Friday, August 7, 2015

အာရှတိုက် အနှံ့ ရေကြီးရေလျှံ မှုကြောင့် လူပေါင်း သန်းကျော် အိုးအိမ်စွန့် ခွာ ခဲ့ရပြီး သေဆုံးသူ အရေ အတွက် များပြား မြင့်တက်လာ

ဆိုင်ကလုန်း ကိုမန် ၀င်ရောက်ပြီးနောက် မုတ်သုန်ုမိုး အကြီး အကျယ် ရွာသွန်းမှုကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ နဲ့ အရှေ့ တောင် အာရှနိုင်ငံတွေ မှာ ရေကြီး ၊မြေပြို မှုတွေ ဆက်လက်ဖြစ်ပေါ်လျက် ရှိပါတယ်။ 

လူ ရာပေါင်းများစွာ အသက် ဆုံးရှုံးခဲ့ ရပြီး လူ သန်းပေါင်းများ စွာ အိုးအိမ်တွေ စွန့် ခွာခဲ့ရတယ် လို့ CNN သတင်း တစ်ပုဒ် မှာ ဖော်ပြထားပါတယ်။ အိန္ဒိယ တစ်နိုင်ငံတည်း မှာတင် ရေဘေး သင့်ပြည်သူ ၁၀ သန်း ခန့် ရှိတယ်လို့ သိရပါတယ်။ 

အိန္ဒိယ မှာ မိုးသည်းထန်စွာ ရွာသွန်းမှု ၊ ယင်း နဲ့ ဆက်စပ် တဲ့ မတော်တဆ မှုတွေ က အနည်းဆုံး လူ ၁၇၈ ယောက် သေဆုံးပြီးဖြစ်တယ် လို့ အစိုးရ တာဝန်ရှိသူတွေ က ထုတ်ပြန် ထားပါတယ်။ 

လွန်ခဲ့တဲ့ အင်္ဂါနေ့ က Madhya Pradesh ပြည်နယ် မှာ တံတားပေါ် ရေလျှံ မှုကြောင့် ရထားနှစ်စီး တစ်ပြိုင် တည်း လမ်းချော်မှောက် ခဲ့ပြီး ရထားနှစ်စီးပေါ် ပါလာသူ အယောက် ၁၆၀၀ လောက်ထဲ က  အနည်းဆုံး ၂၇ ယောက် သေဆုံး ခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံ
အနောက် ဘင်္ဂလားပြည်နယ် က ကယ်ဆယ်ရေး စခန်းတွေ ဆီသို့ လူ တစ်သန်းကျော် ပြောင်းရွှေ့ ခိုလှုံခဲ့ရပြီး လူ ၂၀၀ ကျော် သေဆုံးပြီးဖြစ်ပါတယ်။ လမ်းတွေ၊ ဆည်တွေ နဲ့ မြစ်တွေ မှာ ရေလျှံနေပြီး ၊ မြို့ နယ် ကျေး ရွာတွေ ထဲ ရေတွေ ၀င်ရောက် ခဲ့ကာ ဒေသခံ များစွာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

မြန်မာ
မြန်မာနိုင်ငံပြည်နယ် နဲ့ တိုင်း ၁၄ ခုမှာ ၁၁ ခု ရေကြီးရေလျှံ ၊မြေပြို မှုတွေဖြစ်ပေါ်နေပြီး အင်္ဂါနေ့ က မြန်မာနိုင်ငံ အစိုးရ ဟာ နိုင်ငံတကာ အကူအညီတောင်းခံ ခဲ့ရပါတယ်။ 


လူပေါင်း နှစ်သိန်းကျော် ဘေးဒုက္ခရောက်လျက် ရှိပြီး အနည်းဆုံး ၄၇ ဦး သေဆုံးပြီး ဖြစ်တယ် လို့ သိရ ပါ တယ်။ သမ္မတ ဦးသိန်းစိန် ဟာ နယ်မြေလေးခု ကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ နယ်မြေ အဖြစ် ကြေငြာ ခဲ့ပြီး ဝေးလံခေါင်ဖျား တဲ့ ဒေသတွေ ဟာ ရေလျှံမှု၊ မြေပြိုမှု၊ လမ်းပျက်စီးမှု တို့ ကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေပြီး အကူအညီ မရှိဘဲ ပိတ်မိလျက် ရှိတယ်လို့ သိရပါတယ်။

ပါကစ္စတန်
Khyber-Pakhtunkhwa၊ Punjab နဲ့ အငြင်းပွားနယ်မြေ Kashmir အပါ အ၀င် ပါကစ္စတန်နိုင်ငံ ခရိုင်နယ် ပယ်တော်တော် များများ မှာ ရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လူပေါင်း ၁၅၀ ကျော်သေဆုံးပြီးဖြစ်ကာ လူပေါင်း ရှစ်သိန်းကျော် ရေဘေးဒဏ် ခံစားနေရပါတယ်။

ဗီယက်နမ်
ဗီယက်နမ်မြောက်ပိုင်း မှာ စံချိန်တင် မိုးရွာသွန်း မှုကြောင့် နိုင်ငံ အနှံ့ ရေကြီး ၊ရေလျှံမှု တွေဖြစ်နေပြီး မြို့ နယ် ၊ခရိုင် ၂၇ ခု မှာ လျှပ်စစ် ဓါတ်အားပြတ်တောက်လျက် ရှိပါတယ်။ အိမ်ခြေ တစ်သောင်းကျော် ပျက်စီး ခဲ့ပြီး ဆန် နဲ့ ကောက်ပဲသီးနှံ ဟက်တာ ဧရိယာ ၄၀၀ ကျော် ပျက်စီးခဲ့ရ ပါတယ်။ လူ ၁၇ ယောက်သေဆုံးပြီးဖြစ် ပါတယ်။

နီပေါ
နီပေါနိုင်ငံ မှာလည်း ရေကြီး ၊မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၉၀ ကျော်သေဆုံးခဲ့ ပါတယ်။


 ye wint on 2015-08-06 15:27
Ref: Time, CNN 
 http://www.searchmyanmar.com/link/frame/cid/52882



No comments:

Post a Comment