Monday, May 2, 2016

ဖုန်း နဲ့ အင်တာနက် သုံးတဲ့အခါ ဘေလ်တွေ အရမ်းကုန်နေတာကို ဘယ်လိုလျှော့ချမလဲ

 Myabuyin Mobile & Electronic's photo.



ငွေဖြည့်ကတ် ငါးထောင် တစ်ကတ်ဖြည့်ထားလည်း အင်တာနက် သုံးရင် ဘယ်နှစ်ရက် မှ မသုံးလိုက်ရလို့ စိတ်ညစ်နေပါသလား။ စိတ်မပူပါနဲ့။ မိုဘိုင်းဒေတာ သုံးစွဲမှုကို အနည်းဆုံး အဆင့် အထိ လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ 

ဒီ နည်းလမ်းလေးတွေ ဟာ အရမ်းလည်း လွယ်ကူတဲ့ နည်းလမ်းတွေ ဖြစ်တာကြောင့် စာဖတ်သူ ကိုယ်တိုင် အလွယ်တစ်ကူ လိုက်လုပ်နိုင်ပါတယ်။

(၁) Auto-update Apps တွေကို ပိတ်ပစ်ပါ။
အင်တာနက် သုံးရင် ဘေလ် အရမ်းကုန်နေရတဲ့ အချက်ထဲမှာ Google Play ကနေ App တွေ update လုပ်နေ တာကြောင့် ဖြစ်နိုင်ပါတယ်။ သင့် ဖုန်းထဲမှာ Play Store ရှိရင်၊ ဘယ်ဘက် အပေါ်ထောင့် အလျားလိုက် မျဉ်းလေးကြောင်းပြထားတဲ့နေရာ ကနေ Settings ထဲ ၀င်ပါ။ ထို့နောက် အပေါ်ဆုံး က ‘Auto-update apps’ ဆိုတာကို နှိပ်ပြီး၊ ‘Do not auto-update apps’ ဆိုတာကို ရွေးပေးလိုက်ပါ။


(၂) Chrome browser ရဲ့ ဒေတာ သုံးစွဲမှုကို လျော့ချပစ်ပါ။
ဝက်ဆိုဒ်တွေကြည့်တဲ့အခါ Chrome ကနေ ကြည့်တယ် ဆိုရင်၊ ဒီအချက် နဲ့ ဒေတာ သုံးစွဲမှု ကို ၃၅ ရာခိုင်နှုန်းလောက် လျော့ချနိုင်ပါတယ်။
 

ပထမဦးဆုံး ဖုန်းရဲ့ Chrome အက်ပလီကေးရှင်းကို ဖွင့်လိုက်ပါ။ ညာဘက် အပေါ်ထောင့်နေရာ ကို နှိပ်လိုက် ရင်၊ မီနူးတစ်ခု ကျလာပါလိမ့်မယ်။ ထိုနေရာ ကနေ ‘Settings’ ထဲဝင်ပါ။ အောက်ကို ဆွဲချလိုက်ရင် ‘Data Saver’ ဆိုတာ ရှိပါတယ်။ Data Saver ကို On လုပ်ပေးလိုက်တာနဲ့ ၀က်ဘ်ဆိုဒ်ကြည့်ရင် ဘေလ် ကုန် တာ တော်တော်လျော့သွားမှာပါ။ အားနည်းချက် ကတော့ Chrome မှာ ကွန်နက်ရှင် နည်းနည်းလေး ပါ လိမ့်မယ်။


(၃) Facebook app ကို မသုံးပဲနေကြည့်ပါ။
စာဖတ်သူ ဖုန်း ရဲ့ အင်တာနက်ဘေလ် အများအပြားက Facebook မှာ ကုန်သွားရတာဖြစ်ပါတယ်။ ဒီ့အပြင် Facebook အက်ပလီကေးရှင်း ဟာ ဘက်ထရီလည်း စားပါတယ်။ ဒါဆို ကျွန်တော်တို့ Facebook အက်ပလီကေးရှင်း ကို ၀ဲပစ်လိုက်ရအောင်။
 

Facebook app အစားသုံးနိုင်တဲ့ Facebook Lite app တွေရှိပေမယ့်၊ ဒီ app တွေ ကလည်း တရားဝင် Facebook app လိုပဲ ဒေတာ စားပါတယ်။
 

ဒါဆိုရင် ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်။ Chrome browser ကနေ Facebook ၀က်ဆိုဒ်ထဲ ၀င်လိုက်ပါ။ ညာဘက် က မီနူးနေရာ ကို နိုပ်လိုက်ရင် ‘Add to Home Screen’ ဆိုတာ တွေ့ပါလိမ့်မယ်။ ဒါကို နှိပ်လိုက်ရင် စာဖတ်သူ ဖုန်းရဲ့ Home Screen ပေါ်ကို Facebook ၀က်ဆိုဒ် shortcut ရောက်သွားပြီး၊ အဲဒီကနေ တစ်ဆင့် Facebook ကို ၀င်သုံးနိုင်ပါတယ်။ သာမန် Facebook အက်ပလီကေးရှင်းလိုပဲ၊ notification သတိပေးစာတွေ ယူထားနိုင်ပါတယ်။

(၄) ဖုန်းနောက်ကွယ် ကနေ အင်တာနက် သုံးနေတဲ့ app တွေကို ပိတ်ပစ်ပါ။
အင်တာနက်ဘေလ် ကို အထိရောက်ဆုံးခြွေတာနိုင်မယ့် နောက် နည်းလမ်း တစ်ခုကတော့ background data ကို ကန့်သတ်တာပဲ ဖြစ်ပါတယ်။ 


ကိုယ် က မသုံးနေပေမယ့်၊ အလို အလျောက် အင်တာနက် သုံးနေတဲ့ အက်ပလီကေးရှင်းတွေ ရှိပါတယ်။ ဥပမာ ..... သတင်း app တစ်ခုက အလိုအလျောက် သတင်းတွေ ဆွဲနေ တာ၊ ဒါမှမဟုတ် မိုးလေ၀သ အခြေ အနေပြတဲ့ widget က အလိုအလျောက် ဒေတာတွေ ဆွဲနေတာတွေ မျိုးတွေပါ။

ဒီပြဿ         နာကို ဖြေရှင်းဖို့  အတွက် ပထမဦးဆုံး ဖုန်း Settings ထဲဝင်ပါ။ ‘Data Usage’ ထဲ ထပ်ဝင်ပါ။ ‘Restrict Background Data’ လုပ်ပေးလိုက်ရင် app တစ်ခုက ကိုယ် မသုံးဘဲနဲ့ အင်တာနက် ဆွဲနေတော့မှာ မဟုတ် ပါဘူး။
 


Myabuyin Mobile & Electronic's photo.


ဒီ့ အပြင် ကိုယ့်စိတ်ကြိုက် အင်တာနက် မသုံးစေချင်တဲ့ app တွေကိုလည်း Settings ထဲကနေ ပိတ်ထား လို့ရ ပါတယ်။ ဒီ့ အတွက် Settings ထဲက Apps ဆိုတာထဲ ၀င်ပြီး၊ ကိုယ် အင်တာနက် မဆွဲစေချင်တဲ့ app ကို ရွေးပြီး ဒေတာ သုံးစွဲမှု  ပိတ်လိုက်ပါ။

၅။ အင်တာနက် အရမ်းသုံးတဲ့ app တွေ ကို ရှာပြီး မလိုရင် ဖျက်ပစ်ပါ။
ဒီ အတွက် Settings ထဲနေ Data Usage ထဲ ၀င်ပါ။ ဒီနေရာမှ ဘယ် app က အင်တာနက်ဒေတာ ဘယ်လောက် များများ သုံးထားလဲဆိုတာ ကြည့်နိုင်ပါတယ်။
 

ဒီနေရာ မှာ Gmail ကို ဥပမာ ထားပြီး ကြည့်ကြည့်ပါ။ ကျွန်တော့်ဖုန်းမှာ Gmail က အင်တာနက် 451 MB သုံးထားပြီး၊ ကျွန်တော်က ဒီ Gmail ကို သိပ်လည်း မသုံးဖြစ်ဘူးဆိုပါစို့။ ဒါဆို Uninstall လုပ်ပစ်သင့် ပါတယ်။ စာဖတ်သူ အနေနဲ့လည်း ကိုယ် သိပ်မသုံးဖြစ်တဲ့၊ သိပ် အသုံးမ၀င်တဲ့ app ကို ရွေးချယ်ပြီး Uninstall လုပ်ပစ် လိုက်ပါ။

၆။ အင်တာနက် ကနေ ပုံတွေ ပို့တာ၊ ဗီဒီယိုတွေ ကြည့်တာကို လျှော့ပေးပါ။
စမတ်ဖုန်း တစ်လုံး ကနေ ရုပ်ထွက် အမြင့်စား HD ဗီဒီယို ဆယ်မိနစ်စာလောက်လေးကို ကြည့်တာ က ဒေတာ 50 MB ကျော် ကုန်နိုင်ပါတယ်။ အရည်အသွေး အမြင့် ဓာတ်ပုံ တစ်ပုံက 5 MB လောက်အထိ ရှိနိုင်ပါတယ်။ 


ဒါကြောင့် Facebook ၊ Viber စတဲ့ app တွေကနေ တစ်ယောက်နဲ့ တစ်ယောက် ပုံတွေ အရမ်းမပို့ ပါနဲ့ ။  ပြီး တော့ Facebook မှာ တွေ့သမျှ ဗီဒီယိုတွေ အကုန်လျှောက် မကြည့်ရင်၊ အင်တာနက်ဘေလ် တော်တော် သက်သာသွားမှာပါ။

၇။ Google Maps သုံးရင် offline သုံးကြည့်ပါ။
Google Maps ကို အင်တာနက် မရှိဘဲလည်း သုံးနိုင်ပါတယ်။ တစ်ကယ်လို့ ကိုယ် သွားနေလာနေကျ နေရာ တစ်ခု ကို ခဏခဏ Google Maps ကြည့်ဖြစ်နေတယ် ဆိုရင်၊ ဒီနယ်မြေကို ဒေါင်းလုဒ် ရယူပြီး၊ ဖုန်းထဲ ထည့် သိမ်းထားနိုင်ပါတယ်။ ဒါဆိုရင် နောက်အခါ အင်တာနက် မရှိလည်း ကိုယ်ဒေါင်းထားတဲ့နယ်မြေကို offline မြေ ပုံကြည့်နိုင်ပါတယ်။ 


အထက်ပါ နည်းလမ်းတွေ အတိုင်း လုပ်ကြည့်မယ် ဆိုရင် စာဖတ်သူရဲ့  အင်တာနက်ဘေလ် ကို သိသိ သာသာ ခြွေတာနိုင်ပေးပြီး၊ ဖုန်းငွေဖြည့်ကတ်တွေ ပလူပျံအောင် ဖြည့်နေရခြင်း ကနေ တော်တော် သက်သာရာ ရသွားမှာပါ။


Credit to ==> Digital Times
Myabuyin Mobile & Electronic

No comments:

Post a Comment