Wednesday, April 13, 2016

ဖခင်များ နေ့ ပေါ်လာပုံက ဘယ်ကစ..?


 


ဖခင်များနေ့ ကို ကျင်းပရန် ပထမဆုံး စဉ်းစားမိသူမှာ ၀ါရှင်တန်သူ Sonora Dodd ဆို သူဖြစ်သည်။ သူမ သည် ထို အကြံ ကို ၁၉၀၉ ခုနှစ်တွင် မိခင်များနေ့နှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တစ်ခုတွင် နားထောင်ရင်း ရရှိခဲ့ ခြင်းဖြစ်သည်။

ထို့ကြောင့် သူမ ၏ ဖခင်  willam Smart ကို ဂုဏ်ပြုသော နေ့တစ်နေ့ စီစဉ်ရန် ဖြစ်ပါသည်။

သူမ ဖခင်သည် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူသည် ဆဌမမြောက် ရင်သွေး ကို မွေးဖွား စဉ် သေးဆုံး သွားပြီးနောက် မုဆိုး ဖို တစ်ဦး အဖြစ် မွေးကင်းစ ကလေးငယ်နှင့် အခြားသား သမီးငါးယောက် ကို ၀ါရှင်တန်ပြည်နယ် အရှေ့ ဖက် တွင် လယ်ယာ စိုက်ပျိုးရေးနှင့် အသက်မွေးကာ ပြုစုစောင့် ရှောက်ပေးခဲ့ ပါသည်။

သူမကြီးပြင်းလာသော အခါ သားသမီးများ ကို တစ်ဦးတည်း ပြုစု ပျိုးထောင်ပေးခဲ့သော ဖခင်ကို ကိုယ်ကျိုး မငဲ့သော မေတ္တာ တရား ကို သတိပြုမိလာခဲ့ပါသည်။




ထို့ကြောင့် သူမ သည် သူမ ၏ ဖခင်မွေးဖွားခဲ့သည့် ကာလဖြစ်သော ဇွန်လ တွင် ဖခင် များ နေ့ကို ကျင်းပ ရန်ရွေးချယ် ခဲ့ပြီး ၁၉၁၀  ဇွန်လ ၁၉ ရက်နေ့ ကို ပထမဆုံး ဖခင် များနေ့ အဖြစ် ကျင်းပခဲ့ သည် ။။

၁၉၂၄ ခုနှစ်တွင် သမ္မတ Calvin Coolidgeu နိုင်ငံ တစ်ဝှမ်းလုံးနှင့် ဆိုင်သော ဖခင်များနေ့ ကို သတ်မှတ်ပေး ခဲ့သည်။

ထို့နောက် ၁၉၆၆ တွင် သမ္မတ Lyndon Joh့nson က ဇွန်လ ၏ တတိယ တနင်္ဂနွေကို ဖခင်များနေ့ အဖြစ် သတ် မှတ်ကြောင်း တရားဝင်ကြေငြာခဲ့ ပြီး သမ္မတ Richard Nixon က အတည်ပြုသော ဥပဒေ ကို ၁၉၇၂ ခုနှစ်တွင် လက်မှတ်ရေးထိုး ပေးခဲ့ပါသည်။

 


Shwe Eain Si

 http://www.searchmyanmar.com/link/comment/cid/51533/domain/myanmarlatestnews.com
myanmarlatestnews.com   

No comments:

Post a Comment