Saturday, September 23, 2017

မြန်မာနိုင်ငံအား ကာကွယ်ရေး လက်နက် ပစ္စည်းများ ထောက်ပံ့မှုပြုရန် အိန္ဒိယ အစိုးရ စဉ်းစားနေကြောင်းသိရ



နယူးဒေလီ၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံအား ကာကွယ်ရေး လက်နက်ပစ္စည်းများ ထောက်ပံ့မှုပြုရန် အိန္ဒိယ အစိုးရ စဉ်းစားနေကြောင်းသိရသည်။

လက်ရှိတွင် အစွန်းရောက် အကြမ်းဖက်ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရသော မိမိ တို့၏ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ် သည့် မြန်မာနိုင်ငံအား ကာကွယ်ရေး ဆိုင်ရာ လက်နက် ကိရိယာပစ္စည်းများ အထောက်အပံ့ပေးရန် အိန္ဒိယ အစိုးရ က စဉ်းစားနေပြီဖြစ်ကြောင်း ရိုက်တာ သတင်းဌာနမှ သတင်း တစ်ရပ်တွင် ရေးသား ဖော်ပြထားခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် (ရေ) နှင့် အိန္ဒိယ အစိုးရတို့ ကြာသပတေးနေ့က တွေ့ဆုံ ဆွေနွေးခဲ့ကြရာတွင်လည်း ကာကွယ်ရေး လက်နက်ပစ္စည်းများ အကြောင်း ပါဝင်ခဲ့ကာ မြန်မာ ရေတပ်မတော်သားတို့ကို အိန္ဒိယနိုင်ငံ ရေတပ်မတော်နှင့် ပူးတွဲ၍ ထိပ်တန်း လေ့ကျင့်မှုများပြုလုပ်ပေးရန် ကိုလည်း နှစ်ဖက်စလုံးက ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း ယင်းသတင်းတွင်ရေးသားထားသည်။

မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Nirmala Sitaraman နှင့် အိန္ဒိယနိုင်ငံတပ်မတော် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည်။

နှစ်ဖက် တာဝန်ရှိသူတို့သည် ကင်းလှည့်ရေယာဉ်များ ထောက်ပံ့ပေးရေး ကိစ္စရပ်ကိုပါ ဆွေးနွေးခဲ့သေးကြောင်းသိရသည်။ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် (ရေ )သည် သူ၏ အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ် အတွင်း ၀ယ် မွန်ဘိုင်းမြို့ရှိ ရေတပ် သင်္ဘောများ ဆောက်လုပ်ရာနေရာသို့လည်း သွားရောက် လေ့လာကြည့်ရှုခဲ့သေးသည်။




မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက် ၍ ဗြိတိန် ပါလီမန် အမတ်များက ဗြိတိန်နိုင်ငံတွင် သင်တန်း တက်ရောက်နေသော မြန်မာ့ တပ်မတော်သင်တန်းသား များအား သင်တန်း ဆိုင်းငံ့ပေးရန် တောင်းဆိုမှု အရ အဆိုပါ သင်တန်းသား အရာရှိများအား ယခု ရက်သတ္တပတ် အတွင်းကပင်
လျှင် မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် လန်ဒန်မြို့ရှိ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ရုံး၌ သင်တန်းသား အားလုံး စုစည်းရောက်ရှိ ခဲ့ကြောင်းသိရှိရသည်။

မြန်မာ့တပ်မတော် အနေဖြင့် ယင်း သင်တန်းသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည် ခေါ်ယူသွားမည်ဖြစ်ပြီး ယခင်က ကမ်းလှမ်း သဘောတူညီထားသည့် သင်တန်းသားများ အပါအ၀င် ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ်မည် မဟုတ် ကြောင်း မြန်မာနိုင်ငံ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။


PN002
ref:
India presses on with Myanmar defense supplies in show of support(Reuters)
ပုံစာ -
မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် အိန္ဒိယနိုင်ငံ ဒုတိယ 
ကာကွယ်ရေးဦးစီးချုပ် (လေ) S.B. Deo တို့တွေ့ဆုံကြစဉ် ၊
တပ်မတော် rp group


No comments:

Post a Comment