝါ တို့သည် အစရှိသည် ။
ထို အစရှိသည် ဟု ယူသောကြောင့် သတ္တဝါ ဖြစ်ပေါ်နိုင်ရန် အကြောင်း ကမ္ဘာ ဖြစ်ပေါ်နိုင်ရန် အကြောင်း သည်လို၏။


ဆိုလိုသည်မှာ....
လူ၏ အစသည်ရှိ၍  လူ သတ္တဝါတို့ ဖြစ်ခဲ့သည်ရှိသော် လူ သတ္တဝါတို့ ဖြစ်ရခြင်း အကြောင်း သည်
ရှိရ မည်သာတည်း  ။ ထိုနည်းအတူ  ကမ္ဘာဖြစ်ခြင်း အစသည်ရှိသော် ကမ္ဘာဖြစ်ခြင်း အကြောင်း ရှိရမည်သာတည်း ။



လူ သတ္တဝါ ကမ္ဘာ မိုးမြေ တို့ စတင်ဖြစ်ပေါ်လာသည်ကိုသာ ယူ၍ မည်သည့်အကြောင်းကြောင့်ဖြစ်ပေါ်လာ သည် ကို မသိလေသောကြောင့် ကမ္ဘာကို၎င်း သတ္တဝါ မိုးမြေ တို့ကို၎င်း ဖန်ဆင်းသူ ရှိသည်ဟု အခိုင် အမြဲ ယူကြ၏။ ထိုအယူကို ဗုဒ္ဓဘာသာ၌ ဝိသမဟေတုဒိဌိ အယူ ဟူ၍၎င်း ဣသရနိမ္မာနဒိဌိ ဟူ၍၎င်း ကျမ်းဂန်တို့၌ ဆိုလေ၏။

* ဝိသမဟေတုဒိဌိ ဆိုသည်ကား ....
ကမ္ဘာဖြစ်ပေါ်ရန် လူ နှင့် သတ္တဝါတိြု့ ဖစ်ပေါ်ရန် ဟုတ်မှန်သော အကြောင်းကို လွှတ်၍ ( ရှာမရ၍/ မသိ၍ ဟုမှတ်ပါ ) မဟုတ် မမှန်သော အကြောင်းကို ယူခြင်းဖြစ်ပေသည်။


* ဣသရနိမ္မာနဒိဌိ ဆိုသည်ကား ....
ဤ ကမ္ဘာကို အစိုးရသော ကမ္ဘာ့ သခင်ကြီးသည် ရှိ၏ ။ ထိုသခင်ကြီးသည် ကမ္ဘာကို၎င်း သတ္တဝါကို၎င်း ဖန်ဆင်းသည် ဟု ယူခြင်းဖြစ်ပေသည်။


ဤကား ကမ္ဘာ အစ ရှိ၏ သတ္တဝါ အစရှိ၏ ဟု ယူသည့် အတွက် ဖြစ်ပွားသွားပုံတည်း။ တစ်ဖန် ထို ကမ္ဘာ ဖန်ဆင်းသော သခင်ကြီးသည် အစရှိသလော ဟု မေးရန်ရှိ၏၊ အစရှိသည်ဟု ဆိုသော် ထိုသခင်ကြီး ကို သူ၏ အရင်က ဖန်ဆင်းသူ ပေါ်ရ လိမ့်မည်ဖြစ်၏။


Monday, March 16, 2020

ခြေဗလာ နဲ့ လမ်းလျှောက်ခြင်း



ပထဝီဓာတ်ယူပါ။ မြေကြီးဓာတ်ယူပါလို့ ပြောတာကို ကြားဖူးကြမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မြေကြီးဓာတ် ပြည့်ဝစေဖို့အတွက် လုပ်ဆောင်နိုင်မယ့် အရိုးစင်းဆုံး ...နည်းလမ်းကတော့ ခြေဗလာနဲ့ လမ်းလျှောက် တာပဲ ဖြစ်ပါတယ်။

ခြေထောက်ကို မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့ပြီး လျှောက်ပေးတာက ခန္ဓာကိုယ်ကို ကမ္ဘာမြေဆီကနေ
Negative electrons တွေကို စုပ်ယူနိုင်စေသလို ခန္ဓာကိုယ်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို စည်းချက်ညီစေပြီး ကိုယ်တွင်းက Bioelectrical ဝန်းကျင်ကိုလည်း ဟန်ချက်ညီအောင် လုပ်ဆောင်ပေးပါတယ်။

တိုးတက်လာတဲ့ လူနေမှုဘဝ ပုံစံကြောင့် ကျွန်မတို့ဟာ မိခင် ကမ္ဘာမြေကြီးနဲ့ ထိတွေ့ခွင့်ကို တော်တော် လေး ကို ဆုံးရှုံးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ပေးပြီး ကမ္ဘာမြေကြီးနဲ့ တိုက်ရိုက်ထိတွေ့မှုကို ခံစား ကြည့်လိုက်ပါ။  သင်ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေ  ရရှိစေမှာ အသေအချာပါပဲ။

  

 
ခြေဗလာနဲ့ လမ်းလျှောက်တာက ခြေထောက်ကို သဘာဝအတိုင်း လှုပ်ရှားနိုင်ခွင့် ရရှိစေတာကြောင့်
ခြေချင်းဝတ်နဲ့ ခြေဖဝါးတွေကို သန်မာစေပါတယ်။ ရှုးဖိနပ်တွေက ကြွက်သားတွေကို ချည့်နဲ့စေပြီး
ခြေဖဝါးတွေကို အားနည်းစေပါတယ်။

ခြေချင်းဝတ်တွေနဲ့ ခြေဖဝါးတွေက ကြွက်သားတွေကို မြေကြီးနဲ့ မှန်မှန်ထိတွေ့စေမယ်ဆိုရင် ခြေထောက် နဲ့ ဦးနှောက်ကြားက ချိတ်ဆက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ကို ပိုမို ဟန်ချက် ညီလာစေပြီး
ပိုမိုသန်မာလာစေသလို ထိခိုက်ဒဏ်ရာ ရရှိမှုတွေကနေလည်း ပိုမိုခံနိုင်ရည် ရှိစေပါတယ်။
 
 

Saturday, November 30, 2019

ကား ကို ဘယ် တော့ မှ မ လုပ် သင့် တဲ့ အ ချက် ( ၁၀ ) ချက်


 
ကား ၀ပ် ရှော့ ဆ ရာ တွေ ပြော ပြ ထား တဲ့ သင့် ကား ကို ဘယ် တော့ မှ မ လုပ် သင့် တဲ့ အ ချက် ( ၁၀ ) ချက် ။

 ယနေ့ခေတ် ကားတွေဟာ လုံခြုံစိတ်ချရတဲ့ စွမ်းဆောင်ရည် တွေရှိနေပါပြီ ။ ပြီးတော့ ကွန်ပြူတာ တွေကလည်း အားလုံးကိုချောမွတ်အောင် သွားစေနိုင်ဖို့၊ လွဲမှားနေတဲ့ အမိန်ပေးမှုတွေကနေ ဖြစ်စေတဲ့ ကားပိတ်ခြင်းတွေ ၊ကားမောင်းသူတွေကို ဘာတွေဖြစ်လာမယ်ဆိုတဲ့ ငြင်းဆိုနိုင် စွမ်းတွေက ကောင်းတာတွေဖြစ်လာစေဖို့အတွက် ဦးတည်နေပါတယ် ။
 

 ၁။ အင်ဂျင်ကို ကားမောင်းနေရင် မပိတ်ပါနဲ

အကယ်၍ သင်ဟာ အမြန်ဆုံး အလျင်နဲ့မောင်နေရင်းနဲ့ မတော်တစ်ဆ အင်ဂျင်ပိတ်မိသွားတယ် ဆိုရင်တော့ ဘာမှတော့ မကောင်းတာဖြစ်လာမှာ မဟုတ်ပါဘူး၊ ယနေ့ခေတ်ကားတွေက ထိုကဲ့ သို့ အခြေအနေတွေအတွက် ဘေးကင်းစေမယ့်နည်းလမ်းတွေ ထည့်သွင်းပေးထားတဲ့ အတွက် ကြောင့်ပါ၊ ဘယ်လိုပဲဖြစ်နေပါစေ မပိတ်တာဟာ အကောင်းဆုံးပါပဲ ။
 
 ၂။ မောင်းနေရင်း ကားနောက်ပြန်ဆုတ် ဂီယာ မထိုးပါနဲ
 
ကားမောင်းနေရင်းနဲ့ နောက်ပြန်ဆုတ်တဲ့ ဂီယာကို ပြောင်းလိုက်တာဟာ သင့်ကား ကွန်ပြူတာ ကတော့ တုံပြန်မှုပေးမှာ မဟုတ်တော့ ဘာမှဖြစ်စေမှာ မဟုတ်ပေမယ့် မကောင်းတဲ့ အတွေး ဖြစ်ပါတယ် ။
 
 ၃။ မောင်းနေရင်း ရပ်နားခြင်း ဂီယာမထိုးပါနဲ
 
မစမ်းကြည့်ပါနဲ့၊ သင့်ကား ကွန်ပြူတာဟာ လုံခြုံစေဖို့အတွက် အမိန်ပေးမှုကို ငြင်းဆန်မှာဖြစ် ပါ တယ် ။ ကွဲလွဲတဲ့ အမိန်တွေဟာ သင့်ကားကို ထိခိုက်မှုတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။
 
 ၄။ စက်နှိုးသော့ကို သော့တံတွေ အများကြီးနဲ့ တွဲမထားပါနဲ
 
သော့တွေ အများကြီး တွဲထားတာက စက်နှိုးသော့ရဲ့ အလေးချိန်ကို တိုးစေပြီး သော့တပ်တဲ့ အပေါက် ကို ထိခိုက်စေနိုင်ပါတယ်၊ ဒါကြောင့် ကားသော့မှာ သော့နှစ်ချောင်းတွဲလောက် ပဲ ထားပါ ။
 
 ၅။ ဆီပြောင်းပါ
 
ထုတ်လုပ်သူတွေညွန်ကြားထားတဲ့ ဆီဘယ်လိုပြောင်းရမလဲ ဆိုတာကို လိုက်နာပါ ။အကြောင်း ရှိပါ တယ် ။. များသောအားဖြင့် ကားသစ်တွေဟာ စက်ရုံက မထုတ်မီ ပါးလွှာတဲ့ဆီကို သုံးပါ တယ် ။ ဒါကြောင့် ၁၀၀၀ ကီလိုမီတာမောင်းပြီးရင်တော့ ဆီပြောင်းပါ ။
 

 





ဇော်ဂျီဖောင့် တီထွင်သူ ဦးရဲမြတ်သူ Digital Courage ဆုရရှိ



Friedrich Nauman Foundation က ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ်ရဲ့ Digital Courage Award ဆုကို မြန်မာစာဇော်ဂျီဖောင့် ကို ပထမဆုံး တီထွင်ခဲ့တဲ့ ဦးရဲမြတ်သူ က ရရှိပါတယ် ။

ဒစ်ဂျစ်တယ်ခေတ်မှာ လွတ်လပ်မှုအတွက် တိုက်ပွဲ ဝင်ကြ သူတွေကို ရည်ရွယ်ပြီး ပေးအပ်တဲ့ Digital Courage Award ပေးအပ်တဲ့ အခမ်းအနားကို နိုဝင်ဘာ ၂၇ရက်က Park Royal Hotel မှာကျင်းပ ခဲ့တာပါ။

ဒီဂျစ်တယ် နည်းပညာ အသိုင်းအဝိုင်းမှာ အများနဲ့ မတူ ဘဲ ထူးခြားတဲ့ သူရသတ္တိကို ပြသနိုင် သူဖြစ်တဲ့အတွက် ဦးရဲမြတ်သူ ကို ဆုချီးမြှင့်ဖို့ ရွေးချယ်တာလို့ Friedrich Nauman Foundation မြန်မာနဲ့ ထိုင်းနိုင်ငံရဲ့ အကြီး အကဲဖြစ်သူ ဖက်ဒရစ်စပွန်ဟာ က အဲဒီအခမ်း အနားမှာ ပြောပါတယ်။




Sunday, November 10, 2019

ရွှေ ၀ယ်ချင်သူများအတွက် ဗဟုသုတ



ကျုပ်တော့ ရွှေမပြောနဲ့ အရက်တောင်ရွှေတံဆိပ်မသောက်နိုင်ဘူး ရွှေဝယ်မဲ့ သူတွေ  ဖတ်ပေါ့။
ညနေက ရွှေဆိုင်တစ်ဆိုင် (အမည်မပြောလိုပါ) ခဏဝင်လိုက်တယ်။ ရွှေထည် ပစ္စည်း သဘော ကျလို့ တွက်ခိုင်းလိုက်တဲ့အခါ အလျော့တွက် လက်ခ ပေါင်းပြီးသား အပြင် သုံးသောင်းကျော် လောက် ပိုနေတယ်။

{( ဥပမာဆိုပါတော့ဗျာ  ...  ရွှေက ရှစ်သိန်းဈေး  
ပစ္စည်းအလေးချိန်က ငါးရွေးတစ်စိတ်
အလျော့တွက် လက်ခက နှစ်ရွေးသုံးစိတ်  
စုစုပေါင်းရှစ်ရွေး ( တစ်ပဲသားဖြစ်သွားပြီ))}

ဒါဆိုရင် ..  ရှစ်သိန်းဈေးနဲ့တစ်ပဲသား ကို တွက်တဲ့ အခါ ၅၀၀၀၀ိ/ ပဲကျတယ်။ ဒါပေမယ့် အဲဒီ ဆိုင်က ရှစ်သောင်းကျော်ကျော်တောင်းတယ်။ သုံးသောင်း ပိုနေလို့ မေးတော့ ဘာမှ မပြော တတ်ဘူး။

ကိုယ်ဝယ်တဲ့ ပစ္စည်းအတွက် ကျသင့်ငွေနဲ့ ပေးရမယ့်ငွေဟာ ဘာကြောင့်ကွာ တာလဲ မေးတာ။
ဒါတွေဟာ ဘာကြောင့်လဲ ဆိုတော့ လူအများစုဟာ ရွှေကိုပဲ ဝယ်ကြတယ်။ စနစ်တစ်ကျ မတွက် တတ်ကြဘူးဆိုတာရယ်…ရွှေချိန် အကြောင်းသေချာ နားမလည်ဘူးဆိုတာရယ်ကြောင့် ပဲ။

ကျွန်တော် တွက်တဲ့ နည်းစနစ်ကို ဝေမျှ လိုက်ပါတယ်။
ရွှေ တစ်ကျပ်သား = ၁၆ ပဲ
တစ်ပဲသား= ၈ ရွေး
ဒါ့ကြောင့် တစ်ကျပ်သား ၁၂၈ ရွေး ရှိတယ်။
ဒါက ဆိုင်တွေမှာ ရေးတဲ့ပုံစံပါ။



Saturday, November 9, 2019

Mobile Photography ဆိုတာ



Mobile Photography ဆိုတာ mobile ဖုန်းတစ်လုံးနဲ့ ရိုက်ထားတဲ့ ပုံတွေကိုသာမက Cybershot လို အပျော်တမ်း ရိုက် Camera တွေနဲ့ရိုက်ခြင်းဖြစ်တဲ့ Photographyတွေကို ဆိုလိုပါတယ်။

ဒီ Article လေးမှာတော့ Smartphone Photography အကြောင်းကို အဓိက Share လုပ်ပေးသွားမှာပါ.။

Smartphone တစ်လုံးမှာ ဓာတ်ပုံအရည် အသွေး ကောင်းကောင်းရဖို့ ဘာတွေက အရေးကြီးသလဲ. သူ့မှာပါတဲ့ features တွေ က ဘာတွေလဲ.camera တစ်လုံးမှာ ဘာတွေပါသလဲ။


Aperture, Focal
length,exposure,focus,ISOshutter speed ဆိုတာ ဘာတွေလဲ။ ဘယ်လိုအသုံးဝင်သလဲ.. ဘယ်လိုတွေ လုပ်ဆောင်ပေးသလဲ.... ကျွန်တော်တို့ နည်းနည်းလောက်..ဆွေးနွေးကြ တာပေါ့...။

ပထမဆုံးအရေးကြီးတာက ဒီpost က Beginner တွေအတွက်ပါ DSLRလို pro camera သမား တွေ အတွက်မဟုတ်ပါဘူး။..အဲလောက်မနက်နဲလို့ပါ။


Megapixel
ဟုတ်ပါတယ်.. လူတော်တော်များများ ရင်နှီးလေ့ရှိတဲ့ အရာလေးပါ. Megapixel များရင် camera ကောင်းမယ် လို့ လူတော်တော်များများထင်တတ်ကြပါတယ်..အဲဒါဟာ 20%လောက်ပဲမှန်ပါတယ်.။


Camera တစ်လုံးကောင်းဖို့ Aperture, sensor size, ,တွေ အစရှိသည်ဖြင့် တွေကလည်း အရမ်းကိုအရေး ပါပါတယ်.. ။ Megapixel ဆိုတာက ပုံရိပ်ရဲ့ ချဲ့နိုင်အား ကိုအဓိကပြောချင် တာပါ.Megapixel များများနဲ့ရိုက် ထားတဲ့ ပုံဟာ ပုံကြီးပိုချဲ့လို့ကောင်းပါတယ်.။


ဆိုလိုတာက DPI မြင့်မြင့်နဲ့ ပုံထုတ်လို့ရတာပါ.ဥပမာ 1.3mp ရှိတဲ့ camera ကနေ ရိုက်လိုက် တဲ့ပုံဟာ 4*3inch ရှိပီး 300dpi ဓာတိပုံတစ်ပုံကို ထုတ်ပေးနိုင် ပါတယ်. Megapixel နဲလေ ထုတ်နိုင်တဲ့ ပုံအရွယ်အစား ကသေးလေပါ.။


ဓာတ်ပုံအရည်အသွေးနဲ့ အများကြီးသက်ဆိုင်ခြင်းမရှိပါ ။ .ပြောရမယ်ဆိုရင် Iphone 8plus ရဲ့ 12mp နဲ့ရိုက် ထားတဲ့ ပုံဟာ Nova 3i ရဲ့ 16mp ထက် ပုံထွက် အများကြီး ပိုကောင်းပါတယ်. megapixel က Nova 3i က ပိုများတာနော်.DSLR လောကမှာဆိုရင် Canon camera တွေ ဟာ 12mp ထက် ပိုထုတ်တာရှားပါ တယ်.။


တစ်ခါတလေ 10mp လောက်နဲ့တောင် ထုတ်ပါတယ်.။ Nikon နဲ့ Canonမှာ Nikon က megapixel ပိုများ များထုတ်ပေးပါတယ်.ဒါ့ကြောင့် ပုံတစ်ပုံကောင်း မကောင်းက Megapixel နဲ့  သိပ်ပြီးမသက်ဆိုင်ဘူး ဆိုတာ သိသာပါတယ်။


Sensor
အဓိကအားဖြင့် Smartphone camera တွေကောင်း မကောင်းကို ဆုံးဖြတ်ပေးတာက Sensor ပါ.။ Smartphone တွေအကုန်နီးပါးမှာ တပ်ဆင်ထားတာ တွေ ကတော့ Sony sensorေ တွပါ ပဲ IMX series တွေကို ထည့်သွင်းထားလေ့ရှိပါတယ်.။

IMX 363,IMX 376,IMX 486 စသည်ဖြင့် ထည့်သွင်း ပေး ထားပါတယ်. အကြမ်းဖြင်းအားဖြင့် တော့ နံပါတ်ကြီးလေ ပိုကောင်းလေပါပဲ. သို့သော် Sensor ကောင်းတိုင်းလည်း photo အရည် အသွေး ပိုမကောင်း သွားသေးပါဘူး။


ဆယ်လ်မွန် ငါးတို့ အပြန်





အဆို​တော်​ ခင်​ဝမ်း နဲ့ ခင်​​မောင်​တိုး တို့ သီဆိုခဲ့ကြတဲ့ ...
" ဆယ်​လ်​မွန်​ ငါးတို့အပြန်​" ဆိုတဲ့ သီချင်း​လေးရဲ့ အဓိပ္ပါယ် ​ကို အခုမှဘဲ​ သေချာနားလည်​​တော့တယ်​..။



ဆယ်လ်မွန် ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ (ပင်လယ်) မှာကြီးပြင်းတဲ့ ငါးမျိုးဖြစ်တယ်... ။
မိခင် ဆယ်လ်မွန်ငါးဥ မှ (၃) လကြာမှာ ငါးသားလောင်း တွေအဖြစ်ထွက်လာပါတယ်..။
ရေချိုမှာ ပျမ်းမျှ (၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီ ထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချို အရပ်ဆီကိုပြန်ကြ ပါတယ်.. ။


တစ်ချို့ ဆယ်လ်မွန်တွေ ကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ် သမုဒ္ဓရာထဲ (၅)နှစ် အထိကြာ တတ်ပါတယ်.. ။ ဒီကြားထဲမှာတော့ လူသားတွေရဲ့ ဖမ်းဆီးခြင်းခံ ရတာ မျိုး ရှိပြီး မွေးရပ်ပြန် မျိုးဆက် မပွားနိုင် တာလည်းများတယ်..။


သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန် မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။
ဆယ်လ်မွန် ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း (၂၀၀၀) လောက်ရှိကြတယ်တဲ့.. ။
ချစ်ဖေါ်နဲ့လက်တွဲ မျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီး စတင်ပြီ ဆိုတာနဲ့ ဆယ်လ်မွန် စုံတွဲဟာ လုံးဝအစာ မစားတော့ပါ.....။


အဲဒီလိုနဲ့ မိမိတို့မွေးဖွားရာ အရပ်ရောက်ရင် ဆယ်လ်မွန် ငါး တို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီး နဲ့ ကျောက်စရစ်သားကို တူးဆွပြီး တွင်းချိုင့်ဖြစ်အောင် လုပ်တယ်.. ။ ဆယ်လ်မွန်ငါးတွေ ဥချမွေးဖွားရာအရပ်က ကျောက်စရစ်မြေခံရေကြည်ရာ အရပ်ဖြစ်တယ်..။


တစ်ခါ ဥရင် အကောင်ရေ (၂၀၀၀) မှ (၁၀၀၀၀) အထိ ရှိတတ်တယ်တဲ့.... ဆယ်လ်မွန်ငါး အမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမ အန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ် ...။