Saturday, April 16, 2016

ဘောင်တွေ ကို ကျော်ကြည့်ခြင်း

Zin Lin Maung's photo.

အမေရိကန်တွေ အာကာသထဲ သွားတော့ ကမ္ဘာ့မြေ ဆွဲအား မရှိတော့တဲ့ ဟင်းလင်းပြင်မှာ သူတို့ ဘောလ် ပင်တွေ က မှင် မထွက် တော့တာတွေ့ရတယ်။ ဒီတော့ ပညာရှင်တွေ နာရီထောင်ပေါင်း များစွာ သုတေ သန လုပ်၊ ပိုက်ဆံဒေါ်လာ သန်းပေါင်း များစွာ သုံးပြီး ချိန်မှာ pump pen လို့ခေါ်တဲ့ ဖိအားပေးပြီး သုံး ရတဲ့ ဘောလ်ပင် ကို တီထွင်နိုင်ခဲ့တယ်။ 

အမေရိကန်ရဲ့ပြိုင်ဖက် ဆိုဗီယက် တွေက အမေရိကန် ဒီပြဿ          နာဖြစ်နေတာ ကို သိတယ်။ သူတို့ ကတော့ အချိန်နာရီ မကုန်ဘဲ ပိုက်ဆံလည်း ဘာမှ မကုန်ဘဲ ဒီပြဿ          နာကို ဖြေရှင်းလိုက်တယ်။ ဒါ ကတော့ သူတို့ အာကာသ ယာဉ်မူး တွေကို ခဲတံတွေပေးပြီး သုံးခိုင်းလိုက်တာပါ။

ဒီပြဿ       နာ   ကို ပြန်ကြည့်ရင် အမေရိကန်တွေ ဟာ နည်းပညာ ရဲ့ ဘောင်ခတ်မူကို ခံရပြီး ဘောင်ထဲက စဉ်းစား အဖြေ ရှာခဲ့တာ ဖြစ်တယ်။ ဘောလ်ပင် ဟာ အောက်ကို စိုက်ရေးမှ ကမ္ဘာ့မြေဆွဲအား နဲ့ မှင် ထွက် တယ် ဆိုတဲ့ ယူဆ ချက်ကို ကိုင်ပြီး မြေဆွဲအား မရှိ ရင် မြေဆွဲအားလို မှင် ကို ထွက်စေဖို့ ဘယ်လို လုပ်မလဲ ဆိုတဲ့ သိပ္ပံ ဆိုင်ရာ ယူဆချက်ဘောင်ထဲက စဉ်းစား ခဲ့တာဖြစ်တယ်။

ဆိုဗီယက်တွေ ကတော့ ဘောလ်ပင် ရေး မရင် ရေးရတာ ဘာရှိလဲ လို့ လွတ်လပ်စွာ စဉ်းစားခဲ့တာဖြစ်တယ်။ ဒီတစ်ကယ့် ဖြစ်ရပ်မှန် အဖြစ်အပျက်လေး က ဘာကိုပြောနေသလဲ ဆိုတော့ လူတွေက သိခြင်း တတ်ခြင်း ဆို တဲ့ဘောင်တွေ ခတ်ခံ ထားနေရပြီး အဲဒီဘောင်တွေ ထဲကနေပဲ စဉ်းစားလုပ်ကိုင်နေကြတယ်ဆိုတာပါပဲ။

 နောက်ဖြစ်ရပ်မှန် ဇတ်လမ်းလေး တစ်ခု ပြောပြချင်ပါတယ်။ အီတလီနိုင်ငံ တူရင်မြို့မှာ ကုလသမဂ္ဂ အရာ ရှိတွေ ရဲ့ ဦးစီး တက္ကသိုလ် ရှိတယ်။ သိတဲ့ အတိုင်း ကုလသမဂ္ဂ အရာရှိဖြစ်တယ် ဆို ကတည်းက နိုင်ငံတကာ ထိပ်သီး တက္ကသိုလ်တွေက ပါရဂူဘွဲ့တွေ၊ မဟာ ဘွဲ့တွေရထားတဲ့ တကယ့် ပညာရှင်ကြီးတွေပေါ့။


 
အဲဒီ လူတွေကိုမေးခွန်သုံးခုမေးတယ်။ ဘယ်သူမှ မဖြေနိုင်ဘူး။ ဖြေတဲ့ အဖြေတွေ ကလည်း လက်မခံနိုင်တဲ့ အဖြေတွေ၊ ဒါနဲ့ ကျောင်းအုပ်ကြီး က အဲဒီ လူတွေကို ဘေးနား က မူကြိုကျောင်းလေး ကို ခေါ် သွားပြီး ကလေးတွေ ကို အဲဒီမေးခွန်း မေးတော့ ကလေး အကုန် နီးပါးက ဖြေနိုင်တာကို တွေ့ရတယ်။ 

ဘာလို့ဖြေနိုင်သလဲ ဆိုတော့ ကလေးတွေ မှာ ဘာ အသိပညာ၊ အတတ် ပညာ ဘောင်တွေမှ ခတ်ထားခြင်း မခံရသေးလို့ လွတ်လပ်စွာ စဉ်းစားနိုင်ခဲ့တယ် ဆိုတာ တွေ့ရတယ်။


အဲဒီ မေးခွန်းတွေ ကတော့...................
(၁) ဆင် နဲ့ သစ်ကုလားအုတ် ကို ရေခဲသေတ္တာထဲ ဘယ်လို့ ထည့်မလဲ။
 

(၂) တောဘုရင် ခြင်္သေ့ ကြီး က တောနေ သတ္တ၀ါ အားလုံးကို အစည်းဝေးခေါ်တယ်။ ဘယ်သူတွေ မလာ ဘူးလဲ၊ ဘာလို့ မလာတာလဲ။
 

(၃) မိချောင်းတွေပေါတဲ့ချောင်း ကို ရေထဲဖြတ်ပြီး ဘယ်အချိန် ကူးမလဲ ဆိုတဲ့မေးခွန်းသုံးခုပါ။


ကဲ…….သင်စဉ်းစားပြီး ဖြေကြည့်ပါ။ ဒါပေမဲ့ ပြောနိုင်တာ တစ်ခု ကတော့ သင်လည်း သိမြင် တတ်သိ ထား တဲ့ ပညာဘောင် တွေထဲ ကပဲ စဉ်းစားပြီး အဖြေ မရနိုင်ဘူး ဆိုတာပါပဲ။

 နောက်ဖြစ်ရပ်မှန် တစ်ခု ကတော့ ပေါင်ဒါ ကုမ္ပဏီ တစ်ခုမှာ ဖြစ်တာပါ။ အဲဒီ ကုမ္ပဏီ ဟာ မာကတ်တင်း (Marketing) နည်းမျိုးစုံ သုံးပြီး အရောင်းမြင့်တင် ခဲ့ရာမှ အရောင်း က တစ်ရှိန်ထိုး တက်ပြီး တစ်နေရာမှာ အရောင်းတန့် သွားပါတယ်။ 

ကုမ္ပဏီပိုင်ရှင် က အစည်းဝေးခေါ်ပြီး အရောင်း ကို နောက်ထပ် သုံးပုံ တစ်ပုံတက်ချင်သေးတယ်။ ဒါပေမဲ့ ကွာလတီ လည်း မလျှော့ဘူး၊ ဈေးလည်း မတင်ဘူး၊ ပေါင်ဒါ တစ်ဘူးစီ မှာ ထည့်တဲ့ ပေါင်ဒါမူန့် အလေးချိန် လည်း မလျှော့ဘူး လို့ ပြောပါတယ်။ 

စီနီယာ မာကတ်တင်းတွေ က အကြံတွေ တစ်ခုပြီး တစ်ခုပေးပေမယ့် အသုံး မတည့်ဘူးဖြစ်နေတယ်။ အဲဒီ အချိန် နောက်ဆုံး မှာ ကုတ်ကုတ်လေး ထိုင်နေတဲ့ မာကတ်တင်း ၀န်ထမ်း ကလေးက ထပြီး အကြံ တစ် ခု ပေး ပါတယ်။ ကျန်တဲ့ သူတွေက သူပေးတဲ့ အကြံ ကို ၀ိုင်းရယ် ပေမယ့် အဲဒီ့ ကုမ္ပဏီ ဟာ ဒီ ၀န်ထမ်း အသစ်လေးပေးတဲ့ အကြံ နဲ့ပဲ အရောင်းသုံးပုံ တစ်ပုံ တက်သွားတယ်။ 

သူ ဘာ အကြံ ပေးခဲသလဲ   ? သူပေးတာ ကတော့ ပေါင်ဒါ သုံးသူတွေ ပုံမှန်ထက် အချိန် သုံးပုံ တစ်ပုံစောပြီး ကုန်အောင် လက်ရှိ ပေါင်ဒါဘူး က အပေါက်တွေရဲ့ အကျယ် ကို သုံးပုံ တစ်ပုံ ထပ်ချဲ့ ပေးဖို့ပါ။ သင်ရော ဒီလို တွေးမိခဲ့ပါလား?

အမေရိကန် ရဲ့ ပထမဆုံး သမ္မတ ဂျော့ခ်ျ ၀ါရှင်တန် ငယ်စဉ် က သူ့ အိမ်က ပန်းသီး ပင်ကြီး ကို ပုဆိန်နဲ့ ခုတ် လှဲခဲ့ပါတယ်။ အဖေ က ဘာလို့ ခုတ်လှဲခဲ့သလဲ ဆိုပြီး ဆူတော့ ဂျော့ခ်ျဝါရှင်တန် က သူ့ အပြစ်ကို ၀န်ခံပါ တယ်။ သူ့ အဖေကလည်း သူ့ကို မရိုက်ပါဘူး။ 

ဒီနေရာမှာ ဘာလို့ အဖေ က မရိုက်တာလဲ ဆိုတဲ့ မေးခွန်းကို ကျောင်းတွေ တော်တော် များများ မှာ မေး ခဲ့ ကြပြီး ဆရာတွေကို သူတို့ တပည့်တွေပေးတဲ့ စံပြ အဖြေကတော့ အပြစ် ကို ၀န်ခံ လို့ မရိုက်တာဖြစ်ပါတယ်။ 

ဒါပေမဲ့ ကလေး တစ်ဦး ကတော့ ဂျော့ခ်ျဝါရှင်တန် ၏ လက်ထဲမှာ ပုဆိန်ကြီး ကိုင်ထားလို့ သူအဖေ က သူ ရိုက် ရင် ထခုတ်မှာ စိုးလို့ မရိုက်တာ လို့ ဖြေခဲ့ဖူးပါတယ်။ ဒါရော အဖြေမှန် တစ်ခု မဖြစ်နိုင်ဘူးလား။ ဒါပေမဲ့ ပညာတွေ၊ ယဉ်ကျေးမူ ထုံးတမ်း ဓလေ့တွေနဲ့ဘောင်ခတ် ထားတဲ့ ဒီကမ္ဘာ မှာ ဒီ ကလေး ရဲ့ အဖြေက မှတ် တမ်း တင် မခံခဲ့ရပါဘူး။

ခုနက မေးခွန်း သုံးခု ရဲံ အဖြေတွေ ကို အခု ဖြေပေးပါမယ်။
(၁) အဖြေ  ကတော့.......
ဆင် နဲ့ သစ်ကုလားအုတ် ကို ရေခဲသေတ္တာထဲ ကို ထည့်မယ် ဆိုရင် ရေခဲသေတ္တာ ရဲ့ တံခါးကို ဖွင့်ပြီးမှ ထည့်လို့ ရမှာ ဖြစ်လို့ ပထမ အဖြေ ကတော့ တံခါးဖွင့်ထည့် ရမယ်ဆိုတာပါပဲ ဖြစ်တယ်။


 ရေခဲသေတ္တာ ဟာ ဘယ်အရွယ်ပဲ ရှိတယ် ဆိုတာ သိတဲ့ သူတွေက ဒီ အဖြေကို မပေးခဲ့တာဖြစ်ပါ တယ်။ ရေခဲသေတ္တာ ကို ဒီ အကောင်တွေ ထည့်ဖို့ ကြီးကြီး လုပ်ရင် မရဘူးလား။ ရေခဲသေတ္တာ ဆိုတာ ဘယ် အရွယ်ထက် မကြီးရဘူးလို့ ကန့်သတ်ထား လို့လား။ မထားပါဘူး။ ကိုယ်မြင်ဘူးတဲ့ အတိုင်း အတာကြောင့် ယုတ္တိကျတဲ့ အဖြေကို မပေးခဲ့ကြတာပါ။

ဒီ တစ်ခု အဖြေ ရရင် ကျန်တာတွေက လွယ်သွားပါပြီး။
(၂) အဖြေ ကတော့ ခြင်္သေ့ကြီးခေါ်တဲ့ အစည်းအဝေး ပျက်ကွက်တာ ဒီနှစ်ကောင်ပေါ့။ သူတို့ ကရေခဲသေတ္တာ ထဲ အပိတ် ခံထားရတာကိုး။

(၃) နောက်ဆုံး အဖြေ ကို ဒီ အချိန်ဆို သိလောက်ပြီထင်ပါတယ်။ မိချောင်းတွေ အစည်းဝေး တက်နေချိန် မှာ ချောင်း ကို ဖြတ်ကူးမှာပေါ့။

တစ်ကယ်တော့ ဘောင်တွေ၊ စည်းတွေ ကိုကျော်ပြီး စဉ်းစားကြည့်ရင် လောက မှာ ခက်ခဲတယ် ဆိုတဲ့ ပြဿ   နာတွေ ရဲ့ အဖြေဟာ ရှင်းရှင်းလေးတွေ ပါဆိုတာ ဒီ ဥပမာ အရ သိနိုင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာကြီးမှာ အခုဆိုရင် out of the box ဆိုတဲ့ စကား ခေတ်စား လာပါတယ်။ 

စည်းမျဉ်းဘောင်ခတ် သတ်မှတ်ချက်တွေ အပြင်ဘက် ကနေတွေးတော ကြံစည်တာ ဖြစ် ပါတယ် ။  နောက်နောင် သင့် ဘ၀မှာ ခက်ခဲတဲ့ပြသာနာတွေ ရင်ဆိုင် ရရင် ဘောင်တွေ၊ စည်းတွေ မခတ်ဘဲ လွတ်လွတ် လပ်လပ် စဉ်းစား ကြည့်ပါ။ သင့် အတွက် အကောင်းဆုံး နဲ့ အသင့်လျော် အဖြေက လွယ် လွယ်လေး နဲ့ ရလာပါလိမ့်မယ်။


Source-Knowledge Village
Zin Lin Maung



No comments:

Post a Comment