Thursday, April 28, 2016

အလှအပ အတွက် အလွယ်ကူဆုံး အသုံးပြုလို့ရတဲ့ ဒိန်ချဉ်


Image result for ဒိန်ချဉ်


ဒိန်ချဉ် ဆိုတာ ပရိုတင်း နဲ့ ကယ်လ်ဆီယမ်ဓါတ်တွေ အပြည့် ပါဝင်ပြီး ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အဆာပြေ စားစရာ တစ်ခုဖြစ်ပါတယ်။

 ဒါ့အပြင် ဒိန်ချဉ် ဟာ အသားအရေ နဲ့ ဆံသား အတွက်လည်း အလှကုန် ပစ္စည်းတော်တော် များများ မှာ ထည့် သွင်းထုတ်လုပ်နေတဲ့ ကုန်ကြမ်းပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ 


ဒီလို အလှကုန် ပစ္စည်းတွေ အတွက် အကုန်အကျ ခံစရာ မလိုရလေအောင် အိမ်မှာတင် ကိုယ်တိုင် လုပ်လို့ ရတဲ့ အသားအရည် နဲ့ ဆံသားတောက်ပစေဖို့ အတွက် ဒိန်ချဉ် အသုံးပြုပုံလေးတွေ ကို ဖော်ပြပေး လိုက်ပါ တယ်။

ဒိန်ချဉ် ပေါင်းတင် မျက်နှာဖုံး နဲ့ ကြည်လင်တောက်ပတဲ့ အသားအရေ ကို ပိုင်ဆိုင်ရယူနိုင်ပါတယ်။

ဒိန်ချဉ် ဟာ ၀က်ခြံကြောင့် အသားအရေ နီရဲယောင်ရမ်းတာတွေကို သက်သာစေပြီး အရေပြား ရဲ့ရေဓါတ်၊ အစိုဓါတ် ကို ပိုမိုမြှင့်တင်ပေးနိုင်တဲ့ အပြင် အသား အရေ ကို တောက်ပကြည်လင်စေတဲ့ ဗိုက်တာမင် ဘီတွေ လည်း အပြည့် ပါဝင်တာကြောင့် ဖြစ်ပါတယ်။







Image result for ဒိန်ချဉ်



ဒိန်ချဉ် ကို မျက်နှာပြင် အနှံ့ တိုက်ရိုက် သုတ်လိမ်းပြီး ၁၀ မိနစ်ခန့် ပေါင်းတင် ထားကာ ရေဆေးချခြင်းဖြင့် ကြည်လင်တောက်ပ တဲ့ မျက်နှာ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ခြောက်သွေ့ ပျက်စီးနေတဲ့ ဆံသားတွေ ကို ပြန်လည် ကျန်းမာကောင်းမွန်စေပါတယ်။

ဒိန်ချဉ် ကို ပုံမှန် အသုံးပြုပေးမယ် ဆိုရင်တော့ သူ့မှာ ပါဝင်တဲ့ ပရိုတင်းဓါတ်တွေဟာ ဆံသားတွေ ကို ပိုမိုရှည် လျား သန်စွမ်းစေပြီး လက်သည်းခြေသည်းတွေ ကို လည်း ကျန်းမာကောင်းမွန်စေပါတယ်။ 


ဒိန်ချဉ် စားပွဲတင် ဇွန်း ၂ ဇွန်း၊ ပျားရည် ၁ ဇွန်း၊ အုန်းဆီ ၁ ဇွန်း ရောမွှေပြီး ဆံပင် ကို သုတ်လိမ်း ထားပြီး ၁၅ မိနစ် မှ မိနစ် ၂၀ ခန့်ထားပြီး ခေါင်းလျှော် လိုက်ခြင်းဖြင့် ဆံပင်သားတွေ ပိုမိုကောင်းမွန်စေ ဖို့ ပေါင်း တင်ပေးနိုင် ပါတယ်။




Image result for ဒိန်ချဉ်
 


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Womenshealthmag 




No comments:

Post a Comment