Friday, August 14, 2015

ဦးခေါင်းနှင့် ပတ်သက်သော ဝေဒနာသည်များ အတွက်




 ကျွန်တော် လွန်ခဲ့သော ၂နှစ်ကျော် က ဦးခေါင်းတွင် ဆံပင် ကို ရှပ် ထိရုံ နဲ့ ခေါင်း ညာဘက်အပေါ် ဦးရေပြား
သည် ကျိန်းနေပါသည်။  သေချာစွာ ပွတ်ကြည့်ရင်လည်း ကျိန်းနေပါသည်။
 

ဆရာဝန် များနှင့်ပြသော်လည်း မပျောက်ပါ။ နောက်ဆုံး ဦးနှောက်နှင့် အာရုံကြော အထူးကု ဆီရောက် ခဲ့ပြီး တစ်နှစ် နီးပါး ဆေးသောက် ခဲ့ရပါသည်။
 

 နောက်ပိုင်း နား အတွင်းပိုင်း နှင့် မျစ်စိ ပါအောင့်လာ ပါသည်။ တစ်လ ကို ဆေးဘိုး သိန်းချီ ကုန်သော်လည်း မထူးခြားပါ။

သက်သာ ပျောက်ကင်း သွားသောဆေးနည်း မှာ.....
ငွေနည်းနည်းနှင့် အချိန်ပေးရသောဆေးဖြစ်နေ ပါသည်။ ဆေးနည်း မှာ ခြေနှစ်ချောင်း ဆန့်သော အင်တုံ
လိုအပ် ပါသည်။  



ထို အင်တုံ ထဲသို့ရေကျက်အေး နွေးနွေးကို (ခံနိုင်သော အပူရှိန်)ခြေမျက်စိ မြုတ်တဲ့ အထိထည့်ပါ။ပြီးပါက ဆားကြမ်း ကို ခြေနှစ်ဘက် တင်နိုင်အောင် ထည့်ပါ။၁ ပိဿာာ  ခွဲ၂ပိဿာာ   ခန့်   ထည့်ရ ပါသည်။  

ပြီးပါ က ခြေနှစ်ချောင်း ကို ဆားပေါ် တင် ထားပြီး ဆားရေစိမ် ထားပေးပါ။ အချိန် ၁နာရီ ခန့် ထားရ ပါမည်။  ထို  ဆားရေ စိမ် ခြင်းအား ၅ရက် ဆက်လုပ်ပြီး ၃ရက် နား ပြီး  ဆက်လုပ်ပါ။
 

သုံးကြိမ်လောက် လုပ်ပြီး တော်တော် သက်သာသွား ပါသည်။ဆေးကို လည်း ဆရာဝန် မပြတော့ဘဲ ဖြတ်ပစ်
လိုက်ပါသည်။ တစ်လ ၃ရက် ၄ရက်လောက် လုပ်သွား တာအခုချိန်တွင် ဘာမှ မခံစားရတော့ပါ။
 

 ခြေဖဝါး တစ်ခုလုံး လည်း အက်ကွဲခြင်း များ မရှိဘဲ အကောင်း တိုင်းဖြစ်သွားသည်ကို လည်း တွေ့ရ ပါသည်။
ဆားရေ စိမ်ထားချိန် တွင် မိနစ် ၃၀လောက် တွင် ခြေဖဝါး ပူလာပါသည်။

၁ နာရီပြည့်အောင် ဆက်စိမ်ပါ။ ပြီးပါက  ရေ  မဆေးရ အဝတ်ဖြင့် သာ သုတ်ရပါမည်။ အပူ အအေး ထဲ သွားရ သူ များ ဖြစ်တတ်ပါသည်။
 

အာရုံကြော ထင်ပြီး ပြနေသူများ မြန်မာ အယူအဆ အရ အပူ ခဲခြင်းဖြစ်နိုင် ပါသည်။ အပူ ကို ဆား က စုပ် ယူခြင်းဖြစ်ပါသည်။  

ဆား ကို တစ်ခါ သုံး သုံးပါ။ နောက်ထပ်ပြန် မသုံးပါနှင့်။
 


အားလုံးကျန်းမာကြပါစေ။



 သတင်းဘုရင်
https://www.facebook.com/photo.php?fbid=480654385433041&set=a.285078664990615.1073741827.100004654510112&type=1&theater

No comments:

Post a Comment