Friday, April 1, 2016

တစ်ဒေါ်လာ ၁၂၀၀ အောက်ထိ ရောက်ရှိသွား




အစိုးရ အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မှာ မြန်မာ ကျပ်ငွေ တန်ဖိုးမြင့်တက် ကာ တစ်ဒေါ်လာ ၁၂၀၀ အောက် ထိ ကျဆင်း သွားတယ်လို့ သိရပါတယ်။

7Day Daily ရဲ့ဖော်ပြချက် အရ မတ်လ ၂၉ ရက်နေ့ က ၁၂၁၀ ရှိခဲ့ရာ က  မတ်လ ၃၁ ရက်နေ့ မှာ ၁၁၉၇ ကျပ်ထိ ကျဆင်း သွားတာဖြစ်ပါတယ်။ 

အစိုးရသစ် လက်ထက် မှာ မြန်မာ ကျပ်ငွေ တန်ဖိုးဟာ ဒီ့ထက်မြင့်တက် လာနိုင်တယ်လို့ စီးပွားရေး ပညာ ရှင်တွေ က သုံးသပ် ထားကြပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပိုလာရင် ကျပ် တန်ဖိုး က ထပ် တက်ဦးမှာဖြစ်တယ် လို့ ပြည်ပ ဆန်တင်ပို့ရောင်းချသူ တစ်ဦး ကလည်း ပြောကြားပါတယ်။ 



ရေရှည်မြင့်တက်ဖို့ အတွက် ကိုတော့ သံသယ ရှိသူတွေလည်း ရှိပြီး ရင်းနှီးမြှုပ်နှံမှု နဲ့ အကူအညီ များ ဝင်ရောက် မှုနှေးတာ၊ မြန်မာ့ အဓိက ပို့ကုန်ဖြစ်တဲ့ သဘာဝ ဓာတ်ငွေ့ဈေးနှုန်း တန်ဖိုး ကျဆင်းတာတွေနဲ့ ကုန်သွယ်မှု လိုငွေ လျှော့ချနိုင်မှု မရှိတာတွေ ကတော့ အမေရိကန်ဒေါ်လာ တန်ဖိုး မှာ ပြန်လည်မြင့် တက် လာနိုင်တဲ့ အကြောင်း အရင်းတွေဖြစ်တယ်လို့ သိရပါတယ်။



Photos & Source: 7Day Daily , BBC
http://www.duwun.com.mm/news/-id4867750.html

No comments:

Post a Comment