Saturday, November 30, 2019

ကား ကို ဘယ် တော့ မှ မ လုပ် သင့် တဲ့ အ ချက် ( ၁၀ ) ချက်


 
ကား ၀ပ် ရှော့ ဆ ရာ တွေ ပြော ပြ ထား တဲ့ သင့် ကား ကို ဘယ် တော့ မှ မ လုပ် သင့် တဲ့ အ ချက် ( ၁၀ ) ချက် ။

 ယနေ့ခေတ် ကားတွေဟာ လုံခြုံစိတ်ချရတဲ့ စွမ်းဆောင်ရည် တွေရှိနေပါပြီ ။ ပြီးတော့ ကွန်ပြူတာ တွေကလည်း အားလုံးကိုချောမွတ်အောင် သွားစေနိုင်ဖို့၊ လွဲမှားနေတဲ့ အမိန်ပေးမှုတွေကနေ ဖြစ်စေတဲ့ ကားပိတ်ခြင်းတွေ ၊ကားမောင်းသူတွေကို ဘာတွေဖြစ်လာမယ်ဆိုတဲ့ ငြင်းဆိုနိုင် စွမ်းတွေက ကောင်းတာတွေဖြစ်လာစေဖို့အတွက် ဦးတည်နေပါတယ် ။
 

 ၁။ အင်ဂျင်ကို ကားမောင်းနေရင် မပိတ်ပါနဲ

အကယ်၍ သင်ဟာ အမြန်ဆုံး အလျင်နဲ့မောင်နေရင်းနဲ့ မတော်တစ်ဆ အင်ဂျင်ပိတ်မိသွားတယ် ဆိုရင်တော့ ဘာမှတော့ မကောင်းတာဖြစ်လာမှာ မဟုတ်ပါဘူး၊ ယနေ့ခေတ်ကားတွေက ထိုကဲ့ သို့ အခြေအနေတွေအတွက် ဘေးကင်းစေမယ့်နည်းလမ်းတွေ ထည့်သွင်းပေးထားတဲ့ အတွက် ကြောင့်ပါ၊ ဘယ်လိုပဲဖြစ်နေပါစေ မပိတ်တာဟာ အကောင်းဆုံးပါပဲ ။
 
 ၂။ မောင်းနေရင်း ကားနောက်ပြန်ဆုတ် ဂီယာ မထိုးပါနဲ
 
ကားမောင်းနေရင်းနဲ့ နောက်ပြန်ဆုတ်တဲ့ ဂီယာကို ပြောင်းလိုက်တာဟာ သင့်ကား ကွန်ပြူတာ ကတော့ တုံပြန်မှုပေးမှာ မဟုတ်တော့ ဘာမှဖြစ်စေမှာ မဟုတ်ပေမယ့် မကောင်းတဲ့ အတွေး ဖြစ်ပါတယ် ။
 
 ၃။ မောင်းနေရင်း ရပ်နားခြင်း ဂီယာမထိုးပါနဲ
 
မစမ်းကြည့်ပါနဲ့၊ သင့်ကား ကွန်ပြူတာဟာ လုံခြုံစေဖို့အတွက် အမိန်ပေးမှုကို ငြင်းဆန်မှာဖြစ် ပါ တယ် ။ ကွဲလွဲတဲ့ အမိန်တွေဟာ သင့်ကားကို ထိခိုက်မှုတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။
 
 ၄။ စက်နှိုးသော့ကို သော့တံတွေ အများကြီးနဲ့ တွဲမထားပါနဲ
 
သော့တွေ အများကြီး တွဲထားတာက စက်နှိုးသော့ရဲ့ အလေးချိန်ကို တိုးစေပြီး သော့တပ်တဲ့ အပေါက် ကို ထိခိုက်စေနိုင်ပါတယ်၊ ဒါကြောင့် ကားသော့မှာ သော့နှစ်ချောင်းတွဲလောက် ပဲ ထားပါ ။
 
 ၅။ ဆီပြောင်းပါ
 
ထုတ်လုပ်သူတွေညွန်ကြားထားတဲ့ ဆီဘယ်လိုပြောင်းရမလဲ ဆိုတာကို လိုက်နာပါ ။အကြောင်း ရှိပါ တယ် ။. များသောအားဖြင့် ကားသစ်တွေဟာ စက်ရုံက မထုတ်မီ ပါးလွှာတဲ့ဆီကို သုံးပါ တယ် ။ ဒါကြောင့် ၁၀၀၀ ကီလိုမီတာမောင်းပြီးရင်တော့ ဆီပြောင်းပါ ။
 

 










၆။ အင်ဂျင်ကို ဆီ အပြည့်မဖြည့်ပါနဲ

အင်ဂျင်ရဲ့ ဆီလှောင်ကန်မှာ ပြည့်မပြည့်ဖော်ပြတဲ့ အရာ ပါပါတယ်၊ ပြည့်ပြီ ဆိုတဲ့ အညွန်းအထိ ပဲဖြည့်ပါ၊ လျှံအောင်ဖြည့်တယ် ဆိုရင်တော့ ကြီးမားတဲ့ ကျရှုံးမှုနဲ့ အတူ ကားရဲ့ထောင့်တွေကနေ မီးခိုးတွေ ထွက်လာပါလိမ့်မယ် ။

 ၇။ ဆီလုံးဝ ကုန်သွားတဲ့အထိ မစောင့်ပါနဲ

သန့်ပါတယ် ဆိုတဲ့ ဆီတွေတောင် အမှုန်တွေ ပါလာပြီး ထိုအမှုန်တွေကို ကမ္ဘာမြေကြီးက ဆွဲ ထား တာကြောင့် အောက်ဖက်မှာ အနယ်ထိုင်နေတာပါ ။ အကယ်၍ မီးခိုးတွေထွက်တဲ့ အထိ မောင်းပြီး သုံးလိုက်တယ်ဆိုရင် အကြွင်းအကျန်တွေ အနေနဲ့ ၎င်းအမှုန်တွေ ကပ်ကျန်နေပါ လိမ့် မယ် ။ ယေဘုယျအားဖြင့် ပြောရရင်တော့ ဆီဒိုင်ခွက်မှာ ဆီကုန်ခါနီး တစ်လက်မလောက်ပဲ ကျန်တော့တယ် ဆိုရင်တော့ ဆီသွားဖြည့်သင့်ပါတယ် ။ ပြီးတော့ ၎င်းဟာ စိုစွတ်တဲ့ စက်တွေ ဖြစ် တဲ့အတွက် အမြဲတမ်းနှစ်မြုပ်နေအောင် ထားမှ အဆင်ပြေမှာပါ ။

 ၈။ အချက်ပေး သင်္ကေတတွေကို ဂရုမပြုဘဲ မနေပါနဲ

ကား တစ်ခုနဲ့ တစ်ခုမှာ အချက်ပြ သင်္ကေတတွေဟာ မတူပါဘူး၊ ဒါပေမယ့် ယေဘုယျအားဖြင့် တော့ အရောင်လေးတွေနဲ့ပါ၊ အစိမ်းရောင် (တစ်ခါတစ်လေ အပြာရောင်) သင်္ကေတဟာ တစ်ခုသော စနစ်က အသက်ဝင်နေပြီ ဆိုတာပြပါတယ်၊ အဝါရောင်ကတော့ တစ်ခုခု လုပ်ပေး ရမယ်၊ စစ်ဆေးရမယ် ဆိုတာကိုပြပါတယ်၊ အနီရောင် ကတော့ အချို့သော အမျိုးအစားတူတဲ့ အရေးကြီးတဲ့ ကိစ္စတွေကိုညွန်ပြနေပြီး သင့်ကားဟာ လက်တစ်လောမှာ မောင်းနှင်လို့ မရကြောင်း ကို ဆိုလိုပြီး သင်လုပ်နေတဲ့အရာ တစ်ခုကို ရပ်သင့်ကြောင်းဆိုလိုခြင်းဖြစ်ပါတယ် ။

 ယေဘုယျအားဖြင့်ပြောရမယ် ဆိုရင်တော့ သင့်ကားရဲ့ ယာဉ်မောင်းရှေ့ရှိ ဒိုင်ခွက်ပေါ်မှာ အချက်ပေးချက် မီးလေးတွေ ပျောက်မသွားဘူး ဆိုရင်တော့ စက်ပြင်ဆရာ ဆီကို ချက်ခြင်းပဲ ဖုန်းဆက် လိုက်ပါ ။

 ၉။ တာယာလေလျော့ မလျော့ကြည့်ပါ

နောက်ထပ် ကောင်းမွန်တဲ့ အလေ့အကျင့် တစ်ခုပါ၊ တာယာကို အမြဲကြည့်ကြည့်ပေးပါ ။  အကယ် ၍ သင်ဟာ တာယာလေလျော့နေတယ် ဆိုတာ ခံစားမိတယ်ဆိုရင် ဒါမှမဟုတ် တာယာ ဟာ ပန့်ကိတ်လို မျိုး ပြားနေပြီဆိုရင် တာယာ အပြားကြီးနဲ့ မမောင်းသင့် ပါဘူး ။ အန္တရာယ် များပါတယ်၊ ဒီတော့ တာယာ လဲတာပဲဖြစ်ဖြစ် လေထိုးတာပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါ တယ် ။

 ၁၀။ ဘီးတွေရဲ့ဟန်ချက်ကို ကြည့်ပေးပါ

အကယ်၍ သင်ဟာ အတားအဆီး တစ်ခုကို တိုက်မိတယ် ဆိုရင် (လုပ်စမ်းပါ၊ ကျွန်တော်တို့ အကုန်လုံး တိုက်မိဖူးပါတယ်၊) ကားကို ကားပြင်ဆိုင် ပို့ပါ၊ ပြီးတော့ စက်ပြင်ဆရာ ကို ဟန်ချက်နဲ့ ဖြောင့်တန်းမှု ရှိမရှိ မေးကြည့်ပါ၊ အကယ်၍ ဘီးတွေဟာ ဟန်ချက် မညီဘူးဆိုရင် သင့်ကားကို ကောင်းကောင်း ထိန်းလို့ရမှာ မဟုတ်ပါဘူး ။ ညှိပါ၊ ဝမ်းနည်းစေမှုတွေထက် စာရင်တော့ ပိုလုံခြုံ ပါတယ် ။





 (ကူးယူမျှဝေပါသည်)
#Htoo Aunt Wan
#Car City
#Credit-မူရင်းရေးသားသူ
#Credit photo from google








No comments:

Post a Comment