Tuesday, December 15, 2020

ဘဏ် ဘဏ် ဘဏ့် ဘဏ်

 



ချေး ငွေ တွေ အ တွက် အ တိုး တွေ အ တင်း မ တောင်း တာ ၊ ပြတ် မ ဆပ် ခိုင်း သေး တာ က လွဲ ရင် အ များ ကြီး မ ပြောင်း သေး ပါ ဘူး ။ 


Covid 19 ကာ လ ကို နောက် ထပ် နှစ် နဲ့ ချီ ဖြတ် သန်း ရ ပြီး ထိ ရောက် တဲ့ ဖြေ လျော့ မှု မ လုပ် ပေး ရင် အိမ် ခြံ မြေ အ မြောက် အ များ ဘဏ် တွေ ကို ထိုး အပ် ကြ ရ လိမ့် မယ် ။ 


နိုင် ငံ တစ် ခု ရဲ့ စီး ပွား ရေး ကို နိုင် ငံ တွင်း ရှိ ဘဏ် တွေ နဲ့ အ တင် အ ချ လုပ် လို့ ရ တယ် ။ အ မေ ရိ ကန် မှာ ဂ လင်း စ ပန်း လုပ် ပြ ခဲ့ တယ် ။ 


ဘဏ် တွေ ဖြေ လျော့ မှု လုပ် မ ပေး နိုင် သေး ရင် အ စိုး ရ က ဖြေ လျော့ မှု လုပ် ပေး ရ မယ် ။ အ စိုး ရေ ဖြေ လျော့ ပေး ရ မှာ က မြင့် မား တဲ့ အ ခွန် တွေ လျော့ ပြီး ရှုတ် ထွေး တဲ့ လုပ် ထုံး လုပ် နည်း တွေ ပြင် ပေး ရ မှာ ။ 


ကု လ သ မ ဂ္ဂ က Covid 19 ကြောင့် မြန် မာ နိုင် ငံ ရဲ့ SME လုပ် ငန်း ၉၃ % လောက် ပြို လဲ သွား နိုင် တယ် လို့ ခန့် မှန်း ခဲ့ တယ် လို့ ဖတ် လိုက် ရ တယ် ။ ADB လို့ ခေါ် တဲ့ အာ ရှ ဖွံ့ ဖြိုး ရေး ဘဏ် က တော့ မြန် မာ GDP ၄.၅ % အ ထိ ကျ မယ် လို့ ပြော တယ် ။ 


မြန် မာ နိုင် ငံ မှာ Covid ကြောင့် ကု စား မှု က နိုင် ငံ GDP ရဲ့ ၄ % ရှိ တယ် လို့ ဆို တယ် ။ အ များ စု က ဆေး ကု သ စား ရိတ် ၊ ရော ဂါ ကာ ကွယ် ရေး နဲ့ အိမ် ထောင် စု တွေ ကို တိုက် ရိုက် ထောက် ပံ့ တာ ။ စု စု ပေါင်း သန်း ပေါင်း ၁၈၂၃၉၄၈. ၃၇၄ သန်း ( သန်း ပေါင်း ၁၈ သိန်း ကျော် ) ရှိ တယ် ။ မ ဝေ ဖန် ချင် ပေ မယ့် Covid 19 ကို မြန် မာ တာ ဝန် ရှိ တွေ ပေါ့ ပေါ့ တွေး ခဲ့ ကြ တယ် ။ 


စီး ပွား ရေး လုပ် ငန်း ရှင် တွေ ကို ငွေ ထုတ် ချေး တာ ၃၉၉၀၀၀ သန်း ပဲ ရှိ တယ် ။ ၅ ဆ လောက် ကွာ တယ် ။ အဲ့ ဒါ နိုင် ငံ ခြား စီး ပွား ဆက် သွယ် ရေး ဝန် ကြီး ဌာ န က အ မြဲ တမ်း အ တွင်း ဝန် ဦး အောင် နိုင် ဦး ပြော ထား တာ ။ 

ဘဏ် တွေ က သူ ရ မယ့် အ တိုး ကို နေ့ ချင်း တွက် ယူ ယုံ မ က ဘူး တိုး ရင်း ပေါင်း အ ပေါ် တောင် အ တိုး ထပ် ယူ တာ မျိုး လုပ် ထုံး လုပ် နည်း တွေ ပြင် ပေး သင့် တယ် ။ 


ဘဏ် တိုး တွေ ချ လိုက် ရင် အပ် ငွေ တွေ ပြန် ထုတ် သွား မယ် ဆို တဲ့ မ ဆီ လျော် တဲ့ ဆင် ခြေ တွေ က ဘဏ် သူ ဌေး ကြီး တွေ ရယ် ၊ ဘဏ် ထဲ ကို ပိုက် ဆံ ထည့် ထား နိုင် တဲ့ ဝန် ထမ်း တွေ ရယ် အ တွက် ရပ် တည် နေ ကြ သ လို ဖြစ် နေ တယ် ။

 

တစ် က မ္ဘာ လုံး Covid ကြောင့် စီး ပွား ရေး လှုံ့ ဆော် ပြီး ကိုယ့် နိုင် ငံ ထဲ လုပ် ငန်း တွေ ပြန် လည် ပတ် အောင် ဆောင် ရွက် နေ တဲ့ အ ချိန် မှာ မြန် မာ တစ် နိုင် ငံ ထည်း ပိုက် ဆံ တွေ ဘဏ် ထဲ ထည့် ပြီး အ တိုး ထိုင် စား နေ စေ တာ မ မှန် ပါ ဘူး ။ 


ဗ ဟို ဘဏ် က ဒေါ် လာ အ ရောင်း အ ဝယ် လုပ် နေ ရ မှာ မ ဟုတ် ပဲ အ တိုး အ တင် အ ချ နဲ့ ဘဏ် ထဲ က ပိုက် ဆံ တွေ အ ပြင် ထွက် ပြီး လုပ် ငန်း တွေ မှာ ရင်း နှီး မြုတ် နှံ ဖြစ် အောင် လုပ် ပေး ရ မှာ ။ ပြည် သူ က သူ့ ပိုက် ဆံ ကို ဘဏ် ထဲ မှာ ထား လို့ အ ကျိုး မ ရှိ ရင် အ ပြင် ထုတ် ပြီး အ ကျိုး ရှိ တာ လုပ် ကြ လိမ့် မယ် ။ 


တစ် က မ္ဘာ လုံး ဘဏ် တိုး တွေ နည်း နေ တာ ဘဏ် ထဲ မှာ ငွေ တွေ စု မ နေ စေ ချင် လို့ ၊ ပြည် သူ တွေ အ လုပ် လုပ် စေ ချင် လို့ ပါ ။ 


နောင် တစ် ချိန် သ တ္တိ ရှိ ပြီး မှန် မှန် ကန် ကန် လုပ် ရဲ တဲ့ သူ ပေါ် လာ ရင် မြန် မာ နိုင် ငံ မှာ အ ကျပ် အ တည်း ဖြစ် နေ တာ ထိုင် ကြည့် သွား ခဲ့ တဲ့ သူ တွေ ရှိ တယ် ဆို တဲ့ မှတ် တမ်း ဖြစ် လာ မှာ စိုး ပါ တယ် ။ 


လူ မှာ Level ရှိ တယ် ။ အဲ့ ဒီ အ ကြောင်း ခ ဏ ခ ဏ ရေး ပြ ခဲ့ ပြီး ပြီ ။ နေ့ စဉ် စား ဖို့ သာ ရုန်း ကန် နေ ရ တဲ့ သူ တွေ အ တွက် ဘဏ် တိုး တွေ ဘဏ် လုပ် ထုံး လုပ် နည်း တွေ အ ရေး မ ကြီး ဘူး ။ ရပ် ကွက် ထဲ က နေ့ ပြန် တိုး က ပို အ ရေး ကြီး တယ် ။ အဲ့ ဒီ လူ မျိုး က နိုင် ငံ စီး ပွား ရေး ကို မှီ ခို နေ ရ တယ် ။ ရေ မြင့် မှ ကြာ တင့် မယ့် သူ တွေ ။ 


ပုံ မှန် ဝင် ငွေ ရှိ တဲ့ ကု မ္ပ ဏီ ဝန် ထမ်း တွေ လ ခ စား တွေ Black money ပိုင် ရှင် တွေ အ တွက် ဘဏ် တိုး များ လေ ပို ကိုက် လေ ပါ ။ 


SME လို့ ခေါ် တဲ့ အ သေး စား အ လတ် စား လုပ် ငန်း ရှင် တွေ အ တွက် ဘဏ် တိုး နဲ့ ဘဏ် လုပ် ထုံး လုပ် နည်း တွေ က အ သက် လောက် အ ရေး ကြီး တယ် ။ သူ တို့ က နိုင် ငံ စီး ပွား ရေး အ တွက် အ ရေး ကြီး တယ် ။ သူ တို့ အ လုပ် မ လုပ် နိုင် ရင် စီး ပွား ရေး ယ န္တ ရား ကြီး တုံ့ နှေး ပြီး ဂျမ်း ( Jam ) ဖြစ် သွား တတ် တယ် ။ ( ခု လည်း ဖြစ် နေ ပါ တယ် ) 


ခ ရို နီ လို အ မည် တွင် ခဲ့ ဖူး တဲ့ အ ခု တိုင် ကွန် တွေ အ တွက် ဘဏ် တိုး လည်း ပြ ဿ နာ မ ရှိ ဘူး ၊ ဘဏ် လုပ် ထုံး လုပ် နည်း လည်း ပြ ဿ နာ မ ရှိ ဘူး ။ သူ တို့ က တက် တဲ့ အ စိုး ရ ကို ပေါင်း မယ် ။ နောက် အ စိုး ရ လာ ရင် နောက် အ စိုး ရ ကို ထပ် ပေါင်း လိမ့် မယ် ။ 


အဲ့ ဒီ ခ ရို နီ တွေ တိုင် ကွန် တွေ က ဘဏ် အ ကောင့် ဆယ် ခု လောက် ဖွင့် ထား ပြီး သူ့ ပိုင် ပိုက် ဆံ တွေ ကို အ တိုး ထိုင် ယူ နေ တာ ။ သူ ပြန် ဆပ် ရ မယ့် အ ကြွေး အ တွက် လုပ် ငန်း တစ် ခု နဲ့ ဘဏ် အ ကောင့် တစ် ခု ကို ထိုး ကြွေး ဖို့ အ ဆင် သင့် ပဲ ။ 


ခ ရို နီ တွေ က သူ့ ပြ ဿ နာ တစ် ခု အ တွက် သူ့ ပိုင် ဆိုင် မှု တစ် ခု နဲ့ သူ့ ကု မ္ပ ဏီ တစ် ခု ကို ဘဏ် ကို ထိုး အပ် လိုက် ပြီး ကျန် တဲ့ ကိုး ခု လောက် နဲ့ ထိုင် ပြီး နောက် ဘ ဝ အ ထိ ဖြုန်း နေ နိုင် တယ် ။ 


ကု မ္ပ ဏီ တွေ မှာ ဘာ လို့ လီ မီ တက် ဆို တဲ့ အ မည် တတ် သ လဲ ဆို တော့ အဲ့ ဒီ လီ မီ တက် ရှိ သ လောက် ပဲ ပြန် လျော် မယ် ဆို တဲ့ သ ဘော ပဲ ။ 


အ ကြွေး က သိန်း ၁၀၀ ရှိ ပေ မယ့် လီ မီ တက် ကု မ္ပ ဏီ က ၅ သိန်း ပဲ Limit သတ် မှတ် ထား ပြီး မ တည် ထား ရင် အ ကြွေး ဘယ် လောက် ဖြစ် ဖြစ် ၅ သိန်း ထပ် ပို လျော် စ ရာ မ လို ဘူး ။ Co , Ltd ဆို တာ အဲ့ ဒါ ။ YBS တို့ Water bus တို့ အ ကြောင်း ထဲ ထဲ ဝင် ဝင် လေ့ လာ ကြည့် ကြ ပေါ့ ။ 


ဒီ တော့ ဘဏ် နဲ့ ပတ် သက် တဲ့ ပြ ဿ နာ ကို အ များ စု ခံ နေ ရ တာ SME တွေ ပဲ ရှိ တယ် ။ ခ ရို နီ တွေ ကို တိုက် ထုတ် ပစ် မယ် ဆို ပြီး အ စ စ ချုပ် ကိုင် လိုက် တာ ခ ရို နီ တစ် ယောက် စ နှစ် ယောက် စ လောက် ပဲ ထိ ခိုက် ခဲ့ ပြီး အ များ စု ခ ရို နီ တွေ က တိုင် ကွန် တွေ ဖြစ် ကုန် တယ် ။ 


SME အား လုံး နဲ့ ပြည် သူ တွေ ခွက် မ ဆွဲ ရ ယုံ သာ ကျန် ခဲ့ သ လို ဖြစ် စေ ခဲ့ တယ် ။ SME လုပ် ငန်း ရှင် တွေ က ဒီ ကိ စ္စ ပြို လဲ သွား ရင် နောက် တစ် ခု ပြန် လုပ် မယ် ဆို ပေ မယ့် နောက် တစ် ခု လည်း ပြို လဲ နေ တယ် ။ Covid ကာ လ ပို ဆိုး ပါ တယ် ။ 


ဇေ က မ္ဘာ ကု မ္ပ ဏီ က မြ ရိပ် ညို ကြီး ပြန် သိမ်း လိုက် တယ် တို့ ၊ ထူး ကု မ္ပ ဏီ က လေ ကြောင်း လိုင်း တွေ ရပ် သွား တယ် တို့ ဘယ် လောက် ပြော ပြော Landcruiser စီး မ ပျက် ဘူး ၊ Lamborghini အ စီး မ ပျက် ဘူး ။ 


လုပ် စ ရာ မ ရှိ တော့ တဲ့ SME တွေ က နေ့ စဉ် တက် နေ တဲ့ ဘဏ် တိုး တွေ ကြောင့် အိမ် ရောင်း ရ နိုး နိုး ၊ ဒေ ဝါ လီ ခံ ပြီး ပြည် ပ ပဲ ပြောင်း ရ နိုး နိုး နဲ့ ရှိ သ မျှ ထိုင် ရောင်း ပြီး တစ် ယောက် တွေ့ တစ် ယောက် ညီး ပြ နေ ကြ တယ် ။ 


တစ် ကယ် SME တွေ ကို ကူ ညီ ချင် တယ် ဆို Covid 19 ကို အ ကြောင်း ပြ ပြီး ဘဏ် တိုး တွေ ရပ် ထား ပေး သင့် တယ် ။ Covid 19 ကို အ ကြောင်း ပြ ပြီး ဘဏ် တိုး တွေ လျော် ပေး သင့် တယ် ။ Covid 19 အ ကြောင်း ပြ ပြီး ဘဏ် လုပ် ထုံး လုပ် နည်း တွေ ပြင် ပြီး ဘဏ် တိုး တွေ လျော့ ချ သင့် တယ် ။ 


ဘဏ် က ယူ ထား တဲ့ အ ရင်း ပဲ ပြန် ဆပ် ကြ တော့ အ တိုး မ ပေး နဲ့ တော့ လို့ ရပ် ကွက် ထဲ က အ ပေါင် ဆိုင် တွေ ငွေ တိုး ချေး စား သူ တွေ လုပ် သ လို လုပ် သင့် တယ် ။ 


ဘဏ် တိုး တွေ ရပ် လိုက် ရင် ဘဏ် တွေ ဘယ် လို ရပ် တည် မ လဲ မေး လိမ့် မယ် ။ အ ခု ကော ဘယ် လို ရပ် တည် နေ လဲ မေး ကြည့် ပေါ့ ။ အ ခု ချေး ငွေ ယူ ထား တဲ့ အ များ စု ဘဏ် တိုး မ ပေး နိုင် ကြ တော့ ဘူး ။ ဘဏ် တွေ သွား မေး ကြည့် ကြ ပါ ။ 


လဲ နေ သူ ထူ ပေး ပါ 

အား ငယ် သူ အား ပေး ပါ 

ရေ ထဲ က လူ ဆယ် ယူ ပါ 

အ ကူ အ ညီ ပေး ပါ ။ 

ဆို တဲ့ သူ ငယ် တန်း က စာ အ ခု အ ချိန် အ သုံး ချ သင့် တယ် ။ 


SME တွေ ကို ကူ ညီ ဖို့ အ ပေါ် က တောင်း ဆို တာ တွေ ကို တွေး ပြီး ဘဏ် တွေ ထဲ ကို ဗိုလ် ချုပ် အောင် ဆန်း ပုံ နဲ့ ရိုက် နှိပ် ထား တဲ့ ပိုက် ဆံ တွေ ထည့် လိုက် ပါ ။ 


ကို ဗစ် ကာ လ မှာ Infrastructure မ ပြည့် စုံ သေး တဲ့ မြန် မာ နိုင် ငံ ကို အ လုပ် လာ မ လုပ် ကြ ပါ ဘူး ။ မြန် မာ နိုင် ငံ ထက် အ စ စ ပြည့် စုံ တဲ့ အာ ဆီ ယံ နိုင် ငံ တွေ အ များ ကြီး ပါ ။ ရှိ ပြီး သား တွေ တောင် ပြန် ထွက် နေ တာ အ မှန် တ ရား ပါ ။ နိုင် ငံ တိုင်း ရုန်း ကန် နေ ရ ပါ တယ် ။ 


ဟို က လာ မယ် ဒီ က လာ မယ် လို့ ကိုယ့် ရဲ့ Infrastructure ကို သေ ချာ မ တွေး ပဲ မျှော် နေ ရင် အ ချိန် ကုန် သွား မယ် ။ အ ခု ဟို က လာ မယ် ဒီ က လာ မယ် ပြော နေ ကြ တာ ခ ရမ်း ပျိုး ဖို့ မြေ လာ စမ်း နေ တာ ။ တ ရုတ် က လွဲ ရင် ဘယ် သူ မှ မ လာ နိုင် သေး ပါ ဘူး ။ 


ပု ဂ္ဂ လိ က ဘဏ် တွေ မှာ အ ခု ငွေ သွင်း ငွေ ထုတ် လုပ် ဖို့ တစ် ရက် အ ချိန် ပေး ရ တယ် ။ ကို ဗစ် ကြောင့် တန်း စီ စ နစ် နဲ့ တို ကင် ပေး တာ ဘဏ် ခွဲ တစ် ခု ကို နေ့ တိုင်း တို ကင် နံ ပါတ် ၂၀၀ ကျော် ရှိ တယ် ။ 


ငွေ ကြေး လည် ပတ် ဖို့ ဒီ လောက် ကြာ နေ စေ ချင် ရင် ဘယ် လို လုပ် စီး ပွား ရေး သွက် လက် လာ မှာ လဲ ။ ကိုယ့် ပြ ဿ နာ ကိုယ် ရှင်း ဆို တဲ့ မူ နဲ့ သွား နေ တဲ့ တာ ဝန် ရှိ တွေ ကို နား လည် ပေ မယ့် နိုင် ငံ တော် ဆို တာ ပြည် သူ တွေ ရဲ့ ခက် ခဲ နေ တာ ကို ဖြေ ရှင်း ပေး တဲ့ အ ဖွဲ့ အ စည်း လည်း ဖြစ် သင့် ပါ တယ် ။ 


ပြီး ခဲ့ တဲ့ ကာ လ ကို ထား ခဲ့ လိုက် တော့ ။ လာ မယ့် အ ချိန် မှာ တော့ ဘဏ် တွေ ကို စ နစ် တစ် ကျ ကိုင် တွယ် ပြီး ပြည် တွင်း လုပ် ငန်း တွေ ကို တစ် ကယ် လှုတ် ခပ် ပေး နိုင် မယ့် ၊ တစ် ကယ် လုပ် ရဲ ကိုင် ရဲ ရှိ မယ့် တာ ဝန် ရှိ တွေ ပါ လာ ပါ စေ လို့ ဆု တောင်း ပါ တယ် ။ 



Crd ....  မိုး တင့် ( ရန် ကုန် တ က္က သိုလ် ) 

            ၁၂ ၊ ၁၂ ၊ ၂၀၂၀ 

                                     မိုး တင့် ဆွေ 

                                  ၁၄ ၊ ၁၂ ၊ ၂၀၂၀ 

                                      တ န င်္လာ ။ 


No comments:

Post a Comment