Tuesday, April 26, 2016

လူ့  အခွင့်အရေး ကြည့်ရမယ်

ဦးမြင့်ခိုင်'s photo.
အင်အားကြီးတဲ့ ဘာသာကြီးတွေကြားထဲ မှာ ကာလကြာရှည်စွာ ရပ်တည်နိုင်ခဲ့တာဟာ စစ်မှန်တဲ့ ဘာသာဖြစ်တာ က တစ်ကြောင်း.....   ပြီးတော့ သာသနာပြု  ရဟန်းသံဃာတော်များ ရဲ့ အသက်
သွေးချွေး ပေါင်းမြောက်များစွာ ကလည်း ပေးဆပ် လာခဲ့ရတာက တစ်ကြောင်း မို့  ဒီနေ့ ထိ ရပ်တည်
နေနိုင်တာပါ ။


အတိတ်ကိုပြန်ကြည့်မယ် ဆိုရင် ဗုဒ္ဓဘာသာပျောက်ကွယ်ဖို့  အကြိမ်ပေါင်း များစွာ ဖြစ်ခဲ့ဘူးပြီး ပါပြီ ။
ဗုဒ္ဓ ဘာသာ ကို လွှမ်းမိုးဖို့  ဘာသာကြီးတွေ က အမြဲတမ်း ကြိုးပမ်းနေခဲ့တယ် စနစ်တကျ
ဖျက်ဆီးနေ ခဲ့တာ လို့ ပြောရင် မလွန်လောက်ပါဘူး ။


သိပ္ပံနည်းကျ ဘာသာမို့  သူတို့ တွေ  မယှဉ်နိုင်ပါဘူး ။ ဒါကို  ကြိတ်မနိုင် ခဲမရဖြစ်နေကြတာပါ ။

ထေရဝါဒ နိုင်ငံတွေထဲက မှ မြန်မာနိုင်ငံ ကို ဖြိုလှဲနိုင်ခဲ့ရင် ဗုဒ္ဓဘာသာ ကျဆုံးပြီ ။

ဒါကို သူတို့ ကောင်းကောင်းသိတယ် ။ ခက်တာက အသားထဲက လောက်ထွက် တာတွေကြောင့်ပဲ
စိုးရိမ်နေရတာ ။ သာသနာတော်ကို နှစ်ပေါင်းများစွာ မမြှောက်စားပဲ ပစ်ထား ခဲ့တဲ့ အတွက် အခု သာသနာပြု သူတွေ ပင်ပမ်းနေရပြီ ။

 
အုပ်ချုပ်သူတွေရဲ့ ညံ့ဖျင်း ခဲ့မှု့ကြောင့် အင်အားနည်းနေတဲ့ ကြားထဲက ဖရိုဖရဲ ကွဲပြိုပြီး ဗုဒ္ဓဘာသာ အချင်းချင်း စိတ်ဝမ်းတွေ ကွဲခဲ့ရပြီ ။


တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့  ဗုဒ္ဓဘာသာ ဟာ ခြောက်ရာခိုင်နုန်း သာ ရှိနေပေမဲ့လည်း တစ်ကယ်တမ်း ဘာသာ သာသနာကို တန်ဘိုးထားသူ ဟာ အနည်းငယ်ပဲ ရှိလိမ့်မယ် ။

ခုလို ထောက်ပြတဲ့ သူမျိုး ကိုတောင် ဘာသာရေး လှုံ့ဆော်မှု့လုပ်တာလား ဆိုတဲ့ အမြင် ရှိသူတွေ ဟာ တော်တော် များနေပြီ ။
 

အဲဒီလို ဗုဒ္ဓဘာသာတွေဟာ တစ်ခြား ဘာသာကို အားပေး အားမြှောက် လုပ်သလို ဖြစ်နေတယ် ။ တာဝန် ရှိတဲ့ အကြီး အကဲတွေ နေရာ ရနေသူတွေကို လေ့လာကြည့်တော့လည်း တစ်ခြားနိုင်ငံ က ဘာသာရေး  ခေါင်းဆောင်တွေ လို သတ္တိမရှိဘူး မပြတ်သားရဲဘူး ။ 

တစ်ခုခု ကို ကြောက်နေသလိုပဲ တွေ့ နေရတယ် ။ လူ့ အခွင့် အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ လုံးလည်
ပတ်ချာ လိုက်နေတယ်။


တစ်ကယ်ဆို ဥရောပက လူ့ အခွင့်အရေး နိုင်ငံကြီး တွေတောင် လူ့ အခွင့်အရေး စကား မပြောနိုင်တော့ဘူး လူ့ အခွင့်အရေး ဆိုတာ လူလိုနေတဲ့သူ ပဲ ရနိုင်တယ် ဆိုတာ သိသင့်တယ် ။

ရဟန်း သံဃာတော်တွေလည်း ပင်ပမ်းနေပြီ ။ တစ်နှစ် ကို ခုနှစ်သောင်းလောက်လျှော့နေပြီ ။
တစ်နိုင်ငံလုံး အတိုင်းအတာ မှ ငါးသိန်းပဲ ရှိတယ် ။ ဒီပုံစံနဲ့ ဆို ဘာမှ မကြာလောက်တော့ဘူး ။


ခြောက်ရာခိုင်နုန်း ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ ကလည်း ခုထိ ငြင်းနေကြတုန်း  သာသနာတော် အတွက် စည်းလုံးမှ ရမယ် ဆိုတာ သိနေပေမဲ့ စည်းလုံးမှု့ဆိုတာ ဘယ်လို တည်ဆောက်ရမှန်းကို မသိတော့ဘူး ။

သာသနာ အတွက် တွေးမိတိုင်း ရင်မောနေရပြီ ။ လူ့ အခွင့်အရေး တစ်ခုတည်းကြည့်မယ် ဆိုရင်
ဗုဒ္ဓဘာသာ အတွက် စိတ်မချရဘူး ။ ဘာသာ ကွယ်ရင် အခု ရှိနေသူတွေရော နောင်မွေးလာမဲ့ သူ အားလုံးရော မြင်အပ် မမြင်အပ် ၃၁ ဘုံ သားတွေ အားလုံး အပါယ်ဆင်းကြရတော့မယ် ။


တစ်ကယ်ဆို အဲဒီလို ဘာသာ သာသနာပျောက်ရင် အပါယ် ဆင်းကြရမဲ့ နောင်မွေးလာမဲ့ သူ အားလုံးရဲ့
  လူ့အခွင့်အရေး ကို လည်း ကြည့်သင့်တယ်လို့  ထင်တယ် ။


ဗုဒ္ဓဘာသာဝင်များ အားလုံး လေးအသင်္ချေ ကမ္ဘာ တစ်သိန်း ပေးဆပ်ခဲ့ရတဲ့ ဘုရားရှင်ရဲ့ သာသနာတော် တန်ဘိုး ကို နားလည်နိုင်ပါစေလို့ ပဲ ဆုတောင်းမိပါတော့တယ် ။




ဦးမြင့်ခိုင်

No comments:

Post a Comment