Saturday, April 9, 2016

ဖုန်းစုတ် တွေကို အသုံးပြုနည်း (၄) မျိုး

 

 
စမတ်ဖုန်းတွေ မှိုလိုပေါလာချိန် မှာ အသုံး မဝင်တော့တဲ့ ဖုန်းစုတ်တွေ ကို အိမ်မှာ ဒီအတိုင်း ပစ်ထားမယ့် အစား အခြား နည်းလမ်းတွေနဲ့လည်း အသုံးပြုနိုင်တာ သင်သိပါ သလား။ ဒီလို ပစ်ထားတဲ့ ဖုန်းတွေရှိတယ် ဆိုရင် ဖော်ပြပါ နည်းလမ်းတွေ က အသုံးဝင်ပါလိမ့်မယ်။

 


၁။ ရေဒီယို

 

 
ဒါက ဖုန်း ရဲ့အစိတ်အပိုင်း အတော် များများ ပျက်စီးနေရင်တောင် မှ သုံးလို့ ရနိုင်တဲ့ နည်း တစ်ခုပါ။ အိမ်မှာ ဝိုင်ဖိုင် သာ မိနေလို့ ကတော့ အွန်လိုင်းရေဒီယိုတွေ နဲ့ ချိတ်ဆက်ပြီး သီချင်းကောင်းလေးတွေကို ပါ နား ဆင်နိုင် ပါတယ်။


၂။ e-book reader

 

အရမ်း ဟန်းနေလို့ ပစ်ထား ရတဲ့ စမတ်ဖုန်းဟောင်းတွေ နဲ့ tablet တွေ ကို အသုံးချ ဖို့ နောက် တစ်နည်း ကတော့ စာဖတ် ဖို့ပါပဲ။ ဟန်းချင် သလောက်သာ ဟန်းပါစေ စာဖတ်ဖို့ ကတော့ အဆင်ပြေတယ် မဟုတ် လား။

 
 
၃။ သီချင်း နားထောင်

 

လူတိုင်း လိုလို ဖုန်းတွေ နဲ့ သီချင်း နားထောင်ဖူးကြမှာပါ။ ဒီတော့ မသုံးတော့တဲ့ ဖုန်း အဟောင်းကို စပီကာတွေ နဲ့ ချိတ်ပြီး သီချင်း နားထောင်လို့ရတာပေါ့။ အခန်းထဲမှာ သာမက ကားထဲမှာ လည်း စပီကာတွေ နဲ့ချိတ်ထားပြီး သီချင်း ဖွင့်ထားလို့ရပါတယ်။

 
 
၎။ နှိုးစက်
 

ဒီခေတ်ကြီး မှာ နှိုးစက် နာရီတွေ ကိုလည်း မသုံးကြတော့ပါဘူး။ မိမိ ရဲ့ဖုန်း ကိုသာ နှိုးစက် အဖြစ် အသုံးပြုကြ ပါတယ်။ 


သို့ပေမဲ့လည်း အိပ်ယာဘေးမှာ ဖုန်းတွေကို ထားပြီး မအိပ် ဖို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးထားလို့ ကိုယ့် ရဲ့ဖုန်း ကို ဝေးဝေးမှာ ထားပြီး မသုံးတော့တဲ့ ဖုန်းစုတ်လေး ကိုပဲ နှိုးစက် အဖြစ် အသုံးပြုလိုက်ပါ။

 


Source : Internet Journal
 http://www.lwinpyin.com/2016/03/blog-post_93.html#more

No comments:

Post a Comment