Thursday, April 28, 2016

ငရုတ်သီးစားခြင်းက အသက်ရှည်စေနိုင်






ခန္ဓာကိုယ် မှာ နာကျင်မှု ကို အာရုံ ခံနိုင်စွမ်းအား ဟန့်တားခြင်း က အသက် ရှည်စေ ပါတယ်။ ငရုတ်သီး မှာ ပါဝင်တဲ့ Capsaicin ဒြပ်ပေါင်းဟာ ဆိုရင်တော့ နာကျင်မှု အာရုံခံ ပရိုတိန်း TRVPI  ကို ဟန့်တားပေးပါတယ်။ ဒါကြောင့် ငရုတ်သီးတောင့်တွေ နဲ့ ငရုတ်သီး ပါဝင်တဲ့ အစပ် ဟင်းတွေ ပုံမှန် စားသုံးခြင်းဖြင့် အသက်ရှည်နိုင် တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီ အင်ဒရူးဒီလင်း နဲ့ သုတေသီတွေ က ကြွက်တွေ ကို TRVPI ခေါ် နာကျင်မှု အာရုံခံ ပရိုတိန်း မထုတ် လုပ်နိုင်အောင် မျိုးရိုး ဗီဇပြုပြင်ပြီး အဲဒီလေ့လာမှု ကို ပြုလုပ်ခဲ့ကြတာပါ။

TRVPI  ခေါ် နာကျင်မှု အာရုံခံ ပရိုတိန်း မထုတ်လုပ်နိုင် တဲ့ အဲဒီကြွက်တွေ ဟာ ထူးထူးခြားခြား အသက် ရှည်နေ ပါတယ်။ တစ်ခြား ပုံမှန်ကြွက်တွေ ထက် ၁၄ ရာခိုင်နှုန်း ပိုပြီး အသက်ရှည်တဲ့ အပြင် ပိုမိုကျန်းမာပြီး ၊ ကင်ဆာရောဂါ ဖြစ်ပွားမှုလျော့နည်း ပါတယ်တဲ့။

အသက် အရွယ်ကြောင့် မှတ်ဉာဏ် စွမ်းရည် ကျဆင်းမှုနှုန်း လျော့နည်းကြောင်း၊ ဒါ့အပြင် ပုံမှန်ထက် ကိုယ် လက် လှုပ်ရှားမှု ပိုမိုပြုလုပ် စရာ မလိုဘဲ အဆီပိုတွေ ကို လောင်ကျွမ်းစေ နိုင်ကြောင်းနဲ့ အသက် အရွယ် အိုမင်း လာတဲ့တိုင် ခန္ဓာကိုယ်တွင်း သကြားဓာတ် ချေဖျက်နိုင်စွမ်း အပါအ၀င် ဇီဝရုပ်ဖြစ်စဉ် ဟာ အသက် ငယ် စဉ် ကလို ကောင်းမွန်နေတုန်းဖြစ်ကြောင်း စတဲ့ အကြောင်း အရာတွေကို သုတေသီတွေက ရှာဖွေနိုင် ခဲ့တာပါ။ 





 
chili from en.wikipedia.org


ဒါကြောင့် ခန္ဓာကိုယ် မှာ နာကျင်မှု အာရုံ ခံနိုင်စွမ်းကို ဟန့်တားခြင်း က လူတွေ မှာ နာကျင်မှုသက် သာစေရုံ မက အသက်ရှည် ကျန်းမာစေပြီး၊ အထူးသဖြင့် ဆီးချိုရောဂါ နဲ့ အ၀လွန်မှု တို့ကို ကုသရာမှာ အလွန် အသုံး ၀င် နိုင်တယ် လို့ အဲဒီလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ ပါမောက္ခ သုတေသီက ပြောကြားခဲ့ပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Cell     

















No comments:

Post a Comment