Wednesday, December 16, 2020

ကြယ်ကြွေခြင်း

 



ယခုမြင်လိုက်ရသော ကြွေကျသွားသည့်ကြယ်သည် ယခင်နှစ်သန်းချီခန့် ကတည်းက ကြွေကျသွားခဲ့ပြီးဖြစ်သည် ။ ထိုသို့ကြွေကျသွားသည်ကို မြင်နိုင်ရန် ပုံရိပ်သည် ကမ္ဘာမြေရှိကြည့်သူ လူသားဆီသို့ အလင်း အလျင်နီးပါးဖြင့် လာခဲ့ရ၏ ။


အလင်း အလျင်သည်

1 second တွင် 186000 miles ရှိသည် ။

အသံထက် အဆများစွာမြန်သည် ။

အလင်း၏ တမိနစ်တွင်ရောက်သော ခရီးကို ရလိုပါက 186000 မိုင်ကို ၆၀ နှင့်မြှောက်ပါ ။


ထို့အတူပင် ..

တနာရီတွင်ရောက်သောအရွေ့ကို ရလိုက ၆၀ ဖြင့်မြှောက်ပြီးသား ရလာဒ်ကိုပင် ​နောက်ထပ် ၆၀ ဖြင့်မြှောက်ပါ ။ ရလာသော ရလာဒ် မိုင်ပေါင်းကို ၂၄ နာရီဖြင့်မြှောက် ၊ တစ်ရက်စာ အလင်း၏ ခရီးမိုင်ကို ရမည် ။

တစ်လ အတွက် လိုပါက ရခဲ့ပြီးသမျှ ရလာဒ်ကို ၃၀ ဖြင့်မြှောက် ၊

ထိုမှတစ်ဖန် ရလာဒ်ကို ၁၂ ဖြင့်မြှောက်က အလင်း၏ တစ်နှစ် ခရီးမိုင်ကို ရမည် ။

အလင်းနှစ် သန်းပေါင်း....ဆိုသည့် အကွာအဝေးကို ခန့်မှန်းကြည့်ကြပါကုန် ။


ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာက မိမိဝင်ရိုးပေါ်တွင် စောင်း၍ လည်နေသေးသည် ။ နေကိုလဲ ပတ်နေလိုက်သေးသည် ။ လ ကတစ်ဖန် သူ့ဝင်ရိုးပေါ် သူလည်၍ ကမ္ဘာကို ပတ်နေသည် ။

နေ အပါအဝင် သူ့ကိုပတ်နေသည့် အစိုင်အခဲ ဂြိုလ်အားလုံး တစ်စု တစ်စည်းထဲ လေဟာပြင်ထဲတွင် အရှိန်ဖြင့်မျောနေပြန်သေး၏ ။


မနှစ်က မဆိုထားနှင့် မနေ့ကနေရာ၌ပင် ကျွန်ုပ်တို့ မရှိတော့ချေ ။ ကျွန်ုပ်တို့ကား မြေကြီးခဲ တစ်ခုပေါ်ရှိ အမျိုးစုံသော အရွယ်စုံ ကပ်ပါးကောင်များစွာ ထဲမှ တစ်မျိုးဖြစ်သည် ။


အတင်းတုပ်သည် ။

ဂျောက်ချသည် ။

ရန်ဖြစ်သည် ။

စိတ်ဆိုးသည် ။

မနာလိုကလဲဖြစ်၏ ။

ရင်ခုန် စိတ်လှုပ်ရှားသည် ။

ချစ်တတ်ပြန်သေးသည် ။


ကျွန်ုပ်တို့၏ ကိုယ်တွင်း ကိုယ်ပ ကိုယ်၌တွင်ပင်  များစွာသော သက်ရှိ မျိုးစိတ်တို ရှိနေပြန်၏ ။

မျက်တောင်မွှေးတစ်ေချာင်းနှုတ်လိုက်လျှင် ထိုမျက်တောင်ကလေး အရင်း၌ ပိုး ၈ မျိုးခန့် ရှိသည် ။


မကျေနပ်၍ ထွီကနဲ တံတွေးထွေးလိုက် ပါက ပိုးအမျိုးပေါင်း ၂၇ မျိုးခန့် ပါသွားချေသေး၏ ။

လူတို့သည် အားလုံးသေဒဏ် ချမှတ်ခံထားရပြီးဖြစ်ရကား တစ်ဦးနှင့် တစ်ဦးတွေ့လျှင်

" ဘယ်လိုလဲ...မသေသေးဘူးလား '' ဟုပင် ကြင်ကြင်နာနာနှုတ်ခွန်း ဆက်သင့်ပေသေး၏။


ဟေးလူကလေး


Crd ...  Maung Maung Latt


No comments:

Post a Comment