Saturday, January 9, 2021

ဘုရားဂုဏ်တော် များများပွားပါ

 



နေ့စဉ်နေ့စဉ် ဘုရားဂုဏ်တော် (၉) ပါးကို ပွားများရတယ်။ 

အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင် ဘုရားဓာတ်တွေ တည်ထားတဲ့ ပုဂ္ဂိုလ်ပေါ် ဘုရားဓာတ်တွေ ကိန်းလာတယ် ။ အဲဒီလိုဘုရားဓာတ်တွေ ကိန်းတော့ ဘုရားရဲ့ ဘုန်းတန်ခိုး အာနုဘော်တွေလည်း တစ်ဖြည်းဖြည်းကူးလာတယ် ။ 


ဘုန်းဘုန်းတို့ နှစ်သစ်အချိန်အခါက ကာလ တစ်နှစ်ပြောင်း သွားတော့ သိပ္ပံနည်းအရ နေက ဟိုး,ဒက္ခိဏ အရပ်ကနေ တစ်ဖြည်းဖြည်းရပ်ပြီးတော့ ဒီဘက်ပြန်ပြောင်းလာတာကို နှစ်သစ်လို့ခေါ်တာပေါ့ ။


ကမ္ဘာကြီးက နေကို ပတ်လှည့်နေတာ •••

အဲဒီလိုအချိန်အခါမျိုးမှာ  ဒီကမ္ဘာပေါ်မှာရှိတဲ့ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ သစ်ပင်တောတောင် ရေမြေတွေလည်း ဥတု အလိုက် နေရဲ့အပူရှိန်နဲ့ လိုက်ပြီးတော့ပြောင်းကြတယ် ။


* အဲဒီလိုပြောင်းသလို သက်ရှိသတ္တဝါတွေက ဘာပြောင်း ရလဲ ဆိုတော့ အကောင်းဆုံးက နှစ်သစ်မှာ ဘုရားဂုဏ်တော်ပုတီးစိပ် မေတ္တာပွားတာ အလွန်တစ်ရာကောင်းပါတယ်။


နေ့စဉ်နေ့စဉ် ဘုရားဂုဏ်တော် (၉) ပါးကို ပွားများရတယ် ။

အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင် ဘုရားဓာတ်တွေ တည်ထားတဲ့ ပုဂ္ဂိုလ်ပေါ် ဘုရားဓာတ်တွေ ကိန်းလာတယ် ။ အဲဒီလို ဘုရားဓာတ်တွေကိန်းတော့ ဘုရားရဲ့ဘုန်းတန်ခိုး အာနုဘော်တွေလည်း တစ်ဖြည်းဖြည်း ကူးလာတယ် ။

                                 



* ဥပမာအားဖြင့် 

သံလိုက် တုံးကြီးနဲ့ ရိုးရိုးသံလေး အတူထားလိုက်ရင် သံလိုက် တုံးကြီး ထဲက သံလိုက် ဓာတ်တွေက ရိုးရိုးသံထဲ ကူးသွားပြီးတော့ ရိုးရိုးသံလေးပါ သံလိုက်ဖြစ်သွားတယ် ။ အဲဒီ ဘုရားဂုဏ်တော် ပုတီးစိပ်ပါများရင် ဒီခန္ဓာကိုယ်ထဲ ဘုရား ဓာတ်တွေ ကိန်းသွားတယ် ။


* ဘုရားဓာတ်တွေ ကိန်းသွားတဲ့အတွက် သေတောင်မှ မပုပ်တော့ဘူး။ ရဟန္တာ များ ပရိနိဗ္ဗာန်စံရင် မပုပ်သလို ဘုရား ဂုဏ်တော် ပုတီးစိတ်တဲ့ ပုဂ္ဂိုလ်များလည်းသေရင် မပုပ်ဘူး။


ဘယ်လောက်ကြာကြာ စိတ်ရမလဲဆိုရင် အနှစ် (၂ဝ) စိတ်ရမယ်။ ဘုရားဂုဏ်တော်ကို အနှစ် (၂ဝ) ပုတီးစိတ်ရင် ဒီခန္ဓာကိုယ်ကြီး မပုပ်တော့ဘူး။ အဲဒီလို ဘုန်းတန်ခိုးကြီးတယ် ။


မြတ်စွာဘုရားသခင်ရဲ့ဂုဏ်တော်တွေ ကိန်းသွားလို့ အဲဒီလို ဂုဏ်တော်တွေ ကိန်းသွားတဲ့ ပုဂ္ဂိုလ်က ဖြစ်လေရာ ဘဝသံသရာ မှာ လည်းပဲ ဘုရားဓာတ်တွေရဲ့ အရှိန်အဝါကြောင့်  မြင့်မြတ်တဲ့ အမျိုးအနွယ် အဖြစ် မြင့်မြတ်တဲ့ စည်းစိမ်ဥစ္စာနဲ့ ခံစားရပြီး  နောက်ဆုံး နိဗ္ဗာန်ကို မြန်မြန်ရတယ် ။


* နိဗ္ဗာန်ကို မြန်မြန်လိုချင်တဲ့ ပုဂ္ဂိုလ်သည် ဘုရားဂုဏ်တော် ပုတီးစိတ်၊ မေတ္တာပွား……

မေတ္တာပွား ဆိုတာကလည်း မေတ္တာ ဆိုတာ အမျိုးမျိုးရှိတယ်၊……

အမျိုးမျိုးရှိတော့ အကျဉ်းချုပ် ဆိုရင်တော့ ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ဒီလိုပွားရတယ် ။


* သတ္တဝါလေးတွေမြင်ရင် ခွေးဖြစ်ဖြစ်၊ ဝက်ဖြစ်ဖြစ်၊ ကြက်ဖြစ်ဖြစ်၊ ငှက်ဖြစ်ဖြစ်၊ ပုရွက်ဆိတ်ဖြစ်ဖြစ် သတ္တဝါလေးတွေ မြင်ရရင် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အဲဒီလိုမေတ္တာပွားရင်လည်း ဘုရားဓာတ်တွေက ဒီခန္ဓာကိုယ်ကို ကိန်းလာတယ် ။


*ဘုရားဓာတ်တွေ ကိန်းလာတဲ့အတွက် အဲဒီပုဂ္ဂိုလ်ကို လှူတဲ့ တန်းတဲ့ လူလည်း ပေါလာတယ် ။ ပေးတဲ့ကမ်းတဲ့ ပုဂ္ဂိုလ်တွေ လည်း အကျိုးကြီးမားတယ်။ 


ဘယ့်နှယ့်ကြောင့် ဆိုတော့ ရဟန်းပုဂ္ဂိုလ်များ၊မြတ်စွာဘုရားများ၊ ပစ္စကေဗုဒ္ဓါ များကို လှူလို့ရှိရင် ရိုးရိုးအလူကို လှူတာထက် အကျိုးများတယ် ။


အဘယ့်ကြောင့်လဲဆိုရင် မြတ်စွာဘုရားရှင် ပစ္စကေဗုဒ္ဓါဆိုတဲ့ ပုဂ္ဂိုလ်တွေက အများအားဖြင့် ဖိုလ် ဝင်စားပြီးတော့နေကြတယ်။ အဲဒီဖိုလ်ရဲ့အာရုံဖြစ်တဲ့ နိဗ္ဗာန်ကလည်း လောကုတ္တရာစိတ်တွေ ဝင်စားပြီး ဒီခန္ဓာကိုယ်က မွှေးကြိုင်သွားတယ် ။


* ဥပမာအားဖြင့် 

ရေမွှေး ၊ ပေါင်ဒါ၊ နံ့သာဖြူ  စတဲ့ အမွှေးနံ့သာကဲ့သို့ ဒီခန္ဓာကိုယ် ကြီး က မွှေးနေတယ်။ ဘုရားဂုဏ်တော်တွေ ပုတီးစိတ်တာများရင် ဒီခန္ဓာကိုယ်ကြီးက သေလည်း မပုပ်တော့ဘူး။ အဲ့ဒီလို အကျိုးရှိတယ်။ 

တစ်ယောက် နဲ့ တစ်ယောက် မေတ္တာတွေ မပွားနိုင်ကြလို့ ပစ်ကြ၊ ခတ်ကြ၊ သတ်ကြ၊ ပုတ်ကြ၊ ရိုက်ကြ၊ နှက်ကြတာ မေတ္တာ မပွားနိုင်လို့ မေတ္တာပွားရင် တစ်ယောက်နှင့်တစ်ယောက် ကိုယ့်ညီလေးတွေလို အကိုကြီးတွေလို၊ သားလေး၊ သမီးလေး တွေ လိုအောက်မေ့ပြီးတော့ မေတ္တာထားရင် ခိုက်ရန်ဖြစ်တာ မရှိတော့ဘူး ။


ခိုက်ရန်ဖြစ်တာ မရှိတော့ စစ်တိုက်တာတွေ တိုင်းပြည် တစ်ပြည်နှင့် တစ်ပြည် စစ်တွေဖြစ် ဗုံးတွေကြဲ စက်သေနတ်တွေ ပစ်တာ မရှိဘူးဆိုရင် တိုင်းပြည်အေးချမ်း သာယာတယ်။ တိုင်းပြည်နဲ့ တစ်ကမ္ဘာလုံး အေးချမ်းအောင် ဘုရား ဂုဏ်တော်တွေ ပုတီးစိတ် မေတ္တာပွားကြရမယ် ။


* အဲ့ဒါကြောင့် နှစ်သစ် အချိန်ခါမှ စပြီးတော့ ကမ္ဘာ သူ ကမ္ဘာသား အားလုံးက ဘုရားဂုဏ်တော်ကို တစ်နေ့ သုံးခါ အဖြစ် မနက်အိပ်ရာထ တစ်ခါ ၊ နေ့လယ် ၁၂ နာရီတစ်ခါ ၊ ညအိပ်ရာဝင် တစ်ခါ ပုတီးစိတ်ပြီး မေတ္တာပွားကြပါ။


မေတ္တာ ပွားခြင်းဖြင့် ကမ္ဘာသူ ကမ္ဘာသား နိုင်ငံသူ နိုင်ငံသားများ 

ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာကြပါစေ  ။


Credit- (ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရ)

credit ...   မူရင်းရေးသားပူဇော်သူ


လုံးစုံများစွာ၊ သတ္တဝါ

ချမ်းသာကိုယ်စိတ် မြဲပါစေ။ 

ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး 

ငြိမ်းအေးကြပါစေ။


***  အပ္ပမာဒေန သမ္ပါဒေထ


No comments:

Post a Comment