Friday, March 11, 2022

စားဖို႔ပဲ ၾကည္႔ မေနနဲ႔ ဥာဏ္သုံးၾကပါ / စားဖို့ပဲ ကြည့် မနေနဲ့ ဉာဏ်သုံးကြပါ

 



            ကဲ ဒါေလး အရင္ ဖတ္ၾကည့္ပါအုံး........ 

{စက္သုံးဆီေစ်းႏႈန္းျပႆနာေျဖရွင္းေရး}


"သူငယ္ခ်င္း မင္းဆီဆိုင္ အရင္ေစ်းနဲ႔ဝယ္ထားတာေတြ ဘာလို႔နာရီခ်င္း ေစ်းတက္ေရာင္း ေနတာလဲ"

"ငါတို႔ လက္ခြဲယူထားတဲ့ ရန္ကုန္ စက္သုံးဆီ သူေ႒းကုမၼဏီ က ေစ်းတက္ခိုင္းလိုက္ပါ"

          ဆီေစ်းက ခ႐ိုနီေတြလက္ထဲမွာ ခံရေတာ့ျပည္သူေတြဘဝ။


       ဆီေစ်း ဘာလို႔ႀကီးသလဲဆိုရင္ ျမန္မာႏိုင္ငံစက္သုံးဆီလုပ္ငန္းရွင္မ်ားအသင္ း(MPTA) ကလက္ဝါးႀကီးအုပ္ ခ်ဴပ္ကိုင္ထားလို႔ျဖစ္ပါတယ္။ ဒီအသင္းကို စက္သုံးဆီသူေ႒းေတြက ဒါ႐ိုက္တာအေနနဲ႔ ခ်ဴပ္ကိုင္ထားပါတယ္။


        ဆီေစ်းက်ေအာင္ ဗဟိုဘဏ္က ေဒၚလာေတြ ေအာက္ေစ်းနဲ႔ ထုတ္ေရာင္း ေပးေတာ့လည္း MPTA က စက္သုံးဆီသူေ႒း ခ႐ိုနီေတြဘဲရပါတယ္။ 1ေဒၚလာ အျပင္ေစ်းနဲ႔၂၀၀ေလာက္ကြာရင္ကို ေဒၚလာ ၁သန္းကို ျမန္မာေငြ သန္း၂၀ဝ ေလာက္ျမတ္ပါတယ္။

            ျပင္ပက စက္သုံးဆီ တင္သြင္းခ်င္ရင္ စက္သုံးဆီသူေ႒း (MPTA) အသင္းက ခြင့္ျပဳခ်က္နဲ႔မွ တင္သြင္းလို႔ရပါတယ္။ 


တင္သြင္းေတာ့လည္း ေရနံႏိုင္ငံက မတင္သြင္းဘဲ ပြဲစားႏိုင္ငံ စက္ာပူ က တင္သြင္းေတာ့ေစ်းႀကီးပါတယ္။

       သေဘာ္ကိုလည္း အႀကီးနဲ႔ တင္သြင္းမွေစ်းသက္သာမွာကို  အလတ္အေသး သ​ေဘ္ာနဲ႔ဆိုေတာ့ သယ္ယူစရိတ္ ပိုကုန္က်ပါတယ္။ ဆိပ္ကမ္းမွာလည္း ဆီသိုေလွာင္ကန္ေတြက  သိုေလွာင္ ထိန္းသိမ္းခ တျခားႏိုင္ငံထက္ ပိုကုန္က်ပါတယ္။

၁။ ေငြရွိလို႔ စက္သုံးဆီ ဘယ္ေလာက္သြင္းခ်င္သြင္းခ်င္ MPTA အသင္းက တန္၅၀၀ ထက္ခြင့္မျပဳပါဘူး။ ခြင့္ျပဳခ်က္ရေအာင္လည္း လာဘ္ထိုးရပါတယ္။

၂။ ဆီဆိုင္သက္တမ္းတိုးခ်င္ရင္ (MPTA) အသင္းက ေထာက္ခံခ်က္နဲ႔မွ ရပါတယ္။ ေထာက္ခံခ်က္ရဖို႔ လာဘ္ထိုးရပါတယ္။

၃။ ဆီဆိုင္ဖြင့္ဖို႔က အစ ဘယ္ MPTA ဆီ သူေ႒းဆီကေန ယူေရာင္းမွာပါ ဆီအရည္အေသြးအာမခံ  ဆိုတာ ေထာက္ခံခ်က္ ပါရပါတယ္။ ေထာက္ခံခ်က္ရဖို႔လာဘ္ထိုးရပါတယ္။

၄။ ဆီေရာင္းေနတုန္းလည္း ခုေစ်းတက္ဆို တက္ နာရီျခင္းတက္ရပါတယ္။ ဆီေစ်းက ခ႐ိုနီေတြလက္ထဲမွာ ျပည္သူကေတာ့ခံရတဲ့ ဘဝပါ။

၅။ ဆီဆိုင္ေတြကို ျပည္တြင္းခ်က္ဆီ မေရာင္းရပါဘူး။ ေရာင္းလို႔ရေအာင္ ၿမိဳ႕နယ္ အုပ္ခ်ဴပ္ေရးမႉးကို လစဥ္လာဘ္ထိုးရပါတယ္။

၆။ ျပည္တြင္း ဟိုနား ဒီနား ဆီသယ္ရင္လည္း ေပပါနဲ႔ သယ္လို႔မရပါဘူး။ သယ္လို႔ရေအာင္ ၿမိဳ႕နယ္ ရဲစခန္းမႉးကို လစဥ္လာဘ္ထိုးရပါတယ္။ 


ဆီဆိုင္ေဆာက္တာက အစ ဆီဆိုင္ သက္တမ္း တိုးဖို ႔ အထိ ေထာက္ခံခ်က္ရဖို႔ ျမန္မာ႔ ေရနံ(MPPE) ကအစ စည္ပင္အဆုံး ႒ာနဆိုင္ရာေတြကို လာဘ္ထိုးရတာ မနည္းပါဘူး။


ဒီေလာက္ စီမံခန္႔ခြဲမႈ မွားယြင္းေနတဲ့ တိုင္းျပည္ ေလာဘအားႀကီးတဲ့ တိုင္းျပည္ စက္သုံးဆီေစ်းတက္ ကုန္ေစ်းႏႈန္းေတြတက္ ျပည္သူေတြ ဘဝပ်က္ေနတာ ဘာဆန္းလို႔လည္းဗ်ာ။


NayMyoMyannar}


        အဲဒါ လက္ရွိ ျမန္မာျပည္ ေလာင္စာဆီေစ်းႏႈံး အတက္ခ်ည္းျဖစ္ေနရတဲ့ ျပႆနာတစ္ခုရဲ႕ ဇစ္ျမစ္ေတြပါပဲ ။ 


        အထက္ပါ ျပႆနာေတြထဲမွာ ကမာၻ႔ေပါက္ေစ်း အေျပာင္းအလဲေၾကာင့္ ဝယ္ၿပီး ပစၥည္းျဖစ္ေနလဲ ေစ်းတက္ေရာင္းရတာ ေဘာဂေဗဒ သေဘာတရား အရ မွန္ပါတယ္ ။ တက္ေရာင္းမွ မရႈံးမွာပါ ၊ လူပိန္းနားလည္ေအာင္ ေျပာရရင္ေတာ့....

        ကုန္သည္တေယာက္ရဲ႕ အရင္းအႏွီးသည္ ေငြ ေၾကး ပမာဏ အဓိက မဟုတ္ပါဘူး ။ သူ႔ရဲ႕ ကုန္ပစၥည္းက အဓိက က်ပါတယ္ ။ ဥပမာ သိန္းတေထာင္ အရင္းရွိသူဟာ ဆီ တစ္လီတာ ငါးရာက်ပ္မွာ လီတာေပါင္း ႏွစ္သိန္း ပိုင္ပါတယ္ ။ 


         ဆီ တစ္လီတာ ႏွစ္ေထာင္ျဖစ္ခ်ိန္မွာ ငါေတာ့ နဲနဲပဲ အျမတ္ယူမယ္ ဆိုၿပီး တေထာင္နဲ႔ ေရာင္းစားၾကည့္ပါ ။ ေရာင္းရေငြ သိန္း ႏွစ္ေထာင္ ျဖစ္သြားၿပီး သူအတြက္ သိန္းတေထာင္ ျမတ္သကဲ့သို႔ ျဖစ္ေနပါမယ္ ။ 


ဒါေပမယ့္ သူရထားတဲ့ သိန္းႏွစ္ေထာင္ အတြက္ ဆီျပန္ဝယ္ရင္ လီတာ တစ္သိန္းပဲ ျပန္ရမွာ ျဖစ္လို႔ ယခင္ လီတာ ႏွစ္သိန္း အရင္းရဲ႕ ထက္ဝက္ပဲ ရႏိုင္မွာ ျဖစ္လို႔ ရႈံးေနတာ ေတြ႕ရပါမယ္ ။ 

       ဒီေတာ့ ကမာၻ႔ေပါက္ေစ်း ဒီေန႔ တက္ရင္ လက္ထဲရွိၿပီးျဖစ္တဲ့ ပစၥည္းရဲ႕ ေစ်းႏႈံး လိုက္တက္ၾကတာ ေဘာဂေဗဒသေဘာအရ မွန္ပါတယ္ ။ တက္ကို တက္ရမယ့္ ကိစၥ ျဖစ္ပါတယ္ ။ 

       သို႔ေသာ္ ခက္တာက ကမာၻ႔ေပါက္ေစ်း ျပန္က်သြားရင္ သတၱိရွိရွိ ခ်မေရာင္းပဲ တက္ေစ်းနဲ႔ ယုတ္ယုတ္မာမာ ဆက္လက္ေရာင္းခ်ေနတာ အႀကီးမားဆုံး ျပႆနာပါပဲ ။ 

        ဒါကို ထိမ္းခ်ဳပ္လို႔ ရပါတယ္ ။ ေစ်းခ်ေရာင္းလို႔ ေငြေၾကးပမာဏ ဆုံးရႈံးမႈ ျဖစ္ေသာ္လည္း ပစၥည္းပမာဏ မဆုံးရႈံးပါက ရႈံးသည္ဟု မဆိုႏိုင္ပါဘူး ။ ဒါေၾကာင့္ အစိုးရ ဖြဲ႕စည္းထားတဲ့ ကုန္ေစ်းႏႈံး ထိမ္းညႇိေရး ေကာ္မတီရဲ႕ လုပ္ပိုင္ခြင့္ နဲ႔ အာဏာကို အသုံးျပဳၿပီး ထိမ္းခ်ဳပ္ကြပ္ကဲေပးရပါ့မယ္ ။ 

           ေစ်းကြက္စီးပြားေရး စနစ္မို႔ အစိုးရက ထိမ္းမရဘူး လြာ္လြယ္ ဆင္ေျခမေပးနဲ႔ အေမရိကန္လည္း ဒီလို ထိမ္းခ်ဳပ္ထားပါတယ္ ။ 

၂၀၁၉ ေလာက္တုန္းက ဗရာစီယာကုမၸဏီက ေၾကညာထား တဲ့ ေစ်းႏႈံးထက္ တစ္ထည္ကို ႏွစ္ေဒၚလာ ေစ်းတင္ေရာင္းတဲ့ စူပါမားကတ္ႀကီးကို ဒဏ္ေငြ ေဒၚလာ ႏွစ္သန္း ဒဏ္ေၾကးေပးေစခဲ့ၿပီး စားသုံးသူကို အကာအကြယ္ေပးခဲ့ဖူးပါတယ္ ။

       ယခင္အစိုးရ လက္ထက္ေတြမွာ ေကာ္မတီေတြ ဗြက္ေပါက္ေအာင္ ဖြဲ႕ၾကတယ္ ။ ေကာ္မတီ ဥကၠဌသည္ လစာ သိန္း ၃၀ ယူတယ္ ။ ဘာေစာက္လုပ္မွ မလုပ္ပဲ ညာသြားၾကတာ ဦးသိန္းစိန္ေရာ ေဒၚစုၾကည္ လက္ထက္ေရာ အတူတူပဲ ။ 


       အခုလည္း ၾကည့္လိုက္ပါ ဖြဲ႕ထားတဲ့ ေကာ္မတီေတြ အမ်ားႀကီး ။ လစာရသလား မရသလားေတာ့ မသိပါဘူး ေစာက္လုပ္ မျဖစ္တာေတာ့ အတူတူပါပဲ ။ ဟန္ေဆာင္ လုပ္ေနၾကသလိုပါပဲ ။ 


       ယခုဆိုရင္ ေလာင္စာဆီ ကပ္ဆိုက္ေနပါၿပီ ။ နစက အေနနဲ႔ အေရးေပၚအေျခအေနကို အေရးေပၚအေျခအေနလို သုံးသပ္ၿပီး ေစ်းႏႈံးခ်ိဳသာစြာ ရႏိုင္မယ့္ နည္းလမ္းမ်ား ၊ ေျဖေလွ်ာ့မႈမ်ား ျပဳလုပ္ေပးၿပီး ေဆာင္႐ြက္သင့္ပါၿပီ ။ 


       ျပည္သူ႔အတြက္ အေထာက္အကူ မျဖစ္ ၊ အသင္းသား အတြက္လည္း အေႏွာက္အယွက္ေပး ေခါင္းပုံျဖတ္ေနတဲ့ ေကာင္းက်ိဳးမေပးေသာ MPTA အသင္းကိုလည္း ဖ်က္သိမ္းသင့္ပါၿပီ ။ 


       မိမိနဲ႔ မိတ္ေဆြရင္းျဖစ္ေနေသာ ႐ုရွား မွ ေသာ္လည္းေကာင္း ၊ အီရန္မွေသာ္လည္းေကာင္း ေလာင္စာဆီ ရေအာင္ နည္းလမ္းရွာသင့္ပါၿပီ ။ အစိုးရသည္ တိုင္းသူျပည္သားတို႔ ရဲ႕ အပူအား မိမိ အပူကဲ့သို႔ သေဘာထားၿပီး ျပဳလုပ္သင့္သည္မ်ားကို ေတြေဝေမာဟမ်ားမေနပဲ အလွ်င္အျမန္ ေဆာင္႐ြက္သင့္ၿပီ ျဖစ္ပါ​ေၾကာင္း တင္ျပလိုက္ရပါတယ္ ။ 


       ကိုေ႐ႊမ်ိဳးဝင္း


(ဌာနဆိုင္ရာေတြ ဒီလို ယုတ္မာ ညစ္ပတ္ေနလို႔ ဒုကၡမ်ားေနရတဲ့ ၾကားထဲ အသင္းအဖြဲ႕ေထာင္ လူတြင္က်ယ္လုပ္ လူပါး ဝတာပါ ခံေနရတဲ့ တိုင္းျပည္ ေခါင္းေဆာင္က ထပ္​ၿပီး အလိမ္ခံ ညံ့ေနရင္ေတာ့ လႁပြတ္မွ လူေမႊးသူေမႊး ေျပာင္စရာ အေၾကာင္းမရွိဘူး)


Crd ... All original uploader 



            ကဲ ဒါလေး အရင် ဖတ်ကြည့်ပါအုံး........ 

{စက်သုံးဆီဈေးနှုန်းပြဿနာဖြေရှင်းရေး}



"သူငယ်ချင်း မင်းဆီဆိုင် အရင်ဈေးနဲ့ဝယ်ထားတာတွေ ဘာလို့နာရီချင်း ဈေးတက်ရောင်း နေတာလဲ"

"ငါတို့ လက်ခွဲယူထားတဲ့ ရန်ကုန် စက်သုံးဆီ သူဋ္ဌေးကုမ္မဏီ က ဈေးတက်ခိုင်းလိုက်ပါ"

          ဆီဈေးက ခရိုနီတွေလက်ထဲမှာ ခံရတော့ပြည်သူတွေဘဝ။


       ဆီဈေး ဘာလို့ကြီးသလဲဆိုရင် မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင် း(MPTA) ကလက်ဝါးကြီးအုပ် ချူပ်ကိုင်ထားလို့ဖြစ်ပါတယ်။ ဒီအသင်းကို စက်သုံးဆီသူဋ္ဌေးတွေက ဒါရိုက်တာအနေနဲ့ ချူပ်ကိုင်ထားပါတယ်။


        ဆီဈေးကျအောင် ဗဟိုဘဏ်က ဒေါ်လာတွေ အောက်ဈေးနဲ့ ထုတ်ရောင်း ပေးတော့လည်း MPTA က စက်သုံးဆီသူဋ္ဌေး ခရိုနီတွေဘဲရပါတယ်။ 1ဒေါ်လာ အပြင်ဈေးနဲ့၂၀၀လောက်ကွာရင်ကို ဒေါ်လာ ၁သန်းကို မြန်မာငွေ သန်း၂၀ဝ လောက်မြတ်ပါတယ်။


            ပြင်ပက စက်သုံးဆီ တင်သွင်းချင်ရင် စက်သုံးဆီသူဋ္ဌေး (MPTA) အသင်းက ခွင့်ပြုချက်နဲ့မှ တင်သွင်းလို့ရပါတယ်။ 


တင်သွင်းတော့လည်း ရေနံနိုင်ငံက မတင်သွင်းဘဲ ပွဲစားနိုင်ငံ စက်ာပူ က တင်သွင်းတော့ဈေးကြီးပါတယ်။


       သဘော်ကိုလည်း အကြီးနဲ့ တင်သွင်းမှဈေးသက်သာမှာကို  အလတ်အသေး သဘေ်ာနဲ့ဆိုတော့ သယ်ယူစရိတ် ပိုကုန်ကျပါတယ်။ ဆိပ်ကမ်းမှာလည်း ဆီသိုလှောင်ကန်တွေက  သိုလှောင် ထိန်းသိမ်းခ တခြားနိုင်ငံထက် ပိုကုန်ကျပါတယ်။


၁။ ငွေရှိလို့ စက်သုံးဆီ ဘယ်လောက်သွင်းချင်သွင်းချင် MPTA အသင်းက တန်၅၀၀ ထက်ခွင့်မပြုပါဘူး။ ခွင့်ပြုချက်ရအောင်လည်း လာဘ်ထိုးရပါတယ်။


၂။ ဆီဆိုင်သက်တမ်းတိုးချင်ရင် (MPTA) အသင်းက ထောက်ခံချက်နဲ့မှ ရပါတယ်။ ထောက်ခံချက်ရဖို့ လာဘ်ထိုးရပါတယ်။


၃။ ဆီဆိုင်ဖွင့်ဖို့က အစ ဘယ် MPTA ဆီ သူဋ္ဌေးဆီကနေ ယူရောင်းမှာပါ ဆီအရည်အသွေးအာမခံ  ဆိုတာ ထောက်ခံချက် ပါရပါတယ်။ ထောက်ခံချက်ရဖို့လာဘ်ထိုးရပါတယ်။


၄။ ဆီရောင်းနေတုန်းလည်း ခုဈေးတက်ဆို တက် နာရီခြင်းတက်ရပါတယ်။ ဆီဈေးက ခရိုနီတွေလက်ထဲမှာ ပြည်သူကတော့ခံရတဲ့ ဘဝပါ။


၅။ ဆီဆိုင်တွေကို ပြည်တွင်းချက်ဆီ မရောင်းရပါဘူး။ ရောင်းလို့ရအောင် မြို့နယ် အုပ်ချူပ်ရေးမှူးကို လစဉ်လာဘ်ထိုးရပါတယ်။


၆။ ပြည်တွင်း ဟိုနား ဒီနား ဆီသယ်ရင်လည်း ပေပါနဲ့ သယ်လို့မရပါဘူး။ သယ်လို့ရအောင် မြို့နယ် ရဲစခန်းမှူးကို လစဉ်လာဘ်ထိုးရပါတယ်။ 


ဆီဆိုင်ဆောက်တာက အစ ဆီဆိုင် သက်တမ်း တိုးဖို့ အထိ ထောက်ခံချက်ရဖို့ မြန်မာ့ ရေနံ(MPPE) ကအစ စည်ပင်အဆုံး ဋ္ဌာနဆိုင်ရာတွေကို လာဘ်ထိုးရတာ မနည်းပါဘူး။


ဒီလောက် စီမံခန့်ခွဲမှု မှားယွင်းနေတဲ့ တိုင်းပြည် လောဘအားကြီးတဲ့ တိုင်းပြည် စက်သုံးဆီဈေးတက် ကုန်ဈေးနှုန်းတွေတက် ပြည်သူတွေ ဘဝပျက်နေတာ ဘာဆန်းလို့လည်းဗျာ။


NayMyoMyannar}


        အဲဒါ လက်ရှိ မြန်မာပြည် လောင်စာဆီဈေးနှုံး အတက်ချည်းဖြစ်နေရတဲ့ ပြဿနာတစ်ခုရဲ့ ဇစ်မြစ်တွေပါပဲ ။ 


        အထက်ပါ ပြဿနာတွေထဲမှာ ကမ္ဘာ့ပေါက်ဈေး အပြောင်းအလဲကြောင့် ဝယ်ပြီး ပစ္စည်းဖြစ်နေလဲ ဈေးတက်ရောင်းရတာ ဘောဂဗေဒ သဘောတရား အရ မှန်ပါတယ် ။ တက်ရောင်းမှ မရှုံးမှာပါ ၊ လူပိန်းနားလည်အောင် ပြောရရင်တော့....

        ကုန်သည်တယောက်ရဲ့ အရင်းအနှီးသည် ငွေ ကြေး ပမာဏ အဓိက မဟုတ်ပါဘူး ။ သူ့ရဲ့ ကုန်ပစ္စည်းက အဓိက ကျပါတယ် ။ ဥပမာ သိန်းတထောင် အရင်းရှိသူဟာ ဆီ တစ်လီတာ ငါးရာကျပ်မှာ လီတာပေါင်း နှစ်သိန်း ပိုင်ပါတယ် ။ 


         ဆီ တစ်လီတာ နှစ်ထောင်ဖြစ်ချိန်မှာ ငါတော့ နဲနဲပဲ အမြတ်ယူမယ် ဆိုပြီး တထောင်နဲ့ ရောင်းစားကြည့်ပါ ။ ရောင်းရငွေ သိန်း နှစ်ထောင် ဖြစ်သွားပြီး သူအတွက် သိန်းတထောင် မြတ်သကဲ့သို့ ဖြစ်နေပါမယ် ။ 


ဒါပေမယ့် သူရထားတဲ့ သိန်းနှစ်ထောင် အတွက် ဆီပြန်ဝယ်ရင် လီတာ တစ်သိန်းပဲ ပြန်ရမှာ ဖြစ်လို့ ယခင် လီတာ နှစ်သိန်း အရင်းရဲ့ ထက်ဝက်ပဲ ရနိုင်မှာ ဖြစ်လို့ ရှုံးနေတာ တွေ့ရပါမယ် ။ 


        ဒီတော့ ကမ္ဘာ့ပေါက်ဈေး ဒီနေ့ တက်ရင် လက်ထဲရှိပြီးဖြစ်တဲ့ ပစ္စည်းရဲ့ ဈေးနှုံး လိုက်တက်ကြတာ ဘောဂဗေဒသဘောအရ မှန်ပါတယ် ။ တက်ကို တက်ရမယ့် ကိစ္စ ဖြစ်ပါတယ် ။ 


       သို့သော် ခက်တာက ကမ္ဘာ့ပေါက်ဈေး ပြန်ကျသွားရင် သတ္တိရှိရှိ ချမရောင်းပဲ တက်ဈေးနဲ့ ယုတ်ယုတ်မာမာ ဆက်လက်ရောင်းချနေတာ အကြီးမားဆုံး ပြဿနာပါပဲ ။ 


        ဒါကို ထိမ်းချုပ်လို့ ရပါတယ် ။ ဈေးချရောင်းလို့ ငွေကြေးပမာဏ ဆုံးရှုံးမှု ဖြစ်သော်လည်း ပစ္စည်းပမာဏ မဆုံးရှုံးပါက ရှုံးသည်ဟု မဆိုနိုင်ပါဘူး ။ ဒါကြောင့် အစိုးရ ဖွဲ့စည်းထားတဲ့ ကုန်ဈေးနှုံး ထိမ်းညှိရေး ကော်မတီရဲ့ လုပ်ပိုင်ခွင့် နဲ့ အာဏာကို အသုံးပြုပြီး ထိမ်းချုပ်ကွပ်ကဲပေးရပါ့မယ် ။ 


           ဈေးကွက်စီးပွားရေး စနစ်မို့ အစိုးရက ထိမ်းမရဘူး လွာ်လွယ် ဆင်ခြေမပေးနဲ့ အမေရိကန်လည်း ဒီလို ထိမ်းချုပ်ထားပါတယ် ။ 


၂၀၁၉ လောက်တုန်းက ဗရာစီယာကုမ္ပဏီက ကြေညာထား တဲ့ ဈေးနှုံးထက် တစ်ထည်ကို နှစ်ဒေါ်လာ ဈေးတင်ရောင်းတဲ့ စူပါမားကတ်ကြီးကို ဒဏ်ငွေ ဒေါ်လာ နှစ်သန်း ဒဏ်ကြေးပေးစေခဲ့ပြီး စားသုံးသူကို အကာအကွယ်ပေးခဲ့ဖူးပါတယ် ။

       ယခင်အစိုးရ လက်ထက်တွေမှာ ကော်မတီတွေ ဗွက်ပေါက်အောင် ဖွဲ့ကြတယ် ။ ကော်မတီ ဥက္ကဌသည် လစာ သိန်း ၃၀ ယူတယ် ။ ဘာစောက်လုပ်မှ မလုပ်ပဲ ညာသွားကြတာ ဦးသိန်းစိန်ရော ဒေါ်စုကြည် လက်ထက်ရော အတူတူပဲ ။ 


       အခုလည်း ကြည့်လိုက်ပါ ဖွဲ့ထားတဲ့ ကော်မတီတွေ အများကြီး ။ လစာရသလား မရသလားတော့ မသိပါဘူး စောက်လုပ် မဖြစ်တာတော့ အတူတူပါပဲ ။ ဟန်ဆောင် လုပ်နေကြသလိုပါပဲ ။ 


       ယခုဆိုရင် လောင်စာဆီ ကပ်ဆိုက်နေပါပြီ ။ နစက အနေနဲ့ အရေးပေါ်အခြေအနေကို အရေးပေါ်အခြေအနေလို သုံးသပ်ပြီး ဈေးနှုံးချိုသာစွာ ရနိုင်မယ့် နည်းလမ်းများ ၊ ဖြေလျှော့မှုများ ပြုလုပ်ပေးပြီး ဆောင်ရွက်သင့်ပါပြီ ။ 


       ပြည်သူ့အတွက် အထောက်အကူ မဖြစ် ၊ အသင်းသား အတွက်လည်း အနှောက်အယှက်ပေး ခေါင်းပုံဖြတ်နေတဲ့ ကောင်းကျိုးမပေးသော MPTA အသင်းကိုလည်း ဖျက်သိမ်းသင့်ပါပြီ ။ 


       မိမိနဲ့ မိတ်ဆွေရင်းဖြစ်နေသော ရုရှား မှ သော်လည်းကောင်း ၊ အီရန်မှသော်လည်းကောင်း လောင်စာဆီ ရအောင် နည်းလမ်းရှာသင့်ပါပြီ ။ အစိုးရသည် တိုင်းသူပြည်သားတို့ ရဲ့ အပူအား မိမိ အပူကဲ့သို့ သဘောထားပြီး ပြုလုပ်သင့်သည်များကို တွေဝေမောဟများမနေပဲ အလျှင်အမြန် ဆောင်ရွက်သင့်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ။ 


       ကိုရွှေမျိုးဝင်း


(ဌာနဆိုင်ရာတွေ ဒီလို ယုတ်မာ ညစ်ပတ်နေလို့ ဒုက္ခများနေရတဲ့ ကြားထဲ အသင်းအဖွဲ့ထောင် လူတွင်ကျယ်လုပ် လူပါး ဝတာပါ ခံနေရတဲ့ တိုင်းပြည် ခေါင်းဆောင်က ထပ်ပြီး အလိမ်ခံ ညံ့နေရင်တော့ လပြွတ်မှ လူမွှေးသူမွှေး ပြောင်စရာ အကြောင်းမရှိဘူး)


Crd ... All original uploader 


No comments:

Post a Comment