Saturday, April 9, 2016

၂၀၁၅ ရဲ့ အဆိုးဆုံး password များ



 
 
 SplashData က ဟက်ကာတွေ အွန်လိုင်း မှာ လွှင့်တင် ခဲ့တဲ့ အချက်အလက် ပေါက်ကြားမှု ကြုံခဲ့ရသော password ၂ သန်းကျော် ရဲ့ အချက် အလက်တွေ ကို စုဆောင်းလေ့လာခဲ့တာ ဖြစ်ပါတယ်။
 
ကမ္ဘာ တစ်ဝန်း အွန်လိုင်း သုံးစွဲသူတွေ ရွေးချယ် အသုံးပြုနေကြတဲ့ password တွေ ဟာ အရင်က ထက် ပိုမို ရှည်လျား လာပေမဲ့ လုံခြုံစိတ်ချရမှု မရှိကြောင်း password-management application များ ဖန်တီး တဲ့ SplashData ကုမ္ပဏီ က ဆိုပါတယ်။

SplashData ရဲ့ စာရင်း အရ ၂၀၁၅ ခုနှစ် အတွင်း အဆိုးဆုံး passowrd စာရင်း မှာ '1234567890', 'qwertyuiop' နဲ့ 'welcome' တို့ ပါဝင်ပြီး ဒီ password တွေ က '1234', '12345' နဲ့ 'qwerty' တို့ထက် ပိုမို ရှည်လျားပေမဲ့ လုံခြုံစိတ်ချရမှု မရှိဘူး လို့ သိရပါတယ်။

SplashData က ဟက်ကာတွေ အွန်လိုင်း မှာ လွှင့်တင် ခဲ့တဲ့ အချက်အလက် ပေါက်ကြားမှု ကြုံခဲ့ရသော password ၂ သန်းကျော် ရဲ့ အချက်အလက်တွေ ကို စုဆောင်း လေ့လာခဲ့တာ ဖြစ်ပါတယ်။ အချက် အလက် အများစု ဟာ အနောက် ဥရောပ နဲ့ မြောက်အမေရိကန် မှာ နေထိုင်သူတွေ ထံမှဖြစ်ကြောင်း SplashData က ဆိုပါတယ်။
 
 

၂၀၁၅ ခုနှစ် ရဲ့ အဆိုးဆုံး password စာရင်း မှာ 'starwars' နဲ့ 'solo' ဆိုတဲ့ စကားလုံးတွေ က အသစ် အနေနဲ့ ပါဝင် လာပါတယ်။ Password အသုံးပြုရတဲ့ နေရာတွေ မှာ လက်ဗွေဖတ် စနစ်၊ မျက်နှာ (သို့မဟုတ်) အသံ မှတ်သား စနစ်တို့ဖြင့် အစားမထိုးနိုင်မီ ပိုမို လုံခြုံမှုရှိသော password များ ဖြစ်စေရန် စာလုံး အကြီး၊ စာလုံး အသေး များနဲ့ အထူး စကားလုံး (special character) များ ပေါင်းစပ် ပါဝင်ပြီး စာလုံးအရေ အတွက် အနည်းဆုံး ၁၂ လုံး ရှိတဲ့ password တွေ ကို အသုံးပြုသင့်ကြောင်း SplashData က အကြံပြုထားပါတယ်။

၂၀၁၅ ခုနှစ် အတွင်း အချက် အလက် ပေါက်ကြားမှု ကြုံခဲ့ရတဲ့ password များမှာ အောက်ပါ အတိုင်း ဖြစ်ပါ တယ်။
 
 
(၁) 123456
(၂) password
(၃) 12345678
(၄) qwerty
(၅) 12345
(၆) 123456789
(၇) football
(၈) 1234
(၉) 1234567
(၁၀) baseball
(၁၁) welcome
(၁၂) 1234567890
(၁၃) abc123
(၁၄) 111111
(၁၅) 1qaz2wsx
(၁၆) dragon
(၁၇) master
(၁၈) monkey
(၁၉) letmein
(၂၀) login
(၂၁) princess
(၂၂) qwertyuiop
(၂၃) solo
(၂၄) passw0rd
(၂၅) starwars

Source: Internet Journal, SplashData

 
 
Credit: duwun
http://www.lwinpyin.com/2016/01/password.html#more
 
 

No comments:

Post a Comment