Saturday, August 29, 2015

ဗိုက်ချပ်ရန် ဆရာခိုလိမ်းဆေး သောက်နေခြင်း အန္တရာယ်ရှိ

ဓာတ်ပုံ - နစ်ကီ


တိုင်းရင်းဆေးဝါး တစ်မျိုး ဖြစ်သည့် ဆရာခို အနာလိမ်းဆေး ကို ဗိုက်ချပ်ရန်နှင့် အစာအိမ်ရောဂါ အမျိုးမျိုး အတွက် သောက်ဆေး အဖြစ် အသုံးပြုနေသည် မှာ အ ဆိပ်ဖြစ်စေနိုင်ပြီး သောက်ဆေး အဖြစ် အသုံး မပြု သင့်ကြောင်း တိုင်းရင်းဆေး သမားတော်များနှင့် အထွေထွေရောဂါကု ဆရာဝန် အ ချို့က သတိပေးပြော ကြား သည်။

အနာလိမ်းဆေး အဖြစ်ထုတ် လုပ်ထားသော ဆရာခိုဆေးတွင် နှမ်းဆီ၊ လေးညှင်း၊ ဒုတ္ထာ၊ပရုတ်၊ မုန်ညင်းဆီ၊ ဇာတိပ္ဖိုလ်၊ ထော ပတ်၊  ပျားဖယောင်း  စသည့် ပစ္စည်း ရှစ်မျိုး ပါဝင်ပြီး ယင်း အနက် ပရုတ်နှင့် ပျားဖယောင်း တို့မှာ လိမ်းဆေး တွင် ဘေးထွက် ဆိုးကျိုး မရှိသော်လည်း သောက်ဆေး အ ဖြစ် အသုံးပြုလေ့ မရှိကြောင်း ရန်ကုန် တိုင်းရင်းဆေးရုံကြီး မှ သမားတော်တစ်ဦး ကပြောသည်။

‘‘တိုင်းရင်းသောက်ဆေး မှာ ပရုတ် ကို နည်းနည်း သုံးလေ့ ရှိပေ မယ့် ဖယောင်း ကိုတော့ သုံးလေ့ မရှိဘူး။ အဲဒီနှစ်ခုက လိမ်းဆေး မှာ အဓိက သုံးတာ’’ဟု အထက်ပါ သမားတော် က ရှင်းပြသည်။ လူမှုကွန်ရက် များ တွင် ဆရာခိုသောက်ပါ က ၀မ်းဗိုက် သိသိသာသာ ချပ်သည်ဟု ဆိုကာ အ ချင်းချင်းဝေမျှနေကြရာ မှ ယုံ ကြည်ပြီး လိုက်ပါသောက်သုံးသူ များလည်း ရှိလာသည်။ 

အဆီကျကာ လှပ လိုသည့် အမျိုးသမီးများ အချင်းချင်းသောက်သုံးရန် တိုက် တွန်းကြပြီး အချို့ကလည်း အန္တ ရာယ်ရှိနိုင် သဖြင့် သတိထားရန် သတိပေးကြသည်။


တိုင်းရင်းဆေးပညာ တွင် လိမ်းဆေးနှင့် သောက်ဆေးကို ရောနှောလေ့ မရှိဘဲ လိမ်းဆေး ဆိုလျှင် လိမ်းဆေး ၊ သောက်ဆေး ဆိုလျှင် သောက်ဆေး ခွဲခြားသတ် မှတ်လေ့ ရှိကြောင်းနှင့် ဆရာခို ဆေးတွင် ပါဝင်သည့် ပစ္စည်း ရှစ် မျိုး အနက် ငါးမျိုး မှာ သောက်သုံး နိုင်သော်လည်း ဒုတ္ထာနှင့် ပရုတ် မှာ အနည်းငယ်ပြင်းပြီး ပျား ဖ ယောင်း ပါဝင်မှုများပြား ပါက အန္တ ရာယ်ရှိနိုင်ကြောင်း ကိုယ်ပိုင် တိုင်း ရင်းဆေးကုခန်း ဖွင့်လှစ်ထားသူ ဆရာမဒေါ်ဇင်နီလာ က သုံးသပ် သည်။

အနောက်တိုင်းဆေး ပညာ အရ ပျားဖယောင်း သည် ရေနံထွက် ဓာတု ပစ္စည်းဖြစ် သဖြင့် သောက် သုံးသူကို အဆိပ်ဖြစ်စေနိုင်ပြီး ဆရာဝန် များက သောက်ဆေး အ ဖြစ် ညွှန်းလေ့ မရှိကြောင်း အထွေ ထွေရောဂါကု ဆရာဝန် ဒေါက် တာမြင့်ဦး က သုံးသပ်သည်။

ထို့အပြင် ဒေါက်တာ နိုက်တင်ဂေး ကလည်း  ‘‘လိမ်းဆေး နဲ့ သောက်ဆေး နဲ့ က အရေပြား ကို စုပ်ယူတာ။ အစာအိမ်၊ အူလမ်းကြောင်း အတွင်းပိုင်း ကို စုပ်ယူ တာချင်း မတူသလို ဆေး ရဲ့ ပြင်းအား၊ ပျော့အားချင်း လည်း မတူပါဘူး။ 

အနောက်တိုင်းဆေးဖြစ်ဖြစ်၊ တိုင်းရင်းဆေးဖြစ်ဖြစ် လိမ်းဆေး ကို သောက်ဆေး အဖြစ် သုံးစွဲ တာမျိုး မလုပ် သင့် ပါဘူး။ အန္တရာယ် ရှိပါ တယ်။ အရမ်း ကာရောသုံးတာမျိုး မဖြစ်သင့်ပါဘူး’’ဟု အကြံပြုသည်။

ဆရာခို အနာလိမ်းဆေး သည် ၀မ်းတွင်းဖြစ်ပွားသော ကင် ဆာရောဂါ များကို သက်သာ ပျောက်ကင်းစေ သည် ဟု အသုံး ပြုသူ အများစု က ဖုန်းဆက်ပြော ကြားမှုများ ရှိပြီး ဘေးဥပဒ် အန္တ ရာယ်ဖြစ်စေသည်ဟု အကြောင်း ကြားမှု မရှိသေးကြောင်းနှင့် သောက်ဆေး အဖြစ် ထုတ်လုပ် ထားခြင်း မဟုတ်ဘဲ လိမ်းဆေး အ ဖြစ်သာ ထုတ်လုပ် ထားကြောင်း ဆရာခို ၏ သမီးလတ် ဒေါ်သန်း သန်းလေးကလည်း ပြောကြား သည်။

‘‘အဖေ့ လက်ထက် တုန်းက ၀မ်းမှန်အောင်၊ နေထိုင်ကောင်း အောင် သောက်ဆေး အဖြစ်သုံး တာမျိုး ရှိခဲ့ တယ်။ ဒါပေမဲ့ လိမ်း ဆေး အဖြစ် အဓိက ထုတ်တာ။ အခုနောက်ပိုင်း သုံးတဲ့ သူတွေက စွဲသောက်ရင် အတွင်းရောဂါတွေ ပျောက်ကင်းတယ် ဆိုပြီး ဖုန်း ဆက်ကျေးဇူးတင်ကြောင်း ပြော ကြတယ်’’ဟု ဒေါ်သန်း သန်းလေး က ဆိုသည်။

ဈေးကွက်တွင် ဆေးရောင်း အားမှာ ရေဘေးကြောင့် ရောင်း မလောက်ကြောင်း လည်း ၎င်းက ပြောသည်။
ဆရာခိုဆေးညွှန်း တွင် ခန္ဓာ ကိုယ် ၌ ဖြစ်ပွားသည့် အနာ အမျိုး မျိုး၊ ထိခိုက်ဒဏ်ရာ အမျိုးမျိုး၊ နှာစေးချောင်း ဆိုး၊ ချွဲကျပ်၊ ရင်ကယ် လေထိုးလေအောင့်၊ ၀မ်းဗိုက် ၀မ်းနာ စသည်တို့ အတွက် လိမ်းဆေး အဖြစ် အဓိက ထုတ်လုပ်ထားကြောင်း ဖော်ပြထားသည်။ 

သို့သော် ၀မ်းတွင်း ကင်ဆာ၊ အဆုတ်နာ၊ အူနာ၊ အသည်း ကျောက်ကပ်နာဖြစ်ခဲ့ ပါက နံနက်၊ ည  ဆေးကို ဆီးကင်းခန့် ရေနွေးနှင့် သောက်လျှင် သက်သာပျောက်ကင်း ရမည်ဟုလည်း ဖော်ပြထားသည်။

ဆရာခို အနာလိမ်းဆေး ကို ၀မ်းချုပ်သောကြောင့် စမ်းသပ် သောက်ကြည့်ရာ မှ ဗိုက်ချပ်လာ ပြီး ၀မ်းချုပ်ခြင်း မှာလည်း သုံးရက် အတွင်း သက်သာ လာကြောင်း ကိုယ်တိုင် အသုံးပြုဖူးသူ မန္တလေး မြို့မှ မလီလီနိုင်ကျော် က 7 Day သတင်းစာ သို့ပြောသည်။

‘‘အစ်မ က ဗိုက်ချပ် ချင်လို့ သောက်တာ မဟုတ်ဘူး။ ၀မ်းချုပ် လို့သောက်တာ။ ၀မ်းချုပ်တော့ ၀မ်းဗိုက် က ပူပူ ကြီးဖြစ်နေတယ်။ ဆရာခိုသောက်ပြီး နောက်ပိုင်းမှာ ၀မ်းချုပ် တာ သက်သာ သွားပြီး ဗိုက်က သိသိ သာသာ ချပ်သွား တာ။ အခု စွဲသောက်နေတာ ၁၂ ရက် ရှိပြီ’’ဟု ၎င်းက သြဂုတ် ၂၈ ရက် က ဆိုသည်။

ပုဂ္ဂလိက ဆေးခန်း တစ်ခု တွင် လုပ်ကိုင်နေသူ တစ်ဦး ကမူ အဆိုပါ လိမ်းဆေး ကို သောက်ဆေး အဖြစ် များ စွာ သောက်သုံး ၍ ဆေးခန်း လာပြသူ အချို့ရှိကြောင်းပြောသည်။

ဆရာခို အနာလိမ်းဆေး ကို ကြာပုံစံ ပါရှိသည့် ဆရာခို အမှတ် တံဆိပ်နှင့် ဦးအောင်လင်း+ ဒေါ်ခင်သန်းနွဲ့ ၏ ပဒုမ္မာရွှေကြာ ဆရာခို အမှတ်တံဆိပ် ဟူ၍ နှစ်မျိုး ထုတ်လုပ်နေခြင်းဖြစ်သည် ။


 http://7daydaily.com/story/45179

No comments:

Post a Comment