Tuesday, March 15, 2016

ပညာတတ်များ ဦးဆောင်တော့မည့် မြန်မာပြည်

 Yethuya Naing's photo.
 ဦးထင်ကျော် နှင့် ဇနီးဒေါ်စုစုလွင်



ဒီချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ အရင်းနှီးဆုံးနှင့် ယုံကြည် စိတ်အချရဆုံး လူနည်းစု ထဲ တွင် ဦးထင်ကျော် လည်း တစ်ဦး အပါအ၀င် ဖြစ်သည်။
 

ဦးထင်ကျော် သည် မြန်မာနိုင်ငံ ၏ ဂန္တ၀င် စာရေး ဆရာကြီး ၁၉၉၀ ဒီချုပ်ရွေးကောက်ခံ ကိုယ်စားလှယ် ဆရာ မင်းသုဝဏ် ၏ သားဖြစ်သည်။

ဦးထင်ကျော် သည် ဒေါ်အောင်ဆန်းစုကြည် ထက် တစ်နှစ် တစ်လ တစ်ရက် တိတိ ငယ်ရွယ်သူ ဖြစ်သော် လည်း မက်ဒရစ်ကျောင်း (ဒဂုံ-၁) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပညာ သင်ကြားခဲ့သည်။

၁၉၆၂ ခုနှစ်တွင် စီးပွားရေး တက္ကသိုလ် ၌ ပညာ သင်ကြားခဲ့ပြီး မဟာ စီးပွားရေး ဘွဲ့ကို ရရှိခဲ့သည်။ ရန်ကုန် ကွန်ပျူတာဌာန ၏ ပထမဆုံး ပညာတော်သင် အဖြစ် အင်္ဂလန် သို့ သွားရောက် ပညာဆည်းပူးခဲ့သည်။ 

၁၉၉၂ ခုနှစ်တွင် ၀န်ထမ်း အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီချုပ် ပါတီ သို့ ရောက်ရှိသွားသည်။

ဦးထင်ကျော် သည် ဖခင်ဖြစ်သူ၏ ကလောင်ခွဲဖြစ်သော ဒလဘန်း အမည်ဖြင့် စာပေ များ လည်း ရေးသား ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ယုံကြည် စိတ်ချရသော လူ အဖြစ် လည်းကောင်း၊ မိသားစု မျိုးရိုး သမိုင်းကြောင့် လည်းကောင်း၊ ရိုးသားဖြောင့်မတ်သော စိတ်ထား ရှိ၍ လည်းကောင်း စသည့် အရည်အချင်း များကြောင့် ထောက်ခံမှု အများအပြား ရရှိထားသည်။

ဦးထင်ကျော် ဇနီးဒေါ်စုစုလွင်
ဒေါ်စုစုလွင် သည် ဒီချုပ် ပါတီ စတင် ထူထောင်စဉ် က ပါဝင်ခဲ့သော ဗိုလ်မှူးကြီး မောင်လွင် ၏ သမီးဖြစ် သည်။ ဗိုလ်မှူးကြီး မောင်လွင် ၏ မျိုးရိုးသည် ပညာတတ် မျိုးရိုး များဖြစ်ပြီး အစ်ကို အကြီးဆုံး ဦးကျော် မှာ ထိုခေတ် က လုပ်သားများကောလိပ် ကျောင်းအုပ်ကြီးနှင့် ရန်ကုန် ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ 


ညီဖြစ်သူ ဗိုလ်မှူးကြီး မောင်ချို မှာ ဦးနေ၀င်း လက်ထက် သက်တမ်းရင့် စက်မှု (၁) ၀န်ကြီး အဖြစ် တာဝန် ယူ ခဲ့သူဖြစ်ပြီး အခြား တစ်ဦးမှာ စီးပွားရေး တက္ကသိုလ် မှ ဒေါက်တာမောင်ရှိန် ဖြစ်သည်။

ဗိုလ်မှူးကြီး မောင်လွင် ကိုယ်တိုင် လည်း မဆလခေတ် တွင် ဗဟိုကော်မတီဝင်၊ ဒုဝန်ကြီးမှ စ၍ ဒုတိယ ၀န်ကြီး ချုပ် အဖြစ် ထဲထဲ ၀င်ဝင် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဒီချုပ် စတင် ဖွဲ့စည်းစဉ်က ဗိုလ်မှူးကြီး မောင်လွင် မှာ မျိုးချစ်ရဲဘော်ဟောင်း များ အဖွဲ့တွင် ပါဝင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီချုပ် ပါတီ ထဲသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ပါတီ ၏ အာဏာ အရှိဆုံး ဖြစ်သော အလုပ်အမှုဆောင် ထဲတွင် တစ်ဦး အပါအ၀င် ဖြစ်ခဲ့သည်။

သမီးဖြစ်သူ ဒေါ်စုစုလွင် မှာ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာန မှ မဟာဝိဇ္ဇာဘွဲ့ ကို ရရှိခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဆရာ မင်းသုဝဏ် ၏ သားဖြစ်သူ ဦးထင်ကျော်နှင့် အိမ်ထောင်ပြုခဲ့သည်။ ၁၉၉၀ မှ စတင်ကာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့တွင် ပညာရေး စီမံကိန်း အရာရှိ အဖြစ် ၂၀၀၅ ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ 

၂၀၀၅ ခုနှစ်တွင် နုတ်ထွက် ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သင်တန်းနှင့် စီမံကိန်း များ ရေးဆွဲ အကောင် အထည်ဖော်သည့် သုတေသန လုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ပါတီ ၏ အရေး ပါသောသူ ဖြစ်လာခဲ့သည်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့တွင် ဖခင်ဖြစ်သူ ကွယ်လွန် သွားသောအခါ ပါတီ ရပ်တည်ရေး အတွက် အပြည့်အ၀ လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ 

၂၀၁၂ ခုနှစ်တွင် ဒီချုပ် ပါတီက ပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သော အခါ မိဘ များ၏ ဇာတိမြို့ဖြစ်သော သုံးခွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ပြီး အရွေးချယ်ခံခဲ့ရသည်။ 

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲ၌ လည်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြတ်ပြတ် သားသား အရွေးချယ်ခံရပြန်သည်။

 ဒေါ်စုစုစုလွင် သည် ရန်ကုန် တက္ကသိုလ် ပညာရေးလောက မှ ပညာတတ် တစ်ယောက်ဖြစ်ခြင်း၊ မိဘ မျိုးရိုး မှာ ကောင်းသတင်း ဂုဏ် ရှိပြီး နိုင်ငံတော် အုပ်ချုပ်ရေး အသိုင်းအ၀ိုင်းနှင့် ရင်းနှီးကျွမ်းဝင် ခဲ့သူဖြစ်ခြင်း ၊ ဒေါ်စုစုလွင်နှင့် ခင်ပွန်းဖြစ်သူ ဦးထင်ကျော် မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် သစ္စာစောင့်သိ သူ များဖြစ်ခြင်း၊ မာန်မာနထောင်လွှားမှု မရှိကြောင်း လူသိများသည်။



အချက် အလက် ဦးခွန်သူရ ထံမှ။
 Myanmar Breaking News

******************************************************************************
******************************************************************************




အရည် ကြို's photo.



#‎ကြိုဆိုပါတယ် အရပ်သား သမ္မတကြီး ဦးထင်ကျော်‬
‪#‎OurPresident‬ ‪#‎ UHtinKyaw‬



 ပြည်ထောင်စု လွတ်တော်တွင် မဲ အရေတွက် = 360
ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံရသော အရပ်သား စစ်စစ် သမ္မတကြီး ဦးထင်ကျော် အား ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့် လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါကြောင်း ...

ချစ်ခြင်းများစွာဖြင့်
အရည်ကြို



===============
သမ္မတကြီး ဦးထင်ကျော် ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ
===================
– ကွမ်းခြံကုန်းမြို့ သား အမျိုးသား ဂန္ထ၀င်စာရေး ဆရာကြီး မင်းသုဝဏ် ( ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ရွေးကောက်ခံ ကိုယ်စားလှယ်၊ ကမာရွတ်မြို့ နယ်) နှင့် ဒေါ်ကြည်ကြည် တို့၏ ဒုတိယမြောက် သားဖြစ်သည်။

– အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးလွင် ၏ သမက်ဖြစ်သည်။

– “ဒလဘန်း” အမည်ဖြင့် သူ၏ ဖခင် စာရေးဆရာ မင်းသုဝဏ် အကြောင်း ရေးသည့် “ အဘဘ၀ အဘ အကြောင်း တစ်စေ့ တစ်စောင်း” စာအုပ်မှာ ဦးထင်ကျော် ၏ ထင်ရှားသည့် လက်ရာဖြစ်သည်။

– ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။

– ၁၉၆၂ အထက (၁)  ဒဂုံ (မက်သဒစ်ကျောင်း) မှ အခြေခံ ပညာ အထက်တန်းအောင်မြင်၊

– ၁၉၆၂-၆၃ ရန်ကုန် တက္ကသိုလ် မှ ဥပစာဝိဇ္ဇာ (က) အောင်မြင်၊

– ၁၉၆၃-၆၈ ရန်ကုန် စီးပွားရေးတက္ကသိုလ် မှ စာရင်းအင်းပညာ မဟာဘွဲ့  M.Econ (Statistics) Part- 2 တက်ရောက်နေစဉ် တက္ကသိုလ်နည်းပြ အဖြစ် အလုပ်ဝင်လိုက်သည်။

– ၁၉၇၀ Universities’ Computer Centre သို့ Programmer/ Analyst ရာထူးဖြင့် ပြောင်းရွှေ့  တာဝန် ထမ်းဆောင်၊

– ၁၉၇၁-၇၂ Institute of Computer Science,University of London ၌ ပညာသင်ယူ၊

– ၁၉၇၃ ဒေါ်စုစုလွင် (ဥက္ကဋ္ဌ – နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ၊ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) နှင့် လက်ထပ် ခဲ့သည်။

– ၁၉၇၄ Asia Electronics Union, Tokyo တွင် ကွန်ပျူတာ ပညာလေ့လာဆည်းပူး၊

– ၁၉၇၄-၇၅ M.Sc Computer Science (RASU)

– ၁၉၇၅-၁၉၈၀ ဌာနခွဲမှူး၊ အကြီးစား စက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ အမှတ်(၂) စက်မှု ၀န်ကြီးဌာန၊

– ၁၉၈၀-၁၉၉၂ ဒုတိယ ညွှန်ကြားရေးမှူး၊ နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဦးစီးဌာန(FERD) ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊

– ၁၉၈၇ Arthur D.Little, School of Management, Cambridge,Massachusetts တွင် ပညာသင်ယူ၊

– ၁၉၉၂ ဒုတိယ ညွှန်ကြားရေးမှူး ရာထူးမှ မိမိ ဆန္ဒအလျောက် နုတ်ထွက်၊

– ၂၀၁၂ -ယနေ့ထိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တွင် Executive Committee Member ( အလုပ်အမှုဆောင် အဖွဲ့ဝင်) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိ၊



အရည် ကြို 

No comments:

Post a Comment