Sunday, April 9, 2017

သော တ ပန် နှင့် စူ ဠ သော တ ပန်




သောတပန် = သောတပန္န

သောတ = ရေအယဉ် ။

အာပန္န = ရောက်သည် ။

သောတပန္န (ဝါ) သောတပန် ပုဂ္ဂိုလ် ဆိုသည်မှာ -

ဥပမာပြုရသော် အရပ်ရပ် မှ စီးဆင်းလာသော ရေအယဉ် တို့သည် သမုဒ္ဒရာ သို့ ရောက်သောအခါ နောက်သို့ ပြန်မဆုတ်ဘဲ သမုဒ္ဒရာ သို့သာ ပြေးဝင် ဘိသကဲ့သို့ သောတပန်ဖြစ်သော ပုဂ္ဂိုလ်သည် ငရဲ ၊ တိရိ စ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ၊ အပါယ်လေးဘုံ သို့ ပြန်မဆင်းတော့ဘဲ နိဗ္ဗာန် သို့သာ ပြေးဝင်မည့် ပုဂ္ဂိုလ်ဟု ဆိုလိုသည် ။ 
(ဝါ) အပါယ်လေးပါး တံခါး ပိတ်နေသော ပုဂ္ဂိုလ် လည်း မည်ဧ။် ။

သစ္စာလေးပါး တရားတော် ဧ။် သဘော အဓိပ္ပာယ်ကို.....
( သင် ၊ မေး ၊ နာကြား ၊ ဆောင်ထား ၊ ဆင်ခြင်မှု တို့ဖြစ်သော ) သုတမယဥာဏ် ၊ စိန္တာမယဥာဏ် တို့ဖြင့် သိသော အသိ မဟုတ်ဘဲ အားထုတ် ပွားများထား၍ ထိုးထွင်း သိမြင်သော ပဋိဝေဓဥာဏ် ဖြင့် အမှန်တ ကယ် သိမြင်နိုင်သော သူကို သောတပန် ပုဂ္ဂိုလ် ဟူ၍ ခေါ်ဆိုရဧ။် ။

သောတပန် အစစ် သာလျှင် အပါယ်လေးပါး တံခါး ပိတ်သည် မဟုတ်သေး ၊ တရားအားထုတ် ပွားများနေ စဉ် စူဠ သောတပန် အရည် အချင်းနှင့် ပြည့်စုံနေသူလည်း သေလွန် စုတေ သွားပါက အပါယ်လေးပါး တံခါး ပိတ်နိုင်သည် သာတည်း။

( ဝိသုဒ္ဓိ မဂ် ) ။
( စူဠ သောတပန် = သောတပန်ငယ် ၊ သောတပန်လောင်း )

စူဠ သောတပန် အရည် အချင်း ပြည့်စုံမှု ဆိုသည်မှာ ၊ ရုပ် ဧ။် သဘောတရား ၊ ရုပ်ဖြစ်ကြောင်း တရား ၊ 

နာမ် ဧ။် သဘောတရား ၊ နာမ်ဖြစ်ကြောင်း တရား ၊ 
ရုပ်နာမ် အကျိုးတရား ကို ဖြစ်ပေါ်စေသော အကြောင်းတရား ( ပဋိစ္စ သမုပ္ပာဒ် ) ကို အနတ္တ ဓမ္မ သဘာဝသို့ ဆိုက်အောင် ဥာဏ် မျက်စိဖြင့် ဆင်ခြင် ပွားများ နေသော အချိန်သည် ထို ပုဂ္ဂိုလ် အတွက်..
' စူဠ သောတပန် ' ဖြစ်၍နေသည် မည်ဧ။် ။

ရုပ်နာမ် သဘောတရား ဆိုသည်မှာ ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန် နေခြင်းကြောင့် ဆင်းရဲခြင်း အမှန်  ဖြစ်ပေါ်နေခြင်း ( ဒုက္ခ သစ္စာ) ကို သိမှုပင် ဖြစ်သည် ။ 


ရုပ်နာမ် ဖြစ်ကြောင်း တရား ဆိုသည်မှာ စွဲလန်း တပ်မက်မှု ( သမုဒယ သစ္စာ = တဏှာ ) ကြောင့် ရုပ်နာမ်တို့ ဖြစ်ပေါ်နေခြင်းကို သိမှုပင် ဖြစ်သည် ။ ထို အသိဥာဏ် ဖြစ်ပေါ်နေစဉ် အချိန်တွင် ထိုပုဂ္ဂိုလ်သည်
စူဠ သောတပန် ဖြစ်၍နေလေသည် ။ 


ယင်းကဲ့သို့သော အချိန်၌ ကွယ်လွန် စုတေ သွားပါက အပါယ်လေးပါးမှ ကင်းလွတ်ခွင့် ရရှိနိုင်ပြီး
ကောင်းမြတ်သော နောက် ဘဝကို ရောက်လျှင်ရောက်ချင်း သောတပန် အစစ် ဖြစ်ခါ အရိယာဘဝ ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပေသည် ။    ( ကင်္ခာ ဝိတရဏ ဝိသုဒ္ဓိ နိဒ္ဒေသ ) ။


ထို့ကြောင့် မိမိသည် ယခုအခါ သောတပန် မဖြစ်သေးသည့်တိုင်အောင် စုတေ ခါနီးတွင် ဝိပဿနာ ဘာဝနာ ပွားများ အားထုတ်နေခြင်းဖြင့် အပါယ်ဘေးမှ ကင်းဝေးပြီး နောက် ဘဝ၌ သောတပန် အစစ်  ဖြစ်နိုင်ရန်ယခုက ပင်လျှင် ကြိုတင်ကြိုးစား၍ ဝိပဿနာ ဘာဝနာ ကို အားထုတ်ပွားများနိုင်ရန် အစီအစဉ် ပြုလုပ်ပြီး အချိန်ယူဆောင်ရွက်သင့်လှပေသည် ။

ဝိပဿနာ လုပ်ငန်းမှာ မလိုက်စားဘူး သေး၍သာ ခက်သည် ၊ အရသာမရှိ ၊ ပျင်းရိဖို့ ကောင်းဧ။် ၊ ဟူ၍ ထင်မှားနေခြင်း ဖြစ်သည် ။


အနတ္တ ဓမ္မ သဘာဝ ကို နိုင်နင်းအောင် အသင်အပြ ကောင်းသော ဆရာမြတ် တို့နှင့် တွေ့ရှိပါက ထူးလှ သည့် ဓမ္မ အရသာကို လွယ်ကူစွာ ကိုယ်တိုင် ခံစားနိုင်ပြီး စိတ်ကြည်နူးဖွယ် ၊ ချမ်းမြေ့ သာယာဖွယ် ဘဝကို ပိုင်ဆိုင်နိုင်ပေမည် ။

ရွှေဥမင် ဆရာတော် ဘုရားကြီးက မိန့်မှာတော် မူခဲ့သည်မှာ --

လယ် လုပ် မ ခက် ၊
လယ် တည် ခက် ဧ။် ။
အ ကျင့် မ ခက် ၊
အ သိ ခက် ဧ။် ။


ဟူ၍ဖြစ်သည် ။

ဝိပဿနာ ဘာဝနာ ဧ။် အားထုတ်ပုံ အားထုတ်နည်းကို သိပြီ ဆိုလျှင် ကျင့်ကြံ ပွားများရန် မခက်တော့ပြီ ။  နည်းသိရန် အတွက်ကိုမူ အနတ္တ ဓမ္မ သဘာဝ ကို သဘောပေါက် နားလည်အောင် ရှင်းလင်း သင်ပြပေးနိုင်သော ဆရာစစ် ဆရာမှန် တွေ့ရန် အလွန် အရေးကြီးပေသည် ။

ဆရာကောင်း ဆရာမြတ် ဟုတ်သည်၊ မဟုတ်သည် ကို ခွဲခြားသိနိုင်ရန် အတွက် မိမိ ၌ ဝိပဿနာနှင့် ဆိုင်ရာ ဗဟုသုတ ဦးစွာ ရှိထားရမည် ။


သို့အတွက် အချိန်ကို သီးသန့် ရယူပြီး ဆရာတော်ကြီးများ ၊ လူပညာရှိကြီးများေ
ရးသားထားသော စာပေတို့ကို ရှာဖွေ ဖတ်ရှုရမည် ဖြစ်ပေသည် ။

ပထဗျာ ဧကရဇ္ဇေန ၊

သဂ္ဂဿ ဂမနေန ဝါ ။

သဗ္ဗလောကာ ဓိပစ္စေန ၊

သောတပတ္တိ ဖလံ ဝရံ ။

( ဓမ္မ ပဒ ပါဠိတော် )

အနက် ။ ။

မြေအပြင်၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက် လည်းကောင်း ၊

နတ်ပြည်သို့ လားရောက် စံပျော်ရသည်ထက် လည်းကောင်း

ခပ်သိမ်းသော လောက ကို အစိုးရသည်ထက် လည်းကောင်း ၊

သောတပတ္တိဖိုလ် သည် မြတ်ဧ။် ။ ။

.
.

Thansk;
#Dhammaပီတိ



No comments:

Post a Comment