Friday, August 21, 2015

မည်သည့် ဘဏ် ကိုမှ ပိတ်သိမ်း ဖို့ အစီအစဉ် လုံးဝ မရှိ ဘဏ် အားလုံး ဗဟိုဘဏ် ရဲ့စိစစ် မှုအောက်မှာ ရှိနေ


Yangon Media Group's photo.

နေပြည်တော် သြဂုတ် ၁၈

ပြည်တွင်း ရှိ ပုဂ္ဂလိက ဘဏ် အချို့နှင့်ပတ်သက် ၍ ထွက်ပေါ် လာသည့် သတင်းများ သည် ကောလာဟလ များ သာဖြစ်ပြီး ဘဏ်များ အားလုံး သည် ဗဟိုဘဏ် ၏ သတ်မှတ် စည်းကမ်းဘောင်နှင့် အချိုးများ အတွင်း ရှိနေကြောင်းနှင့် ဘဏ်များ တွင် ငွေကြေး အကျပ် အတည်း ဖြစ်ပေါ် ပါ ကလည်း လိုအပ်သော အကူအညီ များ ကို ဥပဒေနှင့် အညီ အပြည့်အဝ ပံ့ပိုး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ယနေ့ နံနက် ၉ နာရီခွဲ တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ပြန်ကြေညာသည်။

''တချို့ ဘဏ်တွေ ကို ပိတ်သိမ်း ဖို့ လုပ်နေတယ် ဆိုပြီး ကောလာ ဟလတွေ ဖြစ်လာ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဗဟိုဘဏ် ကနေ မည်သည့်ဘဏ် ကို မျှ ပိတ်သိမ်းဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။ ဘဏ်တွေ အားလုံး ကလည်း ကျွန်တော် တို့ ဗဟိုဘဏ် ရဲ့ စိစစ်မှုအောက် မှာ အကုန်လုံးရှိနေ ပါတယ်။ 

ဘဏ်တွေ ရဲ့ စာရင်းဇယားတွေ ကို ဗဟိုဘဏ် ကို နေ့တိုင်း ပို့ရပါတယ်။ ဗဟိုဘဏ် က သတ်မှတ် ထားတဲ့ စည်းကမ်းဘောင်တွေ နဲ့ အချိုးတွေ အများကြီး ရှိပါတယ်။ ဒီလို သတ်မှတ် ထားတဲ့ စည်းကမ်းဘောင် အတွင်း မှာ ဘဏ်တွေ အားလုံး ရှိနေပါတယ်'' ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင် က ဖိတ်ကြား ထား သော မီဒီယာများ ကို ပြောသည်။

 

 Yangon Media Group's photo.


 

 ပြည်တွင်း ရှိ ဘဏ်များ အားလုံး ကို ငွေကြေး အကျပ်အတည်း မဖြစ်အောင် နိုင်ငံ တကာ ထုံးစံ များနှင့်အညီ အချိုး များ၊ စည်းကမ်း သတ်မှတ်ချက် ဘောင်များ အတိုင်း ငွေကြေး တည်ငြိမ်မှု ရှိစေရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ် က ဆောင် ရွက်လျက် ရှိသည်။

''တကယ်လို့ သာ ဘဏ်တွေ က ကျွန်တော်တို့ ရဲ့ စည်းကမ်းဘောင်ထဲ ကနေ လွတ်လာ ရင် ဒါမှမဟုတ် ကျွန်တော်တို့ ရဲ့ သတ်မှတ်ချက် အချိုးတွေ နဲ့ ကိုက်ညီ မှု မရှိဘူး ဆိုရင် ဗဟိုဘဏ် က ဒီ ဘဏ်တွေကို ချက် ချင်းခေါ်ပြီး သတိပေး ပါ တယ်။ 

သတိပေးလို့ မရရင် အရေးယူ မှုတွေ လုပ်ပါတယ်။ ဘဏ်တွေ က နေ့စဉ် စာရင်း တွေကို နေ့တိုင်း ဗဟိုဘဏ် ကိုပေးပို့ရ ပါတယ်။ စာရင်း ဆိုတာမှာ Financial Reporting တစ်ခုတည်း မဟုတ်ပါဘူး။ သတ်မှတ် ထားတဲ့ အချိုးတွေ စည်းကမ်းဘောင် အတွင်း ရှိ မရှိ ဆိုတာတွေကို Quantitative Method တွေနဲ့ စစ်ဆေး တာတွေ ရှိပါ တယ်။ ဒါက အမြဲတမ်းလုပ်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်'' ဟု ၎င်း က ဆက်လက်ပြောကြား သည်။


ကမ္ဘောဇ Group of Com- panies မှ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူ ဦးမိုးဆန်းအောင် က ''ဘဏ် လုပ်ငန်း က ပြိုင်လို့ မရတဲ့ လုပ်ငန်းစဉ် ဖြစ်ပြီး အဆုံး မှာ ပူးပေါင်းဆောင်ရွက် ရတာ ပဲဖြစ်ပါတယ်။ တချို့က ရည်ရွယ် ချက် ရှိရှိနဲ့ တိုက်ခိုက်ကြ တာမျိုး ရှိပြီး လူမှု ကွန်ရက် ကနေ ဖြန့်တာမျိုးတွေ ဖြစ်လာပါတယ်။ 

ဒီလို လုပ်တာက ဘဏ် လုပ်ငန်း မဟုတ်တဲ့ စီးပွားရေး သမားတွေ ဖြစ် နိုင် သလို နိုင်ငံရေး အရလည်း ဖြစ်နိုင် တယ်လို့ ယူဆ ပါတယ်။ ဘဏ်လုပ်ငန်း နဲ့ ငွေကြေးကဏ္ဍ ဆိုတာ နိုင်ငံ ရဲ့ စီးပွားရေး နဲ့ တိုက်ရိုက် ပတ်သက် တဲ့ လုပ်ငန်းဖြစ်ပါ တယ်။ ဒါမျိုးတွေ ကို ဗဟိုဘဏ် အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ နဲ့ ပူးပေါင်းပြီး အရေး ယူ သွားရင် မီးစ ကို ငြှိမ်းသလို ဖြစ်ပြီး နောင်မှာ ဒါမျိုးတွေ နည်းပါး သွားမယ်လို့ ယူဆပါတယ်'' ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲ သို့ တက်ရောက်လာရင်း ပြောသည်။

Yangon Media Group's photo.


မြန်မာနိုင်ငံ တွင် ဗဟိုဘဏ် ၏ ကြီးကြပ်မှုဖြင့် လုပ်ကိုင်ဆောင်ရွက် နေသော ပြည်တွင်း ပုဂ္ဂလိကဘဏ် ၂၂ ခုရှိပြီး လက်ရှိ အချိန်တွင် ဗဟိုဘဏ် သို့ နေ့စဉ်ရောက်ရှိ လာသော ဘဏ် များ က ပေးပို့ သည့် စာရင်းဇယား၊ အချိုးများ အရ ငွေကြေး အကျပ် အတည်း ကြုံတွေ့ရသည့် ဘဏ်ဟူ ၍ မရှိဘဲ သတ်မှတ်ချက် စည်း ကမ်း ဘောင် များ ကို ဘဏ်များ အားလုံး အတွက် တစ်ပြေးညီ သတ်မှတ်၍ စနစ်တကျ လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

'' ဒီလို ကောလာဟလတွေ ထွက် လာပြီး ပြဿ          နာတွေ ထပ် မကြုံရ အောင် နိုင်ငံတော် အနေ နဲ့ ဆောင် ရွက်ရမယ့် ကိစ္စတွေလည်း ရှိမှာပါ။ ဒါပေမယ့် ဗဟိုဘဏ် ရဲ့ တိုက်ရိုက် ကွပ်ကဲ ခွင့် (Jurisdiction)အောက် မှာ မရှိ ပါဘူး။ 

ဗဟိုဘဏ် နဲ့ အတူ ဘဏ်တွေ က စနစ်ကျကျ စည်းကမ်း ရှိရှိ သွားဖို့က အဓိကဖြစ်ပါတယ်။ ဘဏ်တွေမှာ တစ်ခုခု အကျပ်အတည်း ဖြစ်လာရင် အချိန်နဲ့ တစ်ပြေးညီ နောက်ကနေ ထောက်ပံ့ပေးဖို့ ဗဟို ဘဏ်က အဆင်သင့် ရှိပါတယ်''ဟု ဦးဆက်အောင် က ဆက်ပြောသည်။

ဘဏ်လုပ်ငန်း များ လှုပ်ခတ်စေ ရန် ရည်ရွယ် လုပ်ဆောင်နေသော ကောလာဟလ များနှင့် ပတ်သက်၍ ''အခုနောက်ပိုင်း အီလက်ထရွန်နစ် အက်ဥပဒေ ဆိုတာလည်း ရှိနေပြီဖြစ် တဲ့ အတွက် ကိုယ်တိုင် နစ်နာသူ က ဒီလိုကောလာဟလ  ကြောင့် အခက် အခဲ ပြဿ       နာတွေဖြစ်လာ တယ်ဆိုရင် တင်ပြတိုင်ကြားလို့ ရပါ တယ်။ 

နစ်နာ သူက ပြည်ထဲရေးဝန်ကြီးဌာန နဲ့ သက်ဆိုင်ရာဌာနတွေ ကို ဆက်သွယ် ဆောင်ရွက်ခွင့် ရှိပါတယ်'' ဟု မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ ငွေရေးကြေး ရေးနှင့် သတင်း စစ်ဆေးရေးနှင့် လေ့လာရေးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်ကျော်သန်း က ဖြည့်စွက်ပြောကြားသည်။

ဆက်လက်၍ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌက ဘဏ် လုပ်ငန်းနှင့် ဆက်နွှယ် ဆောင်ရွက် သူများ အနေဖြင့် စိတ် ပူပန် စရာ မရှိဘဲ ဆက်လက်ဆောင်ရွက် နိုင်ကြောင်းကို ''နောက်တစ်ခု အရေး ကြီးတာက အခုလို မျိုး ကော လာ ဟလ တွေဖြစ်ပြီး ဘဏ်တွေ အနေနဲ့ ငွေကြေးအကျပ် အတည်းတွေ ဖြစ် ပေါ်လာရင် ဗဟို ဘဏ် ကိုတောင် လာစရာမလိုပါဘူး။

 Interbank Market ကနေပြီး တခြားဘဏ် တွေ က ငွေချေးလို့ ရပါသေးတယ်။ Interbank Market Interbank ကလည်း ချေး လို့မရဘူး တခြားဘဏ်တွေ ကလည်း ပေးလို့ မရဘူး ဆိုရင်တောင် ပူစရာ မလို ပါဘူး။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ဘဏ်တွေ လိုအပ်တဲ့ငွေ ကို ချေးပေး မှာ ဖြစ်ပါတယ်။'' ဟု ပြောသည်။

သြဂုတ် ၁၆ နှင့် ၁၇ ရက်များ တွင် လူမှုကွန်ရက် စာမျက်နှာ များမှ တစ်ဆင့် ထွက်ပေါ်လာသော ဘဏ် အချို့ ပိတ်သိမ်းမည် ဟူသည့် ကော လာဟလ များကြောင့် ပြင်ပဘဏ် လုပ်ငန်းများ တွင် ငွေသွင်းငွေထုတ် မှု ဂယက်များဖြစ်ပေါ် လာပြီး ယင်း ဂယက် များကြောင့် နောက်ဆက် တွဲ ပြဿ         နာများ မဖြစ်ပေါ်လာစေ ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေ ဖြင့် အချိန်နှင့် တစ်ပြေးညီ  သတင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ကြေ ညာ လျက်ရှိသည်။


သတင်း -မိုးသူဇာစိုး
Ref : MOI Webportal Myanmar မှ ကူးယူဖော်ပြသည်။

 Yangon Media Group


No comments:

Post a Comment