Saturday, November 9, 2019

Mobile Photography ဆိုတာ



Mobile Photography ဆိုတာ mobile ဖုန်းတစ်လုံးနဲ့ ရိုက်ထားတဲ့ ပုံတွေကိုသာမက Cybershot လို အပျော်တမ်း ရိုက် Camera တွေနဲ့ရိုက်ခြင်းဖြစ်တဲ့ Photographyတွေကို ဆိုလိုပါတယ်။

ဒီ Article လေးမှာတော့ Smartphone Photography အကြောင်းကို အဓိက Share လုပ်ပေးသွားမှာပါ.။

Smartphone တစ်လုံးမှာ ဓာတ်ပုံအရည် အသွေး ကောင်းကောင်းရဖို့ ဘာတွေက အရေးကြီးသလဲ. သူ့မှာပါတဲ့ features တွေ က ဘာတွေလဲ.camera တစ်လုံးမှာ ဘာတွေပါသလဲ။


Aperture, Focal
length,exposure,focus,ISOshutter speed ဆိုတာ ဘာတွေလဲ။ ဘယ်လိုအသုံးဝင်သလဲ.. ဘယ်လိုတွေ လုပ်ဆောင်ပေးသလဲ.... ကျွန်တော်တို့ နည်းနည်းလောက်..ဆွေးနွေးကြ တာပေါ့...။

ပထမဆုံးအရေးကြီးတာက ဒီpost က Beginner တွေအတွက်ပါ DSLRလို pro camera သမား တွေ အတွက်မဟုတ်ပါဘူး။..အဲလောက်မနက်နဲလို့ပါ။


Megapixel
ဟုတ်ပါတယ်.. လူတော်တော်များများ ရင်နှီးလေ့ရှိတဲ့ အရာလေးပါ. Megapixel များရင် camera ကောင်းမယ် လို့ လူတော်တော်များများထင်တတ်ကြပါတယ်..အဲဒါဟာ 20%လောက်ပဲမှန်ပါတယ်.။


Camera တစ်လုံးကောင်းဖို့ Aperture, sensor size, ,တွေ အစရှိသည်ဖြင့် တွေကလည်း အရမ်းကိုအရေး ပါပါတယ်.. ။ Megapixel ဆိုတာက ပုံရိပ်ရဲ့ ချဲ့နိုင်အား ကိုအဓိကပြောချင် တာပါ.Megapixel များများနဲ့ရိုက် ထားတဲ့ ပုံဟာ ပုံကြီးပိုချဲ့လို့ကောင်းပါတယ်.။


ဆိုလိုတာက DPI မြင့်မြင့်နဲ့ ပုံထုတ်လို့ရတာပါ.ဥပမာ 1.3mp ရှိတဲ့ camera ကနေ ရိုက်လိုက် တဲ့ပုံဟာ 4*3inch ရှိပီး 300dpi ဓာတိပုံတစ်ပုံကို ထုတ်ပေးနိုင် ပါတယ်. Megapixel နဲလေ ထုတ်နိုင်တဲ့ ပုံအရွယ်အစား ကသေးလေပါ.။


ဓာတ်ပုံအရည်အသွေးနဲ့ အများကြီးသက်ဆိုင်ခြင်းမရှိပါ ။ .ပြောရမယ်ဆိုရင် Iphone 8plus ရဲ့ 12mp နဲ့ရိုက် ထားတဲ့ ပုံဟာ Nova 3i ရဲ့ 16mp ထက် ပုံထွက် အများကြီး ပိုကောင်းပါတယ်. megapixel က Nova 3i က ပိုများတာနော်.DSLR လောကမှာဆိုရင် Canon camera တွေ ဟာ 12mp ထက် ပိုထုတ်တာရှားပါ တယ်.။


တစ်ခါတလေ 10mp လောက်နဲ့တောင် ထုတ်ပါတယ်.။ Nikon နဲ့ Canonမှာ Nikon က megapixel ပိုများ များထုတ်ပေးပါတယ်.ဒါ့ကြောင့် ပုံတစ်ပုံကောင်း မကောင်းက Megapixel နဲ့  သိပ်ပြီးမသက်ဆိုင်ဘူး ဆိုတာ သိသာပါတယ်။


Sensor
အဓိကအားဖြင့် Smartphone camera တွေကောင်း မကောင်းကို ဆုံးဖြတ်ပေးတာက Sensor ပါ.။ Smartphone တွေအကုန်နီးပါးမှာ တပ်ဆင်ထားတာ တွေ ကတော့ Sony sensorေ တွပါ ပဲ IMX series တွေကို ထည့်သွင်းထားလေ့ရှိပါတယ်.။

IMX 363,IMX 376,IMX 486 စသည်ဖြင့် ထည့်သွင်း ပေး ထားပါတယ်. အကြမ်းဖြင်းအားဖြင့် တော့ နံပါတ်ကြီးလေ ပိုကောင်းလေပါပဲ. သို့သော် Sensor ကောင်းတိုင်းလည်း photo အရည် အသွေး ပိုမကောင်း သွားသေးပါဘူး။



Software Optimization
ဟုတ်ပါတယ် Megapixel တွေ sensorတွေ F တွေ တူနေတဲ့ smartphone နှစ်လုံးဟာ ပုံထွက် မတူနိုင် ပါဘူး. ။ Smartphone company တွေက ပြန်လည် ထည့်သွင်းပေးထားတဲ့ enhance လုပ်ပေးတဲ့ software ကလည်းအရေးကြီးပါတယ်.။

ဥပမာ ဂျာမဏီ camera companyကြီးဖြစ်တဲ့ Leica က co-engineer လုပ်ထားတဲ့ Huawei ရဲ့ P series တွေ ဟာ sensor တူညီတဲ့ တခြားဖုန်းတွေထက် ပုံထွက် အများကြီးပိုကောင်း တာကိုတွေ့ရမှာပါ.။

အကြမ်းဖျင်းအားဖြင့် Vivo Oppo ဆိုရင် Beauty eff ပါတဲ့ဘက်ကို software နဲ့လုပ်ယူထားမယ်။ Iphone တို့ Samsung တို့ဆိုရင် Natural ဘက်ကိုသွားမယ်။ ဒါကတော့ manufacturer နဲ့ဆိုင်ပါတယ်။ 


APerture
တွေ့ဖူးပါသလား F1.9, F2.0 ဆိုပြီး Smartphone camera specification တွေမှာ?F ဆိုတာ f-stopပါ။

Aperture ဆိုတာက Lens တစ်ခုရဲ့ အကျယ်ပါ.။ ပြတင်းပေါက် တစ်ခုဆိုပါစို့။ ကျယ်ကျယ် ဖွင့်ထားရင် အလင်းပိုဝင်မယ်ကျဉ်းကျဉ်းလေးဖွင့်ထားရင် အလင်း နဲနဲပဲဝင်မယ်.။

Aperture ဆို တာလည်း ဒီသဘောပါပဲ.။ ကျယ်ရင် အလင့ိး ပိုဝင်ပြီး အမှောင်ထဲမှာ ဓာတ်ပုံရိုက် လို့ပိုကောင်း ပါလိမ့်မယ်။ သတိထားရမှာက F1.8သည် F2.0 ထက် ပိုကျယ်ပါတယ်. ။ ဂဏန်း ငယ်လေ ပိုကြီးလေ လို့မှတ်ပါ.။

Smartphone မှာ အကျယ်ဆုံးဖြစ်တဲ့ F1.5 ကို Samsumg Glaxy S9plus မှာတွေ့ပြီးဖြစ် ပါတယ်.။ Aperture ဟာ Focus လုပ်နိုင်စွမ်းမှာလည်း ပါဝင်ပတ် သက်ပါသေးတယ်. ။ Wide ဖြစ်ရင် အနောက်ဘက်ကို ဝါးပေးတဲ့ creamy ပုံစံကိုရမှာဖြစ်ပီး ကျဉ်းရင်တော့ နဂိုအကြယ် အတိုင်းရမှာဖြစ်ပါတယ်....။


Exposure and shutter speed
Exposure ဆိုတာကတော့ ဓာတ်ပုံတစ်ပုံ ဘယ်လောက် လင်းတယ် ဘယ်လောက်မှောင်တယ် ဆိုတာကို သတ်မှတ် ပေးတာပါ.။ အလင်းထဲမှာ အရမ်းမှောင်နေတဲ့ image တစ်ခုကို underexposed ဖြစ်နေတယ်လို့ သတ်မှတ်ပါတယ်.။ သာမန်ထက် အရမ်းလင်းနေတဲ့ image တစ်ခုကိုတော့ overexposed ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

Exposure ကို Lensရဲ့aperture,ISO,shutter speed တွေနဲ့ ထိန်းချုပ်ပါတယ်. Manual mode ရိုက်လို့ရတဲ့ Phone camera တွေမှာ shutter speed ပါပါတယ်။. 2s,4s,8s,16s,32s အထိပါလေ့ရှိပါတယ်.။Shutter speed ဆိုတာ lens ထဲကို အလင်းဝင်တဲ့အချိန် ပမာဏ ကိုပြောတာပါ ။

ပြောရမယ်ဆိုရင် shutter speed 4s ဆိုရင် အလင်း တွေ ဟာ 4secလောက် camera ထဲ ကိုဝင်သွားမယ်လို့ ဆိုချင်တာပါ ။.ကြာလေ လင်းလေပေါ့. ။ Shutter speedကို 2second ထိတင်ရိုက်မယ်ဆိုရင် shutter buttom ကိုနိပ် 2secနေမှ Camera က image ကို capture လုပ်မှာဖြစ်ပါတယ် .။

အလားတူပဲ 32sec မှာရိုက်မယ်ဆိုရင်လည်း 32sec ကြာမှ capture လုပ်မှာဖြစ်ပါတယ်။.သတိ ထားရမှာက Shuuter speed အရမ်းမြင့်မြင့်နဲ့ ရိုက်မယ်ဆိုရင်Tripod ကိုသုံးရမှာပါ.။ လက်ရဲ တည်ငြိမ်မှုနဲ့ရိုက်ဖို့မဖြစ်နိုင်ပါဘူး. ကျနော်တို့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အမှောင်ထုထဲမှာ လင်းထိန်စွာနဲ့ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် shutter speedကို 32s လောက်ဖြင့်ရိုက်ရင် မြင်ရပါတယ်.။


DSLRမှာသာမန် အမှောင်ထဲမှာ ISO မြင့်မြင့်နဲ့ ရိုက်လို့ ရတယ်ဆိုပေမယ့် Noise တွေအရမ်း များလာပါလိမ့်မယ်. Shutter speed က mobile photography မှာတော် တော်လေးအရေး ပါတယ်လို့မြင်ပါတယ်.။

Manual Mode ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ် ရင် ဓာတ်ပုံကောင်းတွေ ရနိုင်ပါ တယ်။.ဥပမာ Huawei ရဲ့ Leica camera တွေဟာ Manual modeနဲ့ ရိုက်မယ် ဆိုရင် အရမ်းအဆင်ပြေမှာပါ.... Point and shot အတွက် ကတော့ Google Pixelတွေ Iphone တွေက ပိုအဆင်ပြေပါတယ်။

.ကျနော် အမှောင်ထဲမှာ auto mode နဲ့ရိုက်ထားတဲ့ပုံနဲ့ shutter speed 32 sec နဲ့ရိုက်ထား တဲ့ပုံနှစ်ပုံကို ယှဉ်ပြ ထားပါတယ်။ အမှောင်ထဲမှာ Still objectတွေကိုရိုက်ဖို့ Exposure ကိုမြင့်မြင့် သုံးနိုင်ပါတယ်.။ တစ်ချို့Pro cameraman တွေကတော့ Landscape တွေရိုက်ဖို့ အတွက်လည်း shutter speed မြင့်မြင့်နဲ့ LE ရိုက်လေ့ရှိ ပါတယ်။


Digital vs Optical
smartphone တွေမှာ optical zoom ရဖို့နောက်ထပ် tele lens တွေတပ်ပြီး 2x zoom ဆို တာကို Iphone 7 plus မှာပထမဆုံးချပြခဲ့ပါတယ်...(ဟာ သားရီး အရင် ကလည်း ဖုန်းတွေမှာ zoom ရပါတယ်ဟ..)

မဟုတ်ပါဘူး။ အရင်က ရတာက image ကို crop လုပ်လိုက်ပီး zoom သဘောမျိုးလုပ်တာပါ။တကယ်zooming လုပ်တာမဟုတ်တဲ့အတွက် blur ဖြစ်သွားတာတွေ ကိုတွေ့ရမှာပါ.။
Optical zoom lens တွေကို တပ်ထားတဲ့အတွက် 2x zoomကို ကြည်ကြည်လင်လင် ရလာပါ တယ်။ အခုေ နာက်ဆုံး ထွက်ထားတဲ့ Mate 20 pro မှာဆိုရင် 3x optical zoom lens တွေကို ထည့်သွင်းပေးထားပါ တယ်။


Digital zoom နဲ့ optical zoom ကတော့ Cybershot camera လေးတွေမှာပဲ သိသိသာသာ ထည့်သွင်းပေး ထားတာကိုတွေ့ရပါတယ်. ။ Optical 5x zoomတို့ Digital 50x zoom တို့ဆိုပြီး ထည့် သွင်းပေးထားတာကိုမြင်ဖူးကြမှာပါ။ .ပြောရ မယ်ဆိုရင် Digital zoom က software နဲ့လုပ်တာဖြစ် ပီး။ optical zoom ကတော့ Hardware zoom lens တွေနဲ့ လုပ်ဆောင်ပေးတာပါ။ ဒါ့ကြောင့် optical zoom တွေက ပိုကောင်းရခြင်းဖြစ်ပါတယ်။


ISO
Manual modeမှာ ISO ဆိုတာလည်းပါပါတယ်။ISO ဆိုတာကတော့ Camera ကဘယ် လောက် Light ထဲမှာ sensitive ဖြစ်လည်း ဆိုတာ ကို တိုင်းတာတာပါ.။
ဥပမာ ISO 100 ဆိုတာ သိပ် sensitive မဖြစ်ပါဘူး. Normal ISO လို့သတ်မှတ်ထားပါတယ်။ ဖုန်းတွေမှာ ISO 3200 ထိ အမြင့်ဆုံးပါပါတယ်။. သူကလည်း အမှောင်ထဲမှာရိုက်ဖို့အတွက် အသုံးပြုတာပါ။.သူကတော့အချိန်ယူစရာမလိုပါဘူး။


ဒါပေမယ့် ISO မြင့်လေ Noise လို့ခေါ်တဲ့ အနီစက်လေး တွေ များလေပါ. Detail တွေလည်း ပျောက်ကုန်လေ့ ရှိပါတယ်.ဒါ့ကြောင့် Phone နဲ့ရိုက်မယ်ဆိုရင် ISO တင်ဖို့ထက် Exposure time ကိုမြင့်ပြီးရိုက်ဖို့ အကြံပေး ချင်ပါတယ်။ ISO ကိုလည်း aperture နဲ့s hutter speed က ထိန်းချုပ်ထားပါတယ်။


Focal length(F)
ဆယ်တန်း Chap (5) Lens အခန်းမှာ သင်ခဲ့ဖူးကြမှာပါ။Focal length ဆိုတာက Lens နဲ့ Object နဲ့အကွာ အဝေး ပါ။ focal length ကို camera app မှာ F အကြီးနဲ့ပြထားပါ တယ်၊ mm နဲ့ တိုင်းတာပါတယ်။ 10mm,40mm, 400mm စသည်ဖြင့်တိုင်းတာပါတယ်။

ဥပမာ Focal length 10mm ဆိုရင် camera နဲ့ 10mm အဝေးမှာရှိတဲ့ objectကိုပဲfocus လုပ်ပေးမှာပါ။

အဲဒီထက်ဝေးတဲ့နေရာက အရာဝတ္ထုမှန်သမျှကို blur လုပ်ပေးမှာပါ။ Focal lenghth 400mm ဆိုရင်တော့ camera lens နဲ့ 400mm အဝေးကobjကို focus လုပ်ပေးမှာပါ. Focal length ဆိုတာ focus လုပ်တဲ့ အကွာ အဝေးကိုပြောတာပါ။


White Balance
White balance ဆိုတာကတော့ camera တစ်လုံးရဲ့ color temp တွေ color မှန်ကန်မှုကို လုပ်ဆောင်ပေး တာဖြစ်ပါတယ်။ cool ဖြစ်ပြီး အဖြူဘက်များတဲ့ camera တွေ warm ဖြစ်ပြီး အဝါဘက်ရောက်တဲ့ camera တွေကိုလည်း smartphone တွေမှာတွေ့ရမှာပါ။


အခု နောက်ဆုံးထွက်တဲ့ Iphone XS မှာ တော်တော် လေး warm ဖြစ်တဲ့ဘက်ကိုရောက်တဲ့ photo တွေကို တွေ့ရမှာပါ။အများအားဖြင့်.Pixel ဖုန်းတွေက White balance ကောင်းတဲ့ ဖုန်းတွေလို့မြင်မိပါတယ်။


Dynamic Range
Dynamic range ဆိုတာကတော့ darkest ဖြစ်တဲ့နေရာ နဲ့ Lightest ဖြစ်တဲ့နေရာတွေနဲ့ color tones တွေကို ပြောတာပါ။

Dynamic range ကောင်းတယ်ဆိုတာကတော့ Dark နဲ့ light က ညီမျှတာကို ဆိုလိုပါတယ်။မှောင်နေတဲ့နေရာက လည်း အရမ်း မမှောင်တော့သလို လင်းနေတဲ့နေရာ ကလည်း အရမ်း မလင်းပဲ object တွေကို ပြတ်ပြတ်သား သားမြင်ရတာကို Dynamic range ကောင်းတယ် လို့ပြောတာပါ။Dynamic range ကို stop နဲ့တိုင်းတာ ပါတယ်။



Credit to TextforTech & Myanmar Web Store
Photo: Google
Chyeju Kaba Sai.
#MADEN Group



No comments:

Post a Comment