Saturday, November 9, 2019

ဆယ်လ်မွန် ငါးတို့ အပြန်





အဆို​တော်​ ခင်​ဝမ်း နဲ့ ခင်​​မောင်​တိုး တို့ သီဆိုခဲ့ကြတဲ့ ...
" ဆယ်​လ်​မွန်​ ငါးတို့အပြန်​" ဆိုတဲ့ သီချင်း​လေးရဲ့ အဓိပ္ပါယ် ​ကို အခုမှဘဲ​ သေချာနားလည်​​တော့တယ်​..။



ဆယ်လ်မွန် ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ (ပင်လယ်) မှာကြီးပြင်းတဲ့ ငါးမျိုးဖြစ်တယ်... ။
မိခင် ဆယ်လ်မွန်ငါးဥ မှ (၃) လကြာမှာ ငါးသားလောင်း တွေအဖြစ်ထွက်လာပါတယ်..။
ရေချိုမှာ ပျမ်းမျှ (၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီ ထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချို အရပ်ဆီကိုပြန်ကြ ပါတယ်.. ။


တစ်ချို့ ဆယ်လ်မွန်တွေ ကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ် သမုဒ္ဓရာထဲ (၅)နှစ် အထိကြာ တတ်ပါတယ်.. ။ ဒီကြားထဲမှာတော့ လူသားတွေရဲ့ ဖမ်းဆီးခြင်းခံ ရတာ မျိုး ရှိပြီး မွေးရပ်ပြန် မျိုးဆက် မပွားနိုင် တာလည်းများတယ်..။


သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန် မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။
ဆယ်လ်မွန် ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း (၂၀၀၀) လောက်ရှိကြတယ်တဲ့.. ။
ချစ်ဖေါ်နဲ့လက်တွဲ မျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီး စတင်ပြီ ဆိုတာနဲ့ ဆယ်လ်မွန် စုံတွဲဟာ လုံးဝအစာ မစားတော့ပါ.....။


အဲဒီလိုနဲ့ မိမိတို့မွေးဖွားရာ အရပ်ရောက်ရင် ဆယ်လ်မွန် ငါး တို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီး နဲ့ ကျောက်စရစ်သားကို တူးဆွပြီး တွင်းချိုင့်ဖြစ်အောင် လုပ်တယ်.. ။ ဆယ်လ်မွန်ငါးတွေ ဥချမွေးဖွားရာအရပ်က ကျောက်စရစ်မြေခံရေကြည်ရာ အရပ်ဖြစ်တယ်..။


တစ်ခါ ဥရင် အကောင်ရေ (၂၀၀၀) မှ (၁၀၀၀၀) အထိ ရှိတတ်တယ်တဲ့.... ဆယ်လ်မွန်ငါး အမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမ အန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ် ...။










ငါးအမဥတွေ အကုန်ချပြီးမှာ အထီးဖြစ်သူက ဖိုမျိုးစေ့ Spam တွေ ဥပေါ်ချလိုက်တယ်.. ။
အထီးဖြစ်သူ ဥပေါ်မှ ထွက်ပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥတွေရေစီးနဲ့ ပါမသွား အောင် အပေါ်က ဝပ်ပေးပြီးဘယ်မှ မသွားတော့ပါ ဒီလိုနဲ့ (၃) ရက်မှ (၇) ရက် အတွင်း အမဖြစ် သူဟာ ၎င်းရဲ့ ဥ အသိုက်ပေါ်မှာပဲ သေဆုံးသွား ပါတယ်.. အထီးဖြစ်သူ ကတော့ အနီးနား ပတ်ဝန်းကျင်မှာပဲ့ သေဆုံးသွား ပါတယ်..။

အဲလိုနဲ့ ဆယ်လ်မွန် ငါးသားပေါက်လေးတွေဟာ (၃) လမှာ ဥမှ ထွက်လာပါတယ်။ အဲဒီအခါမှာ ဆယ်လ်မွန် ငါးမိခင်ဟာ သေဆုံးပြီး ရုပ်ကြွင်းမှ အသားမျှင်လေးတွေ အဖြစ် အနီးနားမှာပြန့် ကြဲနေပါပြီ။

ဥမှ ထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ ရေမကူးနိုင်သေး ပါ ။ တွားသွားပြီး အစာအဖြစ် မိခင် ရုပ်ကြွင်း အသားမျှင်လေးများကို စားကြရပါတယ်။

အဲဒီမှာ ဆယ်လ်မွန်ငါး တို့ဟာ ဘာဖြစ်လို့ မျိုးဆက် သစ် မွေးဖွားတော့မယ် ဆိုတာနဲ့ အစာ မစား တော့တာဟာ မိမိ အသက်အသေခံဖို့ တစ်ခြားအစာ(ရေညှိရေမှော်ကအစ) ဘာမှ မရှိတဲ့ ကျောက်စရစ်ရေအောက်မြေသားမှာ မိမိ အသွေး သားကို မိမိမျိုးဆက် စားသောက်ပြီး အသက် ဆက် ဖို့ အတွက်ဖြစ်ပါတယ်။

ဆယ်လ်မွန် ငါးအထီးကတော့ အနီးနားမှာသေဆုံးပြီး ကြီးပြင်းလာတဲ့ မိမိမျိုးဆက်အပြင် တစ်ခြားသော ဆယ်လ်မွန် ငါးတွေအတွက် အစာအဖြစ်ပေးဆပ် ပါ တယ်။ ဆယ်လ်မွန် ငါးတွေ ရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ် အတွက်ပေးဆပ်မှုက အလွန် ချီးကျူးအံ့သြဖွယ်ရာပါ။
ထို့ကြောင့် ဂျပန် လူမျိုးတွေတို့မှာ ဆယ်လ်မွန် ငါးရဲ့ သဘာဝကို စံထားပြီး မိမိတို့မျိုးဆက်သစ် အတွက် ပေးဆပ်ဖို့ ပညာပေးကြပါတယ်။
.
ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်တော့ ရေငန် ပင်လယ်ထဲကို ဆင်းသွားကြ တယ်. ..ရေငန် ပင်လယ်ထဲမှာ မျိုးစိတ် အဆင့်အတန်းအလိုက် တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူတို့ရဲ့ မျိုးပွား အင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့ အခါမှာ ရေငန် ပင်လယ် ထဲ ကနေ သူတို့ ပေါက်ဖွားခဲ့တဲ့ မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို ပြန်သွားကြတယ် တဲ့...။



ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ... ဆယ်လ်မွန် ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော် သီချင်းတောင် ရှိနေသေးတာဘဲ...။ တစ်ကယ်ဆို ဆယ်လ်မွန်ငါး တွေရဲ့ ဇာတိစွဲက ဘယ် လောက် ချစ်စရာကောင်းသလဲ...။

ဘယ်နေရာဘဲ ရောက်နေနေ သူတို့ရဲ့ ဇာတိကို မေ့မသွားဘူးလေ...ရောက်အောင်ပြန် ကြ တယ်...။ ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို ပြန်တယ် ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ...။ မြစ်ချောင်းတွေဟာ အမြင့်မှာ...ပင်လယ်က ဟိုးအနိမ့် ဆုံးမှာ...။




အနိမ့်ဆုံးနေရာကနေ အမြင့်ဆုံး နေရာဆီကို ဆန်တက် ကူးခတ်ပြီး ပြန်ကြရတာလေ...
သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူ ရွာသား တွေက အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေး တယ်... ပိုက်တွေထဲ တိုးဝင်ပြီး ပါသွားလိုက်တာ အများ အပြား...။

ပိုဆိုးတာ တစ်ခုက မြစ်ချောင်းတွေဆီကနေ ပင်လယ် ဆီကို လာတုန်းက အဆင်းလမ်းကို လာခဲ့ကြတယ် ...ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်...အခု ပင်လယ် ကနေ မြစ်ချောင်းတွေ ဆီကို ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ...။

ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက ပုံစံတွေ ပြောင်းနေတတ်သေးတယ်... ဆည်တွေ ဖို့လိုက်တာမျိုး...မြောင်းတွေ ပိတ်ပစ်လိုက်တာမျိုးတွေပေါ့... အဲ့ဒီလိုနေ ရာ တွေကို ရောက်တဲ့အခါမှာ ငါးလေးတွေဟာ လမ်းပျောက် သလိုဖြစ်ပြီး သေလိုက်ကြတာမှ အတုံးအရုံး...
ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့...ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ၀မ်းနည်းပူဆွေးမှုတွေနဲ့...။






အိမ်ပြန်ရတာ အဲ့သလောက်ဘဲ ခက်ခဲသလား...
အိမ်အပြန်လမ်းဟာ အဲ့သလောက်ဘဲ ကြမ်းတမ်း သလား...
အိမ်ပြန်ရောက်ချင်တဲ့ စိတ်ဟာ ကျိန်စာ တစ်ခုလို အသက် ကိုပါ နှုတ်ယူ ပစ်တတ်တာမျိုးလား...
အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့ စိတ်ဟာ တစ်ပါး သူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြ ဖို့လား...။

အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိ ကိုတော့ အလေးပြုမိပါရဲ့...။

ဆယ်လ်မွန်ငါး တို့ရဲ့ သဘာဝကို အတုယူပြီး မိမိတို့မျိုးဆက် အတွက်ပေးဆပ်တဲ့ အကျင့်လေး များရှိဖို့ အကြံပေးပါရစေ..။


Credit: Ko Pyi Soe
Myanmar Live Hot News




No comments:

Post a Comment