Sunday, August 16, 2015

လူသေကောင် များ မပုပ်အောင် စီမံရာတွင် အသုံးပြုသည့် ကင်ဆာအေးဂျင့် ဖော်မလင် ကို မုန့်ဖတ်၊ ပဲပြား၊ ချက်နို့ဆီ များ၌ တွေ့ရှိရဟု ဆို









လူသေ များတွင် မပုပ် မသိုးအောင် စီမံသည့် ဖော်မလင် (formalene) ကို စားသောက် ကုန်များဖြစ်သည့် မုန့်ဟင်းခါး ဖတ်၊ မုန့်တီ၊ နန်းကြီး၊ ပဲပြား၊ ချက်နို့ဆီ စသည်များတွင် အသုံးပြုမှု များပြား လာသည် ဟု မြန်မာ နိုင်ငံ စားသုံး သူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က News Watch ဂျာနယ်သို့ ပြော ကြားခဲ့သည်။ 

၎င်းးမှ “မုန့်ဟင်းခါး ဖတ်၊ မုန့်တီ၊ နန်းကြီးဖတ်၊ ပဲပြား တို့၊ ချက်နို့ဆီတွေ မှာ ကြာရှည် ခံအောင် ဖော်မလင် သုံး လာတာ တော်တော်တွေ့လာရတယ်။ နယ်မြို့တွေ မှာရော၊ ရန်ကုန်မြို့ရော ဒီ ကိစ္စက ပြည်သူကို အသိပေး သင့်တယ်။ ဖော်မလင် က ရိုးတွင်းချဉ်ဆီ အထိ ကို ဒုက္ခပေးတယ်”ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကြာရှည်ခံစေမည့် ဖော်မလင် များ အသုံးပြုလာမှုကြောင့် ဓာတ်သိ မုန့်ဟင်းခါးဖို များမှ မုန့်ဖတ် များ လက်ညှစ် မုန့်ဖတ် များသာ ရွေးချယ် စားသုံးသင့်သည် ဟု အကြံပြုပြောကြား ခဲ့သည်။

“မုန့်ဟင်းခါး ဆိုရင် အရင် က မနက် ၀ယ်ပြီး ညနေကျ ရင် ချဉ်တယ်။ အခု ကျတော့ နှစ်ရက်၊ သုံးရက် အထိ ကို မချဉ်ဘူး။ ဖော်မလင် က လူသေကောင်တွေ မပုပ် မသိုးအောင် သုံးတဲ့ ဆေးပဲ။ အခု ဆရာတို့ ဆိုရင် ပဲပြား၊ ချက်နို့ဆီ၊ မုန့်ဟင်းခါး၊ မုန့်တီ၊ နန်းကြီးဖတ်တွေ မစားတော့ဘူး။ တော်တော် များများကို သုံးနေ တာတွေ့ လို့ပါ”ဟု ပြောကြားခဲ့သည်။


 
ယင်း ကိစ္စ များနှင့် ပတ်သက်၍ လည်း တိကျသည့်ဖော်ထုတ်မှု များ လုပ်ဆောင် သွားမည့် အပြင် အရေး ယူနိုင် သည့် အပိုင်းများ အထိရောက်ရှိရန် ဆောင်ရွက်သွားမည် ဟု ဆိုသည်။ “အစိုးရ ဘက်က စားသုံး သူ ရေးရာ ဦးစီး ဌာန က ပညာ ပဲပေးနေတယ်။ 

ဆရာတို့ ဘက်ကတော့ ပညာပေးတဲ့ အဆင့်က မထိရောက်ဘူး လို့ ယူဆတယ်။ တိတိ ကျကျ ဖော် ထုတ်ပြီးတော့ ကိုင်တွယ်ဖို့ လိုတယ်”ဟု ပြောကြားခဲ့သည်။

ဖော်မလင် အသုံးပြုမှု တွင် ယင်း အစားအသောက် များတွင် သာမက ဟင်းသီးဟင်းရွက် များ ကြာရှည်ခံရန် အသုံးပြုမှု တွင်ကျယ် လာသည်ဟု ဆိုသည်။

“တချို့ ဟင်းသီးဟင်းရွက်တွေမှာလည်း သုံးတယ်။ တနေရာ က တနေရာ ခရီးဝေး သယ်တဲ့ ဟင်းသီး ဟင်းရွက်တွေမှာ လည်း ဖော်မလင် သုံးတယ်။ ဖော်မလင် သုံးမယ် ဆိုရင် ဖော်မယ်ဒီဟိုက် ဆိုတဲ့ အဆိပ် က ရောဂါ မျိုးစုံဖြစ်စေပြီး ကင်ဆာ လည်း ဖြစ်စေတယ်”ဟု ပြောကြားခဲ့သည်။


Credit: ကိုခက်

No comments:

Post a Comment