Saturday, September 23, 2017

နိုင်ငံသား ဖြစ်ချင်တယ် ဆိုရင် နိုင်ငံတော်အလံ ကိုတော့ အလေးပြုရလိမ့်မယ်



White Card ဆိုသည်မှာ....
မည်သူ မည်ဝါဖြစ်ကြောင်း လက်မှတ် ထိုးထားခြင်းသာဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါက်အေးချမ်း
က ပြောသည်။

White Card ဆိုတာက မည်သူ မည်ဝါဖြစ်ကြောင်း လက်မှတ်ပေါ့။ ဒီလူ တစ်ယောက်ဟာ မည်သူဖြစ်တယ်၊ ဘယ် မှာနေတယ် ဆိုတာပါပဲ။ နိုင်ငံသား မဟုတ် ဘူး၊ ဘာမှ ထောက်ခံချက် မပေးနိုင်ဘူး ဟု သမိုင်း ပညာရှင် ဒေါက်တာအေးချမ်း က ပြောသည်။

ယခင် အစိုးရ လက်ထက်တွင် ရခိုင် ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီ များကို White Card ထုတ်ပေးခဲ့သောကြောင့် ဝေဖန်မှု ဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဌ ကိုဖီအာနန် က ၁၉၈၂ ခုနှစ် ဥပဒေကို ဖြေလျှော့ပေးရန် အတွက် အကြံပေးစာတမ်းတွင် ထည့်သွင်းဖော်ပြ ထားသည်။

နိုင်ငံတစ်ကာ စံချိန် စံညွှန်းတွေနဲ့ မကိုက်ညီဘူး ဆိုတာ ဘယ်နေရာ မကိုက်ညီတာလဲ၊ အတိ အကျ ထောက်ပြပါ။ မကိုက်ညီဘူး လို့ပြောရုံနဲ့တင် မရဘူး။ နိုင်ငံတိုင်းမှာ လူဝင်မှု အက်ဥပဒေ ဆိုတာ ရှိတယ်။ ဂျပန် မှာလည်းရှိတယ်။ အမေရိက မှာလည်းရှိတယ်။

Green Card ရထား တဲ့ သူတစ်ယောက်ဟာ ငါးနှစ် နေပြီးရင် နိုင်ငံသားဖြစ်ခွင့်ရှိတယ် ဟု ဒေါက်တာ
 အေးချမ်းက ပြောသည်။

အမေရိကန်နိုင်ငံသား ဖြစ်လိုလျှင် ဘာသာစကား၊ ဖွဲ့စည်းအုပ်ချုပ်ပုံ နှင့် အမေရိကန် သမိုင်း ကိုဖြေဆို၍ 
ကျမ်းကျိန် ရကြောင်း၊ ဂျပန်နိုင်ငံသား အဖြစ် ခံယူရန် လျှောက်ထားလျှင် ဂျပန်နိုင်ငံ၏ အလယ် တန်း အဆင့် ဂျပန်စာ ကိုဖြေရပြီး ဖွဲ့စည်းပုံ နိုင်ငံရေး စနစ်၊ ယဉ်ကျေးမှုများကို ဖြေဆိုပြီး အောင်မြင်မှ သာလျှင် နိုင်ငံသား
ဖြစ် ခွင့်ရှိသည်ဟု သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ရှင်းပြသည်။

“ဒီနိုင်ငံမှာ နိုင်ငံသားဖြစ်ချင်တယ် ဆိုရင် အဘိုး အဘွား ဘယ်နှစ်ဆက်နေ ရင် ရတယ်။ ရခိုင် စကားလည်း တတ်စရာ မလိုဘူး။ နိုင်ငံတော်သီချင်းလည်း ဆိုစရာ မလိုဘူး။

ဒီ ၁၉၈၂ ခုနှစ် ဥပဒေက ဒီလောက်ပျော့ပျောင်းတဲ့ ဥပဒေပါ။ ဒါကို နိုင်ငံ တစ်ကာ စံချိန် စံညွှန်း နဲ့ မကိုက်ညီဘူး ဆိုတာ က ဘာကိုပြောတာလဲ ဆိုတာ ကျွန်တော် နားမလည်ဘူးဖြစ်နေတယ်” ဟု ၎င်းး က ပြောသည်။


၁၉၈၂ ခုနှစ် ဥပဒေဖြင့် နိုင်ငံ သား အဖြစ်ခွင့်ပြုရန် ဘင်္ဂါလီ ရွာများသို့ သွားရောက် စစ်ဆေးရာတွင်ဒေသခံ ရွာသား များက အစစ်ဆေး မခံသောကြောင့် စစ်ဆေးခွင့် မရရှိခဲ့ကြောင်းဌာနဆိုင်ရာ အရာရှိ တစ်ဦးက ပြောသည်။

“သူတို့တွေက နိုင်ငံသားဖြစ်ခွင့်ရှိ သလား၊ မရှိဘူးလား ဆိုတာကို အစီ အစစ် မခံတဲ့ လူမျိုးတွေ၊ မြန်မာနိုင်ငံ အလံကို အလေးပြုနိုင်သလား ဆိုရင် အလေးမပြုနိုင်ဘူးလို့ ငြင်းဆိုတဲ့ လူမျိုးတွေက နိုင်ငံတော် အပေါ် သစ္စာ ရှိမဲ့ သူလား၊ သစ္စာမဲ့ သူလား ဆိုတာကို နိုင်ငံတော် အစိုးရအနေနဲ့ အများကြီး စဉ်းစား သင့်တယ်လို့ မြင်တယ်” ဟု ဒေါက်တာအေးချမ်း က သုံးသပ် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အတွက် အလုပ်အကိုင် အခွင့်အလမ်း များကို ရေတို ရေ 
ရှည် စီမံကိန်း ဆွဲ၍ ဖော်ဆောင်ပေးသင့်ကြောင်း ဝေဖန်ထောက်ပြမှုများရှိနေသည်။

““ ရခိုင်ပြည်နယ်က အဆင်းရဲဆုံးဖြစ် နေတယ်။ စီးပွားရေး တိုးတက်အောင် လုပ်ပေးရမယ်။ လူတွေက 
ထမင်း မ၀ဘူး။ ဒီလို ထမင်း မ၀တော့ အခြားဒေသတွေ၊ ပြည်ပနိုင်ငံတွေမှာ ထွက်ပြီး အလုပ်လုပ် နေကြ
တယ်။

ရခိုင်ပြည်နယ်မှာ ယောက်ျားသားတွေ သိပ်မရှိတော့ဘူး။ နာရေးဖြစ်ရင်တောင်မှ အမျိုးသမီးတွေက ချပေးနေ ရတယ်”ဟု ဒေါက်တာအေးချမ်း က ဝေဖန်ထောက်ပြသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်မှုနှင့် အတူ ဒေသခံပြည်သူများ အေးချမ်းစွာနေနိုင်ရန် အတွက် တရားဥပဒေ စိုးမိုး၍ လုံခြုံမှု ရှိရန် လိုအပ် နေသည်ဟု ဒေသခံ တစ်ဦးက ဆိုသည်။


#ckk

Yan Naing Swe


No comments:

Post a Comment