Wednesday, August 5, 2015

ကျောက်ကပ် အတွက် ဆေးတစ်ခွက်



 မြန်မာနိုင်ငံတွင် တိုင်းရင်းဆေး အဖြစ် အသုံးပြုနိုင်သော သစ်သီးဝလံ များ ပေါများစွာရှိနေသည်။ လူတို့သည် တန်ဖိုးနည်းသောဆေးနည်း ဆိုလျှင် အထင်သေးစွာ သုံးစွဲ ရမှာ အလွန် ဝန်လေးတတ်ကြသည်။ ထို့ကြောင့် ဤဆောင်းပါးဖြင့် ကိုယ်တွေ့ကြုံခဲ့ရသော ဆေးနည်းတစ်ခု ကို ရေးသား ဖော်ပြရခြင်းဖြစ်သည်။

ကျွန်မ တို့ နေ့စဉ် စားသုံးနေသော အသီးအနှံ များ ထဲမှ ကျောက်ဖရုံသီး ၏ အကျိုးအာနိသင် ကို ဖော်ပြပေး ချင် သည်။ 


ကျွန်မ ၏ ခင်ပွန်းသည် ကျောက်ကပ်ရောဂါ ကို ပြင်းထန် စွာခံစားခဲ့ ရသည်။ ဆေးခန်းပေါင်းများ ကို
 ပြသ ခဲ့သော်လည်း ဆေးထိုး စဉ် ခဏသာ သက်သာခဲ့သည်။ 


တစ်နေ့ ကျွန်မ ၏ မိတ်ဆွေက အမျိုးသား ခံစားနေရသောရောဂါ အကြောင်း စကား စပ်ပြောမိ ရာ ကျောက် ကပ်ရောဂါနှင့် ပတ်သက် လျှင် ကျောက် ဖရုံသီးဖြင့် အမြစ်ပြတ်နိုင်ကြောင်း အကြံဥာဏ်ပေးသောကြောင့် ကျောက်ဖရုံသီး ကို ဂျစ်ဖြင့်ခြစ် ကာ ဆား အနည်းငယ်၊ သကြား သင့်တော်ရုံ ထည့် ၍ ဖျော်ရည် အဖြစ်ပြုလုပ်ပြီး နေ့စဉ် နံနက် တစ်ခွက် ညတစ် ခွက် အမြဲသောက်သုံး ပေးသောကြောင့် မခံမရပ်နိုင်အောင်ခံစားနေရသော ဝေဒနာသည် နှစ်ပတ် ခန့်အကြာတွင် ယူပစ်သလို သက်သာပျောက် ကင်း သွားသည် ကိုလက်တွေ့ကြုံခဲ့ရ သည်။

 ကျောက်ဖရုံသီး သည် ကျောက်ကပ်ရောဂါသာ မက ဆီးလမ်း ကြောင်း တွင် ကျောက်တည်ခြင်းများ ကို လည်း ပျောက်ကင်းစေကြောင်း သိခဲ့ရသည်။
ဆီး လမ်းကြောင်း တွင် ပိတ်ဆို့ နေသော ကျောက်များ ကိုပင် အရည်ပျော်စေသည် မှာ အမျိုး သားကြောင့် လက်တွေ့ကြုံခဲ့ ဖူး ပါသည်။ ထို့ကြောင့် ဆီးနှင့် ပတ်သက်သော ရောဂါများ တွင် လည်း ကျောက်ဖရုံသီးကို လိုအပ် သလို စားသုံးပေးခြင်းဖြင့် ငွေကုန် သက်သာ လူ မပင်ပန်းဘဲ ရောဂါ ပျောက်ကင်းစေသည်။ 



ထို့ကြောင့် မြန်မာ့ စိုက်ပျိုးရေး မှ ထွက်သော သီးနှံ များသည် ကျန်းမာရေး အတွက် အထူးကောင်းမွန်သော အစား အစာ များဖြစ်သလို အလွန် အသုံး ဝင်သော ဆေးစွမ်းကောင်းများ လည်းဖြစ်သည်။ ကျောက်ဖရုံသီး ကို ကြော်ချက် ၍ လည်းကောင်း၊ ဟင်းချို အဖြစ်လည်းကောင်း နှစ်သက် သလို ချက်ပြုတ်၍လည်း စားသုံး နိုင် သည်။ 

ထို့အပြင် ကျောက်ဖရုံသီး အနု ကိုလည်း တို့စရာ အဖြစ် စားသုံး နိုင်သည်။ ဝေဒနာ ခံစားရသောရောဂါ အတွက် ငွေကုန်ကြေးကျ သက်သာသည့်  ဆေးကောင်းတစ်လက်ပင်ဖြစ်သည်။
နွယ်မြက် သစ်ပင် ဆေးဖက်ဝင် ဟူသော စကားနှင့် အညီ မြန်မာနိုင်ငံ တွင် ပေါက်ရောက်နေသော အပင် များသည် တိုင်းရင်းဆေး အဖြစ် အသုံးဝင်လျက် ရှိသည် ကို အသိနည်းနေသေး သည်။ နိုင်ငံခြားဆေးများ ကိုသာ အလေးထား သုံးစွဲနေခြင်းကြောင့် ဘေးထွက် ဆိုးကျိုး တို့ကို တောရွာများ သာမက မြို့ပေါ် ၌ပင် ခံစားနေရခြင်းဖြစ်သည်။


 နိုင်ငံခြားမှ တင်သွင်းသော ပဋိဇီဝဆေး များ သည် အခန့်မသင့် လျှင် ဆိုးကျိုး များဖြစ်ပေါ်စေပြီး အထူး သဖြင့် ကျေးလက် ဒေသနှင့်တောင်ပေါ်ဒေသ တို့တွင် ကျွမ်းကျင် ဆရာ ဆရာမ များ ရှားပါးနေ ခြင်းကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာ ဟူသောစကား ကို မေ့လျော့ လျက် ဆိုးကျိုး အချို့ကို ကြုံတွေ့နေ ရခြင်းဖြစ်သည်။

 ကျောက်ကပ်ဝေဒနာ သည် လွန်စွာ ခံရခက်သော ဝေဒနာဖြစ်ကြောင်း ခံစားရဖူး သူတိုင်း သိရှိပြီး ဖြစ် သည်။ ယောက်ျားတွင် ဆီး၊ မိန်းမ တွင် မီး ဟူသော စကားနှင့် အညီ အမျိုးသမီးများ အတွက် မီးယပ်ရောဂါ သည် အသက် အန္တရာယ်နှင့် ရင်ဆိုင်ရ သကဲ့သို့ အမျိုးသားများ အတွက် ကျောက်ကပ်ရောဂါ သည်လည်း ဆိုးရွား စွာ ခံစားရကာ အသက် အန္တရာယ်နှင့် နီးစပ်ကြောင်း ဝေဒနာခံစားရဖူး သူတိုင်း သိရှိပြီးဖြစ်သည်။
ကျောက်ဖရုံသီး တစ်လုံးလုံး သာမက အရွက်၊ အမြစ်ပါ ကျောက်ကပ် ရောဂါအတွက် အသုံးဝင်နေ ပါကြောင်း ကို အသုံးပြုနိုင်ရန် စာဖတ်သူ တို့ထံ တင်ပြအပ်ပါသည်။

ခင်မေတ္တာ(မြန်မာစာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS 

http://health.thithtoolwin.com/2015/08/blog-post_62.html
 

No comments:

Post a Comment