Thursday, September 16, 2021

ကိုယ့်အတတ် ကိုယ်စူး

 


ကိုယ့်အတတ် ကိုယ်စူး 

                           Self entrapment 


မြန်မာ့စကားပုံ တွင် သတိပေးစကား အတော်များများ ထားရှိခဲ့သည်ကိုတွေ့ရသည်၊ ရှေးလူတို့ 

တာဝန်ကြေ၏။

   လည်လွန်းတဲ့ဘီး ချေးနင်း

   ကိုယ့်အတတ်ကိုယ်စူး 

   ပန်းတိမ်မတတ် ရွှေခိုးတတ်..... စသည်ဖြင့်။


နိုင်ငံအဆင့်နိုင်ငံရေးသည် အန္တရာယ်ကြီးလှ၏ ကမ္ဘာတွင် ချေးသင့်ခဲ့သော အလယ်လွန် ဘီးများစွာရှိခဲ့ဘူးသည် ။ ဘုရင့်မြတ်နိုးမှုကို အခွင့်ယူ၍ အလယ်လွန်သောနန်းမတော် မယ်နု နောက်ဆုံး နိဂုံးချုပ်မလှရခြင်းမျိုး သည် တစ်နင့် တစ်ပိုး သင်္ခန်းစာဖြစ်သည် ။


  ဝင်္ကပါသို့သော နိုင်ငံရေး

       Politics likes labyrinth.


နိုင်ငံရေးသည် ဝင်္ကဘာတစ်ခုကဲ့သို့ ရှိသည် ။ တစ်ဆင့်ချင်း တက်လာလေ... ဝင်္ကဘာတွင်းသို့ရောက်လေသဘောဖြစ်လာသည်၊ အမြင့်ဆုံးအဆင့်ရောက်လျင် ဝင်္ကဘာ အလယ်သို့ရောက်နေပြီဟု ယူဆနိုင်သည်၏ ။


ပြန်ထွက်နိုင်ရန် မဟာဗျူဟာခွာစစ် Strategic exit သာ ရှိမထားပါက အလိုအလျောက် ပိတ်မိခြင်းဟူသော

Self entrapment ဖြစ်ရတော့သည်၊ ပြောရလျင် ကိုယ့်အတတ် ကိုယ်စူး၊ ကိုယ့်ကိုယ်ကို ကိုယ်တိုင်ကြိုးတုတ်လိုက်ခြင်းလဲဖြစ်သည် ။


လောဘသားကောင် လူဖြစ်သောကြောင့်လောဘကို မထိမ်းချုပ်နိုင်သမျှ ကိုယ့်ကိုယ်ကို ကိုယ်တိုင် ပိတ်မိနေကြ သူများ ဖြစ်လာကြသည် ။


ထို့ကြောင့်လဲ ဗိုလ်ချုပ်အောင်ဆန်း က လွတ်လပ်ရေးရပြီးလျင် နိုင်ငံရေးထဲမှထွက်ပြီး စာပဲရေးတော့မည်ဟုဆိုခြင်းဖြစ်ဟန် တူသည်၊ အမည်မဖေါ်လိုတော့သော်လည်း (၈၈) နောက်ပိုင်းတကြော့ပြန်ဝင်လာသော နိုင်ငံရေးသမားဟောင်းကြီးများ၏ အသက်ကြီးမှဖြတ်သန်းခဲ့ရပုံများသည် သံဝေဂ အပြည့်ပင်။


  ခွာစစ် ဗျူဟာ

       Strategic exit.


* Covid-19 သည် နိုင်ငံများစွာကို ကြီးစွာနာကျင်စေလိမ့်မည် ။

* အင်အားမကောင်းသော နိုင်ငံခေါင်းဆောင်တို့ကို

   ဆွဲချသွားလိမ့်မည် ။

* အခင်းအကျင်းသစ်နှင့် မြင်ကွင်းသစ်တို့ကိုထွက်ပေါ်

   စေလိမ့်မည် ( New normal ) ဟုသတိပေးရေးသားခဲ့ပါ၏။ တစ်ခုချင်းဖြစ်လာခဲ့ပါလေ၏ ။


တစ်သက်လုံး လက်ခံထားခဲ့သော ဘောဂဗေဒ အယူအဆ တစ်ရပ်ဖြစ်သော Economy of scale မေးခွန်းထုတ်ခံလိုက်ရပြီ ။


စီးပွားရေး အင်အားအကြီးဆုံးသော အမေရိကန်ပင် အလွန် အမင်း နာကျင်စွာခံစားနေရသည် ။ နိုင်ငံ (၃) ခုတို့၏ အစိုးရများပြုတ်ကျသွားခဲ့လေပြီ။ နိုင်ငံကြီးအချို့ အပါ နိုင်ငံအတော် များများ ဆန္ဒပြပွဲများနှင့် ရင်ဆိုင်နေကြ၏ ။ အခြေအနေက In the heart of labyrinth ဟူသည့် ဝင်္ကဘာ အလယ်သို့ရောက်နေသည့်အချိန်၊ ကိုယ့်ဖါသာကိုယ်လှောင်ပိတ်မိနေသည် အခြေအနေ Self entrapment မျိုးဖြစ်နေ၏ ။


ရိုးရိုးသားသား တက်လာသူတို့ ပင်လျင် အခြေအနေ၏တွန်းပို့မှုကြောင့် entrapped ဖြစ်နေလျင်၊ ဆန်းဆန်းပြားပြားဖြစ်သူတွေအတွက် သပွတ်အူ ဖြစ်၊ ကကြိုးရှုပ်ဖြစ်မည်မှာမေးစရာမလိုတော့ချေ ။


  ဘယ်သူတွေ ဘာပြောနေကြလဲ ?

        Who say what ?

ခေါင်းစဉ် တစ်ခု တပ်ပြီးမြန်မာနိုင်ငံနှင့် တပ်မတော်ကို ဖိအားပေး ဖျက်ဆီးနေကြသော အဝေးရောက် အချို့တို့ ဘာပြောနေကြပါသလဲ ? 

နိုင်ငံတစ်ကာဖိအား၊ မြန်မာနိုင်ငံ ဖျက်ဆီးနိုင်ရေးအတွက် တပ်မတော်နှင့် အစိုးရကို မည်သို့ Cornering လုပ်နေကြပါသလဲ  ?

စိုးရိမ်စရာ အခြေအနေတစ်ခုသို့တော့ တွန်းပို့ခံနေရပြီဟုမြင်ပါသည် ။ လူပုဂ္ဂိုလ်အချို့သည်၎င်း၊ နိုင်ငံသည်၎င်း Entrapped ဖြစ်မှန်းမသိ ဖြစ်လာခဲ့ချေပြီ။


ဘာကြောင့်ဖြစ်ရသနည်း

ဘယ်သူ့ကြောင့်ဖြစ်ရသနည်း

မည်သို့ဖြေရှင်းပါမည်နည်း ။


UWSA ဗိုလ်သင်တန်း ဖွင့်ပွဲကိုတွေ့လိုက်ရပြန်သည် ။ စိတ်မသက်သာလှ၊ ခန္ဓာကိုယ် ခုခံအားနည်းသည့်အခါ

ရောဂါတို့ တိုးဝင်လာသည့်သဘောဖြစ်သည် ။ One of self entrapments ဟု ယူဆသော်ရ၏ ။


 သမိုင်းအမွေ

       Legacy.


ပဲပြုတ်သယ်၏ မိသားစုအပေါ် ထားခဲ့သော သမိုင်းအမွေသည်နောက်မျိုးဆက်တို့၏ သမိုင်းသင်ရိုးညွှန်းတန်းဝင်မဖြစ်နှိုင်သော်လည်း၊ နိုင်ငံတစ်ခုကို ဦးဆောင်ခဲ့သူတို့၏ သမိုင်းကား သင်ရိုးတ်ု့တွင် မထဲ့ချင်၍မရပြန်။


ငတ်တစ်လှည့်၊ ပြတ်တစ်လှည်ကို အချိန်က ကုစားပေးနိုင်သော်လဲ သမိုင်းအမဲစက်ကိုမူ ဖြောက်ဖျက်မရတတ်ချေ ။


ခေတ်သည် ယခင်ကလို မဟုတ်တော့၊ မည်သိုဖုံးဖုံး ကွယ်မရခေတ်ဖြစ်သည်၊ နည်းပညာရပ်တို့ကြောင့်၎င်း ၊ သုတေ သနအမြင်ရှိ ပညာတတ်တို့ကြောင့်၎င်း အမှန်တရားသည်ရှေးကလို လှည့်ဖြားလို့မရတော့ချေ ။


အမွေကောင်းထားခဲ့နိုင်မလား ? ကိုယ့်ကိုယ်ကို မေးရန်လိုသည်ချေးမနင်းမီ ဘီးလည်ကောင်း၏ ။ ကံကုန်၊ စန်းကျသောအခါ ချေးနင်း၏ ။ ထို့ကြောင်း ဘီးတိုင်း အလည် မလွန်သင့် အလည်လွန်ခဲ့ပါလျင်လည်း အကောင်းဆုံးသော အဖြေတစ်ခုကို ရှာထားသင့်သည် ။

ပြောသာပြော၊ ရေးသာရေး အားကရှိသည်မဟုတ်နောက်ဆုံး မြေတစ်ဝက်မြိုမှသိကြမည့်ပုံ။



  နပိုလီယံနှင့် ဝါတာလူး

        Napoleon and Waterloo.


တိုက်တိုင်းအောင် ၊ ပြည်သူ့ထောက်ခံမှု အပြည့်ရခဲ့သော နပိုလီယံကို ဝါတာလူးစစ် မတိုက်ရန် ဝိုင်းတားခဲ့၏ ။

မာန်တက်နေသော နပိုလီယံ လက်မခံခဲ့၊ ဝါတာလူးသည် နပိုလီယံ၏ ကံတစ်ဆစ်ချိုး၊ ဘဝအကွေ့တစ်ခုဖြစ်သွားသည် ။ ဝါတာလူးစစ်ကို နပိုလီယံ မရှုမလှ ရှုံးနိမ့်ခဲ့၏၊ နောက်ဆုံး အကျဉ်းသားဘဝရောက်ခဲ့သည်အထိ

အချိုးအကွေ့ကကြမ်းတမ်းခဲ့သည် ။


ယနေ့ မြန်မာတို့ ရင်ဆိုင်နေရသော ... 

ဗိုင်းရပ်စ်၊ 

ပြည်ပဖိအားနှင့် 

(၅) နှစ်မျှကျဆင်းနေသော စီးပွားရေး စသည်တို့၏ အစုအပေါင်း အကျိုးဆက်သည် Second Waterloo သဏ္ဏာန်နှင့် တူသည်ဟု တင်စား နိုင်ပါလိမ့်မည် ။


တိုင်းပြည်သည်၎င်း၊ လူပုဂ္ဂိုလ်တို့သည်၎င်း ဝင်္ကဘာတစ်ခု ထဲသို့ရောက်နေပြီး၊  ခြံရံဝိုင်းပတ် ထားသောစစ်ကို ရင်ဆိုင်နေရသည်နှင့်တူနေ၏ ။


ဘယ်သူမပြု မိမိမှုသာဖြစ်သည် အဆင်ခြင်မဲ့သော ကကြိုးရုပ် ခြေရှုပ်ခြင်းနှင့်လည်းတူပြန်သည် ။ အရှိန် မထိမ်းနိုင်တော့သော အလည်လွန်ဘီးမရှောင်သာတော့ပဲ မိုင်းနင်းတော့မည်ကဲ့သို့လဲ ရှိပြန်သည်။


Strategic exit သည်သာ ရွေးချယ်စရာဟုလဲ မြင်ပါသည်။


Crd ..  နေဇင်လတ် ( 15.9.20 )


No comments:

Post a Comment