Saturday, March 16, 2019

သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿ ရ ရဲ့ ဘဝသမိုင်း တစ်​စိတ် တစ်ပိုင်း




သီတဂူ ဆရာတော်ဘုရားကြီး ဖြစ်လာမည့် မောင်စံသိန်း သည် (၇)နှစ်သား အရွယ်ကပင် တပ်ရွာကျောင်း ဆရာတော် အရှင် ဣန္ဒဝံသ ထံတွင် ကျောင်းသားငယ် အဖြစ် စတင် ပညာသင်ယူ သည် ။

(၁၅)နှစ် သား အရွယ်တွင် ရှင်သာမဏေပြုသည် ဘွဲ့ အမည်မှာ ရှင်ဇောတိ က ဖြစ်သည် ကိုရင်ဇောတိက အသက် (၁၉) နှစ် (၃)လ တွင် သဲကုန်းဆရာတော် အရှင်ဓမ္မစက္က ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းပြု သည် ။ရဟန်းဖြစ်လာသောအခါ အရှင်ဥာဏိဿ        ရ ဖြစ်လာခဲ့သည် ။

ရန်ကုန် ခြောက်ထပ်ကြီး ဘုရားကြီးတိုက် ထိုမှ ကင်းဘဲလမ်း (ယခု ငါးထပ်ကြီး ဘုရားလမ်း) ရှိ သိမ်ကုန်းကျောင်း သို့ ပညာ ဆက်လက် ဆည်းပူးရန် ရောက်ရှိခဲ့သည် ။

တာမွေ သိမ်ကုန်းကျောင်းမှ ပထမငယ်တန်း အောင်မြင်ပြီးနောက် မင်္ဂလာတောင်ညွန့် သိမ်ကုန်း ကျောင်းတိုက် သို့ ပြောင်းရွှေ့ သီတင်း သုံးခဲ့သည် အလတ်တန်း ၊ အကြီးတန်း အောင်မြင်ခဲ့ပြန်သည် ။ အကြီးတန်း တက်နေစဉ် ပဋ္ဌာန်း စာဝါကို ဆူးလေရင်ပြင်ရှိ အဘိဓမ္မာပြန့်ပွားရေး အသင်းကြီး၏ အဘိဓမ္မာ ဆရာကြီး ဦးကျော် ထံတွင် သင်ယူခဲ့သည် ။

အကြီးတန်း အောင်ပြီးနောက် ဓမ္မာစရိယ စာချတန်းအတွက် မန္တလေး ခင်မကန်တိုက် မိုးတားကျောင်းတိုက် တို့တွင် ဆက်လက် ပညာ ဆည်းပူးသည် န္တလေးရှိ နာမည်ကျော် ဆရာတော်ကြီး များ ထံတွင် စာဝါများ လိုက်ခဲ့သည် ဓမ္မာစရိယ စာချတန်း အောင်မြင်ပြီး သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည် ထို့နောက် သံင်္ဃ တက္ကသိုလ် ဆက်လက် တက်ခဲ့သည် ။




သံင်္ဃ တက္ကသိုလ်မှ သုံးနှစ် သင်တန်းကို အောင်မြင်သော်လည်း အောင်စာရင်းထွက်ပြီး ဖျက်သိမ်း ခံလိုက် ရ၍ အောင်လက်မှတ် မရ ခဲ့ပေ ဟံသာဂီရိချောင်တွင် ငယ် ၊ လတ်ကြီး ၊ စာချတန်း စာဝါများကို နေ့ အခါပို့ ချ ပေးရင်း အနီးစခန်း ဆရာတော်ကြီးထံ တွင်စာတက် ရန် ကြိုးစားခဲ့သည် အနီးစခန်း ဆရာတော်၏ တပည့် အဖြစ် စာတက် ခွင့်ရခဲ့သည် ။

အတူ စာတက်သူ ဦးသုမင်္ဂလ (ပထမ မစိုးရိမ် ) ဆက်လက် မတက် တော့ (ယခု ပျံလွန်တော်မူခဲ့ပြီ) ဦးသီရိန္ဒ က လူထွက်သွား၏ (၁၉၈၆ မှ စ၍ သီတဂူရေစက်တွင် စက်ရုံမှုးကြီး တာဝန် ထမ်းဆောင် သည် ) အရှင်ဉာဏိဿ        ရ တစ်ပါးတည်းသာ သင်တန်း ကလည်း မထွက် လူလည်း မထွက်ဘဲ ဇွဲနပဲကြီးစွာဖြင့် (၂)နှစ် တိုင်တိုင် ဝိသုဒ္ဓိမဂ် ကျမ်းကြီး ပြီးဆုံးသည်အထိ သင်ယူ ခဲ့သည် ။

ထို့နောက် မိလိန္ဒပဥှာကျမ်းကို (၂)နှစ်ကြာ သင်ယူခဲ့ပါသည် ။အရှင်ဉာဏိဿ         ရ သည် အနီးစခန်း ဆရာတော်ကြီး ထံမှ အဆင့်မြင့် ပရိယတ္တိစာပေများနှင့် အင်္ဂလိပ်စာ တို့ကို သေချာ ကျနစွာ ဇွဲနပဲကြီးစွာ သင်ယူအောင်မြင်ခဲ့သည် ။

ထို့နောက် သပိတ်အိုင်တောရ စခန်းတွင် (၄)နှစ်ကြာ ဓူတင် ဆောက်တည်ခဲ့သည် ။
အနီးစခန်း ဆရာတော်ကြီး က တရားဟောခိုင်းခဲ့သည် မှ စကာ သဲကုန်း ဆရာတော် သပိတ်အိုင် ဆရာတော် ဟူ၍ ဖြစ်လာခဲ့ပါ သည် ။



(မင်းယုဝေ ၏ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿ ရ ၏ ဘဝဖြစ်စဉ် အကျဉ်းထုတ်နှုတ် ပူဇော်ပါသည်။)
ရေးသားသူ – Ven Phonnya Nanda


No comments:

Post a Comment