Saturday, August 1, 2015

" Responsibility " ဘာလဲ၊ ဘယ်လဲ!


အလုပ် ၀င်လုပ်ကြပြီ ဆိုတာနဲ့ အလုပ် ၀င်သူတိုင်း ကို အလုပ်ရှင် က ‪#‎ရာထူးတစ်ခု‬ သတ်မှတ်ပေး လိုက်ကြ ပါတယ်။
 

ပညာ အရည်ချင်း၊ လုပ်ရည် ကိုင်ရည် ၊ လုပ်ငန်းအတွေ့အကြုံပေါ် မူတည်ပြီး အနိမ့် အမြင့်လေး ကတော့ မတူညီအောင် ခွဲခြားပြီး ရာထူးတွေ သတ်မှတ်ပေးထား ပါလိမ့်မယ်။
 

ရာထူး တစ်ခု ရလာရင် #‎တာဝန်ဆိုတဲ့ အရာတစ်ခု က‬ ကပ်ပါလာတယ် ဆိုတာ အလုပ် ၀င်လုပ်မဲ့ သူတိုင်း မဖြစ်မနေ သိရှိရပါမယ်။

သန့်ရှင်းရေး နဲ့ အလုပ် ၀င်သူ တစ်ယောက်ဟာ ကိုယ် တာဝန်ယူထား တဲ့ နေရာ မှာ သန့်ပြန့်နေဖို့က သူ့တာဝန် ပါပဲ။ တံမြတ်စည်းလှည်း ဦးဟဲ့ ၊ အမှိုက်ကျုံးဦးဟဲ့ လို့ အထူးတလည် သွားရောက် စေခိုင်း စရာ မလို ပဲ သိကို သိနေရမဲ့ အရာပါ။

ကိုယ် အလုပ်ဝင်လိုက်ပြီ ဆိုကတည်း က #‎အသိ စိတ်ဓါတ် ဆိုတဲ့ အရာ ကလည်း‬ အလုပ် ၀င်တဲ့နေ့က စပြီး နေ့တိုင်း အကျီင်္ဝတ်ပြီး မှ လုပ်ငန်းခွင်ထဲ ကို လာရ သလို မဖြစ်မနေ ၀တ်ဆင်လာရမဲ့ အရာပါပဲ။
 



အလုပ်ထဲရောက်ပြီးမှ ဟယ်.... ငါ့ အသိစိတ်ဓါတ်လေး အိမ်မှာ ကျန်ခဲ့ လို့ဆိုပြီး မလုပ်ပဲ ဖါသိ ဖါသာ နေ လိုက် တဲ့ အခါ တစ်ခါနှစ်ခါ သုံးခါ မှာ မသိသာပေမဲ့ အကြိမ်ရေ များလာတဲ့ အခါ အ၀တ် မပါပဲ ရုံးလာ တက် လို့ အရှက်ကွဲ သကဲ့သို့ ရှက်စရာ သတ္တ၀ါ အဖြစ်လူတွေက ၀ိုင်းကြည့်နေပါ လိမ့်မယ်။

ထုတ်ဖေါ် မပြောကြားပေမဲ့ မသိစိတ်ထဲမှာတော့ ဒီလူရဲ့ ‪#‎Role‬ ဟာ တော်တော်လေး ကို ကျသွားပါပြီ။

လူဖြစ် မှ တာဝန် ယူတတ်တာ မဟုတ်ပါဘူး ။
 


ဥပမာ။ ။ အိမ်မှာခွေးလေး တစ်ကောင်မွေးထား တယ် ဆိုကြပါစို့။
တစ်ချို့ခွေးတွေ ကတော့ သခင် လာရင် ပြေးကြိုတာလေး တစ်ခုပဲ လုပ်တတ်ပေမဲ့ တာဝန်ယူ တတ် တဲ့ ခွေးလေးတွေ ကတော့ သတ္တ၀ါပင်ဖြစ်လင့် ကစား ခြံလုံအောင် စောင့်ဖို့ သခင်ကို ကာကွယ်ဖို့၊ ဧည့်သည် လာရင် သခင် ကို အချက်ပြ ဖို့ သူ လုပ်နိုင်တာလေးတွေ ကို ဖြစ်အောင် လုပ်ကြပါတယ်။
 

အသိဥာဏ်တွေမြင့်တဲ့ အဆင့်တန်းမြင့် တဲ့ လူတွေ ကရော ဘာလို့ ကိုယ်ယူရမဲ့ တာဝန်ကို မယူနိုင်ကြရ တာလဲ ?

အလုပ် မှာ မပျော်တော့လို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ခေါင်းရှောင်နေကြတာလား။
ဒါဖြင့် ဘာလို့ဒီ မပျော်တဲ့ အလုပ် မှာ ဆက်နေကြ သလဲ။
 

မလုပ်ချင်လို့ ဆိုတဲ့ ခေါင်းစဉ် နဲ့ အလုပ်တွေ ကို သူများဆီ တွန်းထုတ်နေတာ လား။
ဒါဖြင့် လစာတွေ လကုန်တိုင်း ထုတ်နေရတာ လိပ်ပြာ လုံရဲ့လား။
 

မလုပ် ရရင် သက်သာတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေသာခိုနေကြတာ လား။
ဒါဖြင့် ဘာလို့ လုပ်ငန်းခွင်ထဲ လာပြီး အညောင်းခံ ထိုင်နေကြ မလဲ။ အိမ်မှာ အိပ်နေရင်တောင် ပို မသက် သာ ဘူးလား။


ဒါအစ်မ လုပ်ပေးမှ ၊ အကို လုပ်ပေးမှ၊ ညီမ လုပ်မှ ဖြစ်မှာ လို့ ကိုယ့်ရဲ့ တာဝန်တွေ ကို သူများ ဆီ တွန်း ထုတ်ပေးလိုက်ရင် ကိုယ် တွန်းထုတ်ပေးလိုက်တဲ့ အထဲ မှာ ကိုယ့်ရဲ့ ရာထူးတွေ ပါ ကပ်ပါ သွားပါတယ်။
 

သူ လုပ်တဲ့ အကျိုးရလာဒ် ကို လုပ်သူက ပဲ ခံစားရပါတယ်။ ကိုယ် တွန်းထုတ် လိုက်တဲ့ အလုပ်တွေကြောင့် သူ့ရဲ့လုပ်ရည် ကိုင်ရည် ကို ပိုမိုမြင့်တက် သွားစေ နိုင်သလို သူ့ရဲ့ Role တွေ ဟာလည်း သူ့ရဲ့ဆောင်ရွက် မှုတွေကြောင့် ပဲ မြင့်တက် ပါလိမ့်မယ်။

ဒီနေရာ မှာ တာဝန်တွေ ကို သူများကို တွန်းထုတ်ပေးတဲ့ သူတွေက ကုသိုလ်ရှင်ကြီးတွေ လို့ မုဒိတာ ပွား လိုက် လို့ ရမလားလို့ တွေးမိလိုက်ပါတယ်။

 နောက်ထပ် တစ်ခု ရှိပါသေးတယ်။
သူတစ်ပါး က သူ မကျွမ်းကျင်တဲ့ အလုပ်တစ်ခု ကို အခိုင်း ခံရတဲ့ အခါ ကြိုးစားပြီး လုပ်နေပါတယ်။ သူ ဘယ်လောက် ပဲ ကြိုးစား ကြိုးစား ဒီအပိုင်း မှာ အတွေ့အကြုံ  မရှိနေတဲ့ အတွက် မှားယွင်းတဲ့ တစ်ချို့သော ဆုံးဖြတ် မှုတွေကြောင့် လမ်းမှားရောက်တော့မယ် ဆိုတာကို လုပ်ဖူး ကိုင်ဖူး အတွေ့ကြုံရှိဖူး တဲ့ ကိုယ် ကမြင်နေတွေ့နေ မှားတော့မယ် မှန်း သိနေပေမဲ့ ... သူမှား သွားရင် သူ ခံရမှာ။ သူ အရှက်ကွဲမှာ ။
 

သူ့ကို လူကြီးတွေ က ၀ိုင်းထောင်းတော့မယ် ဆိုတဲ့ စိတ်ဓါတ် ရှိတဲ့ သူတွေကြတော့ Role အနိမ့်ဆုံး လူတွေ လို့ ဆိုလို့ ရပါတယ်။ ဥာဏ်တိမ်တဲ့ သူလို့တောင် ပြောလို့ရပါတယ်။

တစ်ကယ်တမ်း မကျွမ်းကျင်သူ က မသိပဲ ပြုလုပ်လိုက် တဲ့ ဆုံးရှုံးမှုကြီး က ကြီးကြီးသေးသေး အကျိုးဆက် က အားလုံး နဲ့ တိုက်ရိုက်ဆက်နွယ် ပါတယ်။
 

အလုပ်ရှင်က အစ ဟိုးအောက်ခြေ ၀န်ထမ်း အထိ တိုက်ရိုက် ဆက်နွယ်နေတာ ကို စိတ်ဓါတ် မပြည့်ဝ လို့ ထက် ဥာဏ်တိမ်လို့ သာ ဒီလို အတွေးတွေ နဲ့ လက်ပိုက်ကြည့်နေတာလို့ မြင်ပါတယ်။

 ချောက်ထဲ ကျမှာ ကို မြင်နေရက် နဲ့ နောက်ကျော ကနေ ကျတော့မယ် ကျတော့မယ် ဆိုပြီး ခပ်ပြုံးပြုံး ကြည့်နေပြီး ချောက်ထဲ ကျသွားတဲ့ အခါမှ အယ်... ရှေ့ဆက်သွားရင် ကျတော့မယ် မှန်း အစောကတည်း က သိတယ်။ သူသိမယ် ထင်နေတာ ဆိုပြီး ချွေးသပ်ပြောဆိုတတ် တဲ့ လူတွေ လည်း လုပ်ငန်းခွင်တိုင်း မှာ ရှိကြပါတယ်။
 

 ချောက်ထဲပြုတ်ကျတဲ့ သူက တစ်ယောက်တည်း မကျပဲ ရှိရှိ သမျှလူတွေကို ဆွဲချရင်း ပါသွား ခဲ့ရင်ရော ဆုံးရှုံး မှုတွေ ဘယ်လောက်ထိ ဖြစ်သွားနိုင်သလဲ ဆိုတာကို သိသိရက် နဲ့ ငါကဘယ်နေရာ သွားသွား ရတယ်။ ငါနဲ့မဆိုင် ဆိုတဲ့ စိတ်ဓါတ်တွေ နဲ့ လူလုပ်နေကြတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။

အလုပ်လုပ်မယ် ဆိုပြီး လူတိုင်း ကတော့ လုပ်ငန်းခွင် ထဲ ရောက်လာကြတာ ပါပဲ။ မတတ် ရင် သင်လို့ ရပေ မဲ့ မလုပ်ချင်တာ ကို သင်ပေးလို့မရပါဘူး။
 

လူကြီးရှေ့ မှာ လုပ်သယောင် ဆောင်ပြလို့ ရရင်လည်း တခဏ ပါပဲ။ အရည်အချင်း မရှိပဲ ရာထူးတွေ တိုးတိုး လာတာ ကလည်း အနှစ် မပါတဲ့ အတုအယောင် ရာထူးတွေ ပဲ ဖြစ်နေမှာပါပဲ။
 

လူတော်တွေ ကို မြှပ်ထားလို့ ရပါတယ်။ အရည်ချင်းတွေ ကတော့ မြှပ်ထားလို့ မရပါဘူး။ အလုပ်လုပ် တတ် လား မလုပ်တတ် ပဲ ဟန်ပြလုပ်နေတာလား ဆိုတာ အချိန် တစ်ခုရောက်ရင် အဖြေပေါ်လာတတ် ပါတယ်။

ကိုယ်ယူရမဲ့ တာဝန်တွေ ရှောင်လွှဲ မယ် ၊ ပုတ်ထုတ်မယ် ၊ တွန်းထုတ်မယ် ဆိုတဲ့ သူတွေဟာ တကယ်တော့ လုပ်ငန်းခွင် ထဲ ရောက်မလာသင့် ပဲ သူကျွမ်းကျင် တဲ့ ဘော်လီဘော အသင်းမှာဖြစ်ဖြစ် သူရဲ့ကျွမ်းကျင်တဲ့ အရည်ချင်းတွေ ကို သွားရောက်ဖေါ်ထုတ်ပြသသင့် ပါတယ်။
 

ဒါပေမဲ့ Team work နဲ့ မဆောင်ရွက်တတ် ရင်တော့ ဘယ်နေရာ သွားသွား ဒုံရင်းက ဒုံးရင်း ဖြစ်နေဦးမှာပါပဲ။
အဓိကပြောချင်တာ က တစ်မိုးအောက် မှာ အလုပ်လုပ်သူ အချင်းချင်း ရိုင်းပင်း ကူညီပါ။ စေတနာ သန့် သန့်လေး နဲ့ ဆုံးရှုံး မှုတွေ လေလွင့်မှုတွေ နည်းအောင် အဘက်ဘက် ကနေ ၀င်ကြည့် ခံစား စီစဉ် လုပ် ကိုင်ကြပါ။
 

ဒါလေး ကတော့ ငါနဲ့ မဆိုင်ဘူး ။ ဟိုဟာလေး ကတော့ဖြင့် သူနဲ့ဆိုင်တယ် ဆိုပြီး ရေသာခို လေသာရာ မှာ နေနေဦးမယ် ဆိုရင် လူ့ပဒိုင်းသီး သာ ဖြစ်နေပါလိမ့်မယ် လို့ ပြောရင်း ဒီနေရာ မှာ လက်စသတ်လိုက် ရပါသည်။



Credit to မာရင်ရင်
 နည်းစနစ်ကျကျအတွေးအခေါ်


No comments:

Post a Comment