Sunday, December 8, 2013

အဖေ (ခေါ်) ဖေဖေ




အမေ...အမေ..အမေ ဆိုပြီး အမေ့အကြောင်း ကဗျာတွေ၊ စာတွေနဲ့ တစ်ဖွဲ့ တစ်နွဲ့ရေးဖွဲ့နေကြတာ တစ်ကယ်ကို အားရ စရာပါပဲ တစ်ကယ်ပဲ အမေ့ကျေးဇူးသိလို့ လား အပျင်းပြေ စာဖွဲ့တာလားတော့ မသိဘူးဗျ ရေး လိုက်ကြ တာ ဘလော့ အတော်များများ မှာတွေ့ရတယ်ဗျ ဒီအထဲမှာ ကျနော်လဲ အပါအ၀င် ပဲပေါ့။ 
တစ်ကယ်လဲ အမေ့ကျေးဇူးတွေက မြင့်မိုလ်တောင် မက ကြီးမားတာပေကိုးဗျ။ ဒါပေမဲ့ ကျနော်တို့တွေ သတိ မထားမိတဲ့ အရေးကြီးတဲ့ အချက် တစ်ချက်ကို မနေ့က သွားသတိထားမိတယ်ဗျ ။ ဒါကလဲ ဦးပေါ်ဦး ရဲ့ စာတွေ ဖတ်မိရင်း သတိထားမိတာပါ။  

အဲဒီစာလေး ဖတ်မိမှ ဟုတ်ပါရဲ့ ငါတို့တွေ တစ်ကယ့် အရေးကြီးတဲ့ အချက်ကြီး ကို မေ့နေကြတယ်ဆိုတာ သတိထားမိတယ်ဗျ။ အဲဒါဘာလဲဆိုတော့ ခုရေးပြမဲ့ ပုံပြင်လေးကို ဖတ်လိုက်တာနဲ့ သဘောပေါက်ကြမှာပါ ။ ဒီလိုဗျ...............................
 
ဟိုး..ရှေးရှေးတုန်းက ထင်းခုတ်ရင်း အသက်မွေးကြတဲ့ သားအမိ၊ သားအဖ သုံးယောက်ရှိသတဲ့။ ဒီလိုနဲ့ တစ်နေ့တော့ သားအဖနှစ်ယောက်ဟာ တောထဲထင်းခုတ်သွားကြတာပေါ့ ဒီလိုနဲ့ ထင်းခုတ်နေတုန်း ဗြုန်းဆို ကျားကြီး တစ်ကောင်ပေါ်လာပြီး အဖေကို ကိုက်မယ် အလုပ်မှာ သားလုပ်သူဟာ အဖေ အတွက် စိုးရိမ်ပြီး ဓား နဲ့ ကျားကြီးကို ၀င်ခုတ်တဲ့ အတွက် ကျားကြီးဟာ စင်းစင်း သေသွားပါလေရော။ 

အဲဒီမှာ ထင်းခုတ်သမား ဖခင်ကြီး ဟာ ကျားကြီး ရုတ်တရက်ရောက်လာတဲ့အတွက် ကြောင်တောင်တောင် နဲ့ ကြက်သေ သေနေတော့ မုချသေရ မှာပဲလို့ တွက်ထားပေမဲ့ မသေဘူး။ ခုလို မသေအောင် သူ့သားကယ် တာပဲ ဒီတော့ ကျေးဇူးရှင်ဖြစ်တဲ့ သားကို ကန်တော့ လိုစိတ်တွေ တစ်ဖွား ဖွားပေါ်လာတာ နဲ့ အဖေလုပ်သူဟာ သားကိုခေါ်ပြီး သစ်ငုတ်တစ်ခုပေါ် ထိုင်ခိုင်းလိုက်ပါတယ်။

အဖေ လုပ်သူကတော့ မြေပေါ်ထိုင်ရင်း ကန်တော့မဲ့ပုံ လုပ်တော့ သားဖြစ်သူဟာ အဖေ ဒါဘာလုပ်တာလဲ
လို့မေရင်း မကန်တော့ဖို့ တားပါတယ် ဒါနဲ့ အဖေ ထင်းခုတ်သမားကြီးက ဟ... သားရ အသက်သခင်ကျေးဇူး ရှင်ကို ကန်တော့ရတယ် မကန်တော့ပဲ မနေကောင်းဘူး လို့ ပြောရင်း ထပ်ကန်တော့ဖို့ ကြိုးစားပါတယ် ဒါနဲ့ သား ဖြစ်သူလဲ တားဆီးရင်း အကြံထုတ်ရတာပေါ့ ။
ဒီလိုနဲ့ အကြံရတော့ အဖေကျေးဇူးတင်တာ မှားနေပြီဗျ တကယ်က အဖေ့ ကို ခုလို ကယ်နိုင်အောင် အမေ ကကျနော့်ကို မွေးခဲ့တာလေ အမေသာ မမွေးခဲ့ရင် အဖေ့ ကို ခုလိုကယ်နိုင်မှာ မဟုတ်ဘူး ဗျ ဒီတော့ တစ် ကယ် ကျေးဇူးရှိတာ အမေပါ ကျေးဇူးတင်ချင်ရင် အမေ့ကိုသာ တင်ပါ အမေ့ကိုသာ ကန်တော့ပါလို့ ပြောလိုက် ပါ တယ်။ 



အဖေ ထင်းခုတ် သမားကြီးဟာ လူရိုးလဲဖြစ်ပြန် ကွေ့ကွေ့ကောက်ကောက်လဲ မစဉ်းစား တတ်တော့ သားပြောတာကို ခေါင်းလေး တစ်ညိမ့်ညိမ့်နဲ့ လက်ခံရင်း ခုတ်ပြီးသားထင်းတွေ ကောက်ပြီး ရွာကိုပြန်ကြ ပါတယ်။ 
ဒီလိုနဲ့ အိမ်ရောက်တော့ အဖေ ထင်းခုတ်သမားကြီးကနေပြီး ရှင်မရေ လာပါဦးဟ လို့ ခေါ်လိုက်ပြီး အိမ်ခေါင်း ရင်းက သင်ဖြူးဖျာပေါ်ထိုင် ခိုင်းလိုက်ပါတယ်။ ဒီတော့ အိမ်ရှင်မလဲ ယောင်နန နဲ့ ထိုင်လိုက်ပါတယ်။ ထင်းခုတ် သမားကြီးဟာ အိမ်ရှင်မရှေ့မှာ ပုဆစ်တုတ်ထိုင်ရင်း ကန်တော့ဖို့ပြင်တော့ အိမ်ရှင်မလဲသဘော
ပေါက်ပြီး အူးယားဖားရားနဲ့ တားတာပေါ့။ 


ဒီလိုနဲ့ အိမ်ရှင်မက ဘာကြောင့်ရှိခိုးတာလဲ မေးတော့ ထင်းခုတ် သမားကြီးက တောထဲက အဖြစ် သနစ်တွေရှင်းပြတာပေါ့ ရှင်မသာ ဒီသားကိုမမွေးခဲ့ရင် ငါတော့ကျား ကိုက်သေ မှာပဲ လို့ပြောပြတာပေါ့ 
ဒီတော့မှ အိမ်ရှင်မကနေပြီး ဟက်ဟက် ပက်ပက် ရယ်ရင်း ကိုရင်ရယ် ရှင်ကများ ကျမကို များကြံဖန်ကျေးဇူး တင်ရတယ်လို့တော် အံ့ပါရဲ့ တစ်ကယ်က ကျမ တစ်ယောက် အစွမ်း နဲ့ ဒီသားကိုမွေးနိုင်ပါ့မလား တော် ရဲ့ ရှင့် ကြောင့် ဒီသားလေးရလာတာတော့်.................ပုံပြင်လေးကတော့ ဒါပါပဲဗျာ။
 
ကဲ....ဒီတော့ ...... အကိုကြီး၊ အမကြီး၊ ညီလေး ညီမလေးတို့ရေ အဖေ့ကျေးဇူးလဲ မမေ့ကြနဲ့ဦးဗျ သူသာ မရှိရ င် ကျနော်တို့ လူဖြစ်လာမှာ မဟုတ်ဘူးဗျနော်။




S.M.M.........Copy...
From...Facebook

5 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. SMM showcasing is very significant taking everything into account. These administrations are very significant for the development of any business out there. Thusly, overseeing notices cautiously is very significant. In case you are on a severe spending plan and you have a bustling timetable.Read More

    ReplyDelete