Monday, September 23, 2019

ဆားတောင် ဆရာတော်ဘုရားကြီး ဦးပညာဏိက



ဆားတောင် ဆရာတော်ဘုရားကြီး ဦးပညာဏိက က တရား အားထုတ်ရန် ပျင်းရိသူများအား ဤသို့  မိန့် ကြား တော်မူခဲ့ ပါတယ်။

တောထဲလွှတ်ကျောင်းတဲ့ နွားတွေဟာ နေ့ တိုင်း နေ့  တိုင်း ဒီ စားကျက်ပဲ စားနေကြတာပဲ ။ ကိုက်ပါများတော့ လည်းဗိုက်ပြည့်တာပဲ။ တရားဆိုတာလည်း ဒီအတိုင်း ပါပဲ။

ဒီခန္ဓာပဲ နေ့ စဉ် ရှု မှတ်နေရမှာပဲ။

တရားအားထုတ်ဖို့ ကျတော့ မအားဘူး။ မအားဘူးလို့ ပြောတယ်။ သေချိန်ကျလာလို့  မသေချင် ဘူး လို့ ပြောလို့ ရတာမဟုတ်ဘူး။ မအားဘူးလို့  ပြောလို့  ရတာ မဟုတ် ဘူး။

မသေချာ မရေရာတဲ့ အလုပ်တွေကိုတောင် ဟုတ်နိုးနိုး တော်နိုးနိုး နဲ့  သက်စွန့် ဆံဖျား လုပ်နေ ရတာပဲ။ သေချာ ရေရာတဲ့အလုပ် ဘာမလုပ်ရဲစရာရှိလဲ။ ဆင်းရဲ တစ်ဘဝ ပေါ့။ တစ်ဘဝ တောင် မှ ခဏ လေးပါ။

တရားအားထုတ်တယ် ဆိုတာ အားနဲ့ မာန် နဲ့  အား ထုတ်ရတယ်။ ခန္ဓာရှိလို့ ဆင်းရဲနေတာ။ ဆင်းရဲတဲ့ အထဲ ငါပါတော့ သံသရာ လည်တာပေါ့။ နာတာဟာ ငါမဟုတ် ဘူး။

တစ်ချို့က တရားအားထုတ်ရမှာကြောက်တယ်လို့ ပြော တယ်။ အားထုတ်ကြည့်စမ်းပါ။
ကြောက်စရာမလိုပါဘူး။

အားမထုတ်ပဲနဲ့  ကြောက်တယ်ပြောတော့ တရားကို ပစ်ပယ်ရာရောက်ပါတယ်။
မဟုတ်တာ လုပ်ရမှာ ကြောက်ပါ။


ခန္ဓာရှိရင် ဝေဒနာရှိမှာပဲ။

ဒီဝေဒနာ က နိုင်အောင် ရှုတတ်ဖို့ လိုတယ်။

သေခါနီးဝေဒနာ က ဒီဝေဒနာထက် ဆိုးတယ်။

အခုကတည်းက နိုင်အောင် ရှု ထားတော့ သေတော့ နိုင်တာပေါ့။

ချမ်းသာမှုကို ဆုတောင်းရုံနဲ့ မရဘူး။

လုပ်ယူမှရတာ။

ဖြစ်သဘော ပျက်သဘော သိတော့ လောဘ ဒေါသ မောဟ မရောတော့ ဘူး။
ဒီတော့ ကြည်လင်အေးမြ လွတ်ငြိမ်းချမ်းသာတာပေါ့။



သာသနာပြု ချင်ရင် ကိုယ့် ကိုယ်ကို အရင်တရားရှိ အောင်လုပ်။

ကိုယ့်ကိုယ် ကို တရားရှိမှ သာသနာပြုလို့ ရတယ်။

ဝိပဿ နာ တရားအားထုတ်တယ် ဆိုတာ ထမင်း စားသလိုပဲ။

မဆာလည်းစား ၊ ဆာလည်းစား။

စားကောင်းလိမ့်မယ် ထင်ပေမဲ့ တစ်ကယ်စားတော့ မြိန်ချင်မှ မြိန်တာ။

မကောင်းဘူးလို့ ထင်နေပေမဲ့လည်း တစ်ကယ် စားတော့ မြိန် ချင်မြိန်တာ။
ဒီတော့ မထုတ်ချင်လည်း ထုတ်။

ထုတ်ချင်လည်း ထုတ်ပေါ့။



ဝိပဿ နာ တရားအားထုတ်ရတာ အလွန်ကောင်း ပါတယ်။

အဝတ်လည်းပြောင်းစရာ မလိုဘူး။

ဂူလည်းအောင်းစရာ မလိုဘူး။

ပုထုဇဉ် စရိုက် မူပြောင်းဖို့ လိုတယ်။

တရားအားထုတ်တဲ့ အခါ ဝေဒနာကို မကြောက်နဲ့။

ကြောက်ရင် လွဲ ရဲ မင်းဖြစ်တယ် ဆိုတာ ဒီနေရာမှာ သုံးရမှာ။

ကိလေသာ ကြားမခိုအောင် နှာသီးဝ လေကို ထိတိုင်း သိနေပါစေ။



ဝိပဿ နာ တရားဆိုတာ စွန့်လွှတ်တဲ့ တရား။

လောဘ ဒေါသ မောဟ တို့ ကို ကျွတ်လွတ်အောင် စွန့်  လွှတ်နေတာ။

ဒီတော့ ပြင်းပြင်းထန်ထန် အားထုတ်ကြ။

တုံးတိုက်တိုက် ကျားကိုက်ကိုက် နောက်မဆုတ်တမ်း အားထုတ်ကြ။


အပ္ပမာဒေန သမ္မာဒေထ
ရွှင်လန်း ချမ်းမြေ့ ပါစေ .....


(မျှဝေကုသိုလ်ပြုပါသည်)
copy
credit - Original Uploader



No comments:

Post a Comment