Saturday, September 30, 2017

ဘယ်တော့မှ မနစ်မြုပ်နိုင်တဲ့ မြန်မာ့ လေယာဉ်တင်သင်္ဘော



ဘယ်တော့မှ မနစ်မြုပ်နိုင်တဲ့ မြန်မာ့ လေယာဉ်တင်သင်္ဘော(သို့မဟုတ်) မြန်မာ့ ရှေ့တန်း ခံစစ်ကြောင်း၊

မြန်မာနိုင်ငံ အနောက်တောင်ဖက် ရန်ကုန်မှ ထောင့်ဖြတ် တိုင်းပါက 420 ကီလိုမီတာ ရှိပြီး ရှေ့ တန်းအကျဆုံးကျွန်းစုဖြစ်ပါတယ် ။

သူ့ ရဲ့ တောင်ဖက်မှာက အက်ဒမန်းကျွန်းစု ရှိပြီး ကီလိုမီတာ 60 ပဲဝေးတာပါ ။ အိန္ဒိယပိုင် ဖြစ်ပြီး စစ် အခြေစိုက် စခန်း ချထားပါပြီ ။

တောင်မြောက် အရှည် ၁၂ ကီလိုမီတာ ရှိပြီး ရှေ့  နောက် ကတော့ ၁’ ၇ ရှိပါတယ် ။ မဟာဗျူဟာ အကျဆုံး ဖြစ်ပြီး သဘာဝတရားကြီးက ပေးတဲ့ လက်ဆောင် အဖြစ် ကျောက်ဆောင် ထူထပ် လို့  မည်သည့် စစ်သင်္ဘော မှ အနား မကပ်ရဲပါဘူး ။ ကမ်းတက် တိုက်မယ်ဆိုရင် အခေါင်းပါ အပိုယူလာမှ ရပါလိမ့်မယ် ။

ဒါကြောင့်  မြန်မာ့ တပ်မတော် လေယာဉ်တင် သင်္ဘောကြီးအဖြစ် နိုင်ငံတစ်ကာမှ ပြောထားပြီး စစ်ရေး အ
ချက်အချာ နေရာဖြစ်လို့  အမေရိကန် တရုတ် အိန္ဒိယ က လိုချင်နေပြီး ပိုက်ဆံမကုန်တဲ့  လေယဉ်တင်
သင်္ဘော အဖြစ် စစ်စခန်းဆောက်ချင်နေပါတယ် ။

တပ်မတော်က ကမ်းနီး ကမ်းဝေး ရေဒါ များနဲ့  စောင့်ကြည့်နေပြီး မဖော်ပြနိုင်သေးတဲ့  လက်နက်တွေ တပ်ဆင် ထားပြီး လေယာဉ်တင်သင်္ဘော အဖြစ် အသုံးချနေပါပြီ ။







အဓိက ထောက်ပို့ လမ်းကြောင်းက ရေကြောင်းအရံ အဖြစ် လေကြောင်း Main Land ပင်မကုန်းမြေ နဲ့ 
ချိတ်ဆက် ထားပြီး Line Of Supply ( LOS ) များကို ကာကွယ်မယ့် Line Of Control ( LOC) ကို တည်ဆောက် ထားပြီး စစ်အခြေစိုက်စခန်း အဖြစ်အသုံးပြုနေပါတယ် ။
LOC အဖြစ် သက်သေက ရေတပ်ရဲ့  ဖရီးဂိတ် အောင်ဇေယျ ကပ်နိုင်တာကို သိမှပါ ။
F11 ကပ်နိုင်မယ့် မီတာ ၁၀၀ ဆိပ်ခံ တံတားနဲ့  ချဉ်းကပ်လမ်း ဟာ တစ်ချိန်မှာ SUB ရေငုတ်တွေရဲ့ ဆိပ်
ကမ်း အဖြစ် အသုံးပြုလို့ ရနေပြီး ရုရှား ကတော့ SUB 4 စီး ရောင်းချမယ့် အကြောင်းတွေ စတင်လေသံ
ပစ်နေပါပြီ ။

လေကြောင်း အသာရဖို့  ပေ ၉၅၀၀ အကျယ် လေယဉ်ကွင်း ရှိနေပြီး Y8D လေယာဉ် ဆင်းသက်နေ လို့  JF17  . MIG တွေလောက်တော့ မပြောတော့ပါဘူး ။
ကျွန်း အနီးမှာ ဖရီးဂိတ် ၁ စီး ဦးဆောင်ပြီး စစ်ရေယာဉ် အုပ် ၁ ခု အမြဲတမ်း ရှိနေလို့  စိတ်ချရပါတယ် ။ ဖရီးဂိတ်တွေမှာ တပ်ဆင်ထားတဲ့  RAWL -02 -MK- MPA ကီလိုမီတာ 165 ဝေဟင် ရေပြင် ထောက်လှမ်းနိုင်
ပြီး HUMSA ဆိုနာဟာ ကီလို ၁၀၀ အတွင်း SUB ကို ထောက်လှမ်းနိုင်လို့ လွယ်လွယ် နဲ့ စပယ်တော့ ပွင့်မှာ မဟုတ်ပါ ။




Carrier Battle Group အဖြစ် တည်ရှိနေပါပြီ ။ လေ/ကာ အဖြစ် တာလတ်ပစ် KS-1B -MR – ADMS စနစ်ဟာ တိုက်လေယဉ်များ အပြင် ခရုစ် ဒုံးပျံများ ကိုလည်း ပစ်ချနိုင်ပါတယ် ။
စစ်ရေး လေ့ကျင့်ခန်း အတွင်း အိန္ဒိယ တိုက်လေယဉ် ၃ စီး ဝင်လာဖူးပါတယ် ။ 9 မိနစ်ကြာ ချိန်ထားခဲ့ ပြီး ဗုံး ၁ လုံး ချတာနဲ့ ပစ်ချမလို့ပါ ။ ဒါပေမယ့် ကြိုတင် သိသွားလို့ ပြန်ပြေးသွားပြီး တရားဝင် တောင်းပန်ခဲ့ ရပါတယ် ။





မြန်မာကတော့ အိန္ဒိယ ကို တစ်ခါမှ မတောင်းပန်ဖူးသေးပါ ။ အသေးစိတ် ကတော့ လဝ ပါနေလို့ 
ဒီလောက် ဆိုရင် ဘာလို့ သူများတွေ လိုချင်နေလည်းလို့  လာမေးတဲ့ သူတွေ အတွက်ပါ…
#crd-
via:Thantzin_Oo
Nay Lin 




No comments:

Post a Comment