Friday, April 1, 2016

ထိုင်း က မြန်မာ လိင် အလုပ်သမားများ ဘဝ ခက်ခဲကြမ်းတမ်း





မြန်မာ့ လူ့ အဖွဲ့အစည်း တွင် လိင်ဖျော်ဖြေရေး လုပ်ငန်း သည် မလုပ်သင့် မလုပ်အပ်သည့် အရာတစ်ခု အဖြစ် အများက လက်ခံ ယုံကြည်ထားသော်လည်း နယ်စပ် ၏ တစ်ဖက် ထိုင်းနိုင်ငံ ရှိ ယောက်ျားလေး လိင် လုပ်သား များ ထဲတွင် မြန်မာနိုင်ငံ မှ ပြောင်း ရွှေ့ခိုလှုံနေထိုင်သူများ က အချိုး အစား ကြီးမားစွာ ပါဝင်နေ သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ တွင် မြန်မာပြောင်းရွှေ့နေထိုင်သူများ သည် ၎င်းတို့ ၏ ကိုယ်ခန္ဓာ ကို ရှိုးဘား (show bar) များ သို့မဟုတ် အခြား ဖျော်ဖြေရေး ဆိုင်ရာ နေရာ များတွင် လိင်ကိ စ္စ အတွက် ရောင်း ချခဲ့ကြသည်။ 


ဘားများ သည် တရားဝင် ဖွင့်လှစ် ထားခြင်းဖြစ်သော်လည်း ရွှေ့ပြောင်း ခိုလှုံနေထိုင်သူ များ ဘားတွင် အလုပ် လုပ်ခွင့် မရှိပါ။ ရလဒ် အနေဖြင့် ယောက်ျားလေး လိင် လုပ်သား အများစုသည် ၎င်း တို့၏ ၀င်ငွေ ရရှိရာ အရင်း အမြစ် ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြ သည့် အတွက် လိင် ဆက်ဆံ မှုကြောင့် ကူးစက် တတ် သည့် ရောဂါများ ခံစားရသည့် အခါ တွင် ဆေးဝါး ကုသမှု ခံယူနိုင်ခြင်း မရှိကြပေ။

“ကျနော်တို့ ဘား မှာ အလုပ် လုပ်နေတဲ့ အသက် ၁၈ နှစ် ကနေ ၂၅ နှစ်ကြား လူငယ် အများစု က မြန်မာနိုင်ငံ က ဖြစ်ပါတယ်” ဟု ချင်းမိုင်မြို့တွင် လိင်တူချင်း ချစ်ခင် သူများ အတွက် ဖွင့်လှစ်ထားသော ဘား တစ်ခု မှ အမည် မဖော်လိုသူ အလုပ်သမား တစ်ဦးက ပြောသည်။




ယောက်ျားလေး လိင် လုပ်သားများသည် လိင်တူ ဆက်ဆံ သူများဟု အများက ယူဆ ထားကြသော်လည်း အချို့ ပြောင်းရွှေ့ ခိုလှုံလာသူများ သည် မိသားစု ကိုထောက်ပံ့နိုင်ရန် အတွက်သာ ယောက်ျားများနှင့် လိင် ဆက်ဆံကြခြင်းဖြစ်ကြောင်းလည်း သူက ဆိုသည်။

ချင်းမိုင်မြို့ ရှိ ယောက်ျားလေး လိင် လုပ်သား ထဲတွင် မြန်မာနိုင်ငံမှ  ရှမ်း၊ ကယားနှင့် ကရင် ကဲ့သို့သော တိုင်းရင်းသားများ က အများဆုံးဖြစ်သည်ဟု လည်း သိရသည်။ မြန်မာနိုင်ငံ တွင် စစ် အစိုးရ အုပ်ချုပ်ခဲ့သည့် ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလ အတွင်း ၌ ပြည်တွင်း စစ်ကြောင့် တိုင်းရင်းသား လူနည်းစုပြည်နယ်များ ထိခိုက် ပျက်စီး ခဲ့ရပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။








ယောက်ျားလေး လိင် လုပ်သား ၅၀ တွင် တစ်ဝက်ခန့် မှာ ရှမ်းပြည်နယ် မှ ရောက်လာသော ပြောင်းရွှေ့ ခိုလှုံသူများ ဖြစ်နေသည်ဟု လိင်လုပ်ငန်း စီးပွားရေးနှင့် ကလေး သူငယ် လူကုန်ကူးမှု ပပျောက်ရေး ဆောင် ရွက်နေသော Urban Light နှင့် Love 146 အမည် ရှိ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းနှစ်ခု က ယခုနှစ် အစောပိုင်း တွင် ချင်းမိုင်မြို့ရှိ အနှိပ်ခန်းများနှင့် ဘားများ တွင် တွေ့ဆုံမေးမြန်းလေ့လာမှုများပြုလုပ်ပြီး ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

“Show Bar မှာ အလုပ် လုပ်တဲ့ လူငယ် တစ် ယောက် ဟာ တစ်လ ကို ဘတ် ၂၀၀၀၀ ကနေ ၄၀၀၀၀ ကြား (အမေရိကန်ဒေါ်လာ ၆၂၅ မှ ၁၂၅၀ကြား) ရနိုင်ပါတယ်” ဟု လိင်တူ ချစ်ခင် သူများ အတွက် ဖွင့်လှစ် ထား သည့် အခြား ဘားတစ်ခု မှ အမည်မဖော် လိုသူ စားပွဲထိုး တစ်ဦး က ဧရာဝတီသို့ပြောသည်။ 


စားပွဲထိုးများ က ယောက်ျားလေး လိင် လုပ်သားများလောက် ၀င်ငွေ မရ ရှိ ကြောင်းနှင့် တစ်ခါ တစ်ရံ ၎င်း တို့နှင့် ဖောက်သည်များတွေ့ဆုံနိုင်ရန် ကိုယ်စားလှယ် အဖြစ် ကြားဝင် ချိတ်ဆက်ပေးရခြင်းမျိုး လည်း ရှိကြောင်းပြောသည်။

ယောက်ျားလေး လိင် လုပ်သားများသည် ၎င်းတို့ အတွက်ဖောက်သည် ကို Santitham၊ Chiang Mai Land နှင့် Night Bazaar စသည့် ချင်းမိုင်မြို့ ၏ လူသိ များသည့် နေရာ များတွင် ရှာဖွေတတ်ကြသည်။ သူတို့၏ အလုပ် က ရေရှည် မဟုတ်ပါ။ “အများစုက သူတို့ ရဲ့ နုပျိုမှု ကို ထိန်းသိမ်း မထားနိုင်ဘူးလေ၊ အများဆုံး ၃ နှစ်လောက် ကြာတဲ့ အခါ သူတို့ ထွက်သွားကြ တာပဲ” ဟု လုပ်သက် ၁၀ နှစ်ကျော်ပြီဖြစ်သော အဆိုပါ စားပွဲထိုး ကပြော သည်။

ငယ်ရွယ်သော ယောက်ျားလေး လိင် လုပ်သား အများအပြား သည် မူးယစ်ဆေး သုံးစွဲ သွားကြသည် သို့ မဟုတ် HIV ရောဂါပိုး ကူးစက်ခံကြရသည် ဟုလည်းပြောသည်။ သိုသော်လည်း Show Bar များရှိ အလုပ် သမားများက ယောက်ျား လေး လိင် လုပ်သားများ အနေဖြင့် NGO များထံမှ အကူအညီတောင်းခံ၍ မရနိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် သူတို့ အလုပ် သည် ဥပဒေ ကို ဆန့်ကျင် ချိုးဖောက်နေသည့် အတွက် ထုတ်ဖော် မပြောဆိုလို ၍ ဖြစ်ကြောင်း ပြောကြသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းခိုလှုံသူ များသည် ဥပဒေ အရ အိမ် အကူများ အဖြစ် သို့မဟုတ် ဆောက် လုပ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ ဈေးဆိုင် များတွင်သာ အလုပ် လုပ်ခွင့်ရှိသည်။

“တစ်ချို့ကောင်လေးတွေက ယောက်ျား ဧည့်သည်တွေ နဲ့ အတူတူ ညဖက် မှာ အပြင်ကို မထွက်ချင်ဘူး။ အပြင်ဖက် မှာ သူ တို့ရဲ့ သူငယ်ချင်းတွေ တွေ့သွားမှာ စိုးတယ်လေ။ ကျနော်တို့ ဘားမှာ အဲဒီပြဿ     နာရှိတယ်။ ဧည့်သည် က ကျနော်တို့ကို ခေါ် ပြီးပြောရင် ကျနော်တို့ ကလည်း ပိုက်ဆံပြန်လျော်ပေးရတယ်” ဟုလည်း ဘား အလုပ်သမား တစ်ဦးက ပြောပြသည်။ ဧည့်သည် များက တစ်ညလုံးစာ အတွက် ထိုင်းဘတ်ငွေ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၉၀ခန့်) ပေးသည် ဟုလည်း သူကပြောသည်။

လိင် လုပ်သား အဖြစ် လုပ်ကိုင်သည့် ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးကို ရဲ အဖွဲ့က ဖမ်းဆီး ထိန်း သိမ်းခြင်း ပြုနိုင်ပြီး ထိုင်းနိုင်ငံမှ ပြန်လည် နှင်ထုတ်ခြင်းနှင့်လည်း ကြုံတွေ့နိုင်သည် ဟုသိရသည်။ “လုံခြုံရေး အတွက် ကတော့ ဘားပိုင်ရှင်တွေ က တာဝန်ယူရတယ်” ဟု အာဏာပိုင်များ သို့ လာဘ်ငွေပေးရသည်ကို ရည် ညွှန်း၍ မြန်မာ စားပွဲထိုး တစ်ဦးက ဧရာဝတီ ကိုပြောပြသည်။ “အလုပ် လုပ်နေတုန်း အဖမ်း ခံရတဲ့ လူငယ် တယောက်ကို ပြန် လွှတ်ပေးဖို့ ဆိုရင် ဘတ် ၄၀၀၀ လောက် ပေးရတယ်” ဟုလည်း သူကပြော သည်။

လွန်ခဲ့သော ၂ နှစ်က ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS က ၂၀၁၆ ခုနှစ် တွင် HIV အသစ် ကူးစက်ခြင်းနှင့်သေဆုံးခြင်းများကို “သုည အထိလျှော့ချရန်” ဦးတည်ချက် ချမှတ်ခဲ့သည်။

“UNAIDS ရဲ့ သုည အထိလျှော့ချရေး ဦးတည်ချက် အတိုင်းဖြစ်နိုင်ဖို့ အခုထိတော့ မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရွှေ့ပြောင်း ခိုလှုံလာ သူတွေ ART ဆေးဝါး ရရှိနိုင်ရေးနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံ ရဲ့ကျန်းမာရေး မူဝါဒ ကို တစ်ချို့ ဆေးရုံတွေ မှာ ပြည့်ပြည့် ၀၀ အကောင်အထည်ဖော်မပေးနိုင်သေးလို့ပါ” ဟု ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)မှ ၀န်ထမ်း တစ်ဦး ဖြစ်သော Hark Murng ကပြောသည်။ 


ART ကုထုံး သို့မဟုတ် antiretroviral therapy ဆိုသည်မှာ HIV ပိုး ၏ သက်ရောက်မှုကို ထိန်းချုပ် ရန်နှင့် ရောဂါ တိုးပွားမှု ကို ရပ်တန့်စေရန် အတွက် antiretroviral (ARV) ဆေးများပေး၍ ကုသခြင်းဖြစ်သည်။

“အရင်က ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ ကို ARV ဆေးပေးတဲ့ မူဝါဒ မရှိဘူး။ ဒါပေမယ့် ရွှေ့ပြောင်း လုပ်သားတွေ လည်း ဘတ် ၂၈၀၀ ပေးပြီး ကျန်းမာရေး အာမခံလျှောက်ထားနိုင်တဲ့ လက်ရှိ မူဝါဒကြောင့် ARV ဆေးတွေ ရရှိနေပါပြီ” ဟု သူက ဆက်ပြောသည်။

ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)မှ ယောက်ျားလေး လိင် အလုပ်သမားများလည်း အခြား ထိုင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်ဆောင်ရွက်နေ သည်။ ၁၀၀ ကျော်ခန့် ရှိမည့် ယောက်ျား၊ မိန်းမ နှင့် ကလေးငယ်များ သည် ၎င်းတို့၏ အစီအစဉ်ဖြင့် ကျန်းမာရေးနှင့် အခြားထောက်ပံ့မှုများ ရရှိခဲ့ပြီး ဖြစ် သည်ဟု ဆိုသော်လည်း အရေအတွက် အတိအကျကို ခန့်မှန်းရန် ခက်ခဲကြောင်း Hark Murng ကပြောသည်။

“သူတို့က သူတို့ရဲ့ ပြဿ         နာကို ပွင့်ပွင့်  လင်းလင်းပြောဖို့ တွန့်ဆုတ်နေကြတယ်” ဟု သူက ဆိုသည်။

ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)က ရှမ်း၊ ကချင်၊ ဗမာ၊ ကရင်၊ အခါ နှင့် လားဟူ တိုင်းရင်းသား များ နှင့်လည်း အလုပ် လုပ်နေသည်ဟု Hark Murng က ဆိုသည်။

ယခင် အပတ်က ဘန်ကောက်မြို့တွင်ပြုလုပ်ခဲ့သော AIDS ဆိုင်ရာ အာရှနှင့် ပစိဖိတ်ဒေသ ၁၁ကြိမ်မြောက် နိုင်ငံတစ်ကာ ကွန်ဂရက် (ICAAP11) သို့ နိုင်ငံပေါင်း ၈၀မှ ကိုယ်စားလှယ် ၄၀၀၀ နီးပါး တက်ရောက်ပြီး HIV ကာကွယ် တားဆီးရေး အတွက် ဆွေးနွေးခဲ့ကြသည်။

အာရှနှင့် ပစိဖိတ်ဒေသ တွင် လူ ၄.၉ သန်းခန့် HIV ပိုး ကူးစက် ခံထားရသည်ဟု UNAIDS ၏ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

(NYEIN NYEIN ၏ In Thailand, a Tough Life for Burma’s Male Sex Workers ကို နိုင်မင်းသွင် ဘာသာပြန် သည်)

 


ဧရာဝတီ
 http://wlovestory.blogspot.my/2013/12/blog-post_17.html

No comments:

Post a Comment