Wednesday, December 18, 2013

ပျော် ဝင် နေ တဲ့ အ သံ { ကဗျာ }

ပျော် ဝင် နေ တဲ့ အ သံ  . အိပ်မက်တွေအရွယ်မရောက်ခင် ချစ်ခြင်းနဲ့သံယောဇဉ်ဟာ ကွာရှင်းပြတ်ဆဲလိုက်ကြတယ် ခဏလေးပါဆိုတဲ့စကား ခပ်ခါးခါး ကြားနေရတုန်း ဆိုလက်စသီချင်းအတွက် ပြတ်နေတဲ့ကြိုးတွေလည်းမဆတ်ဖြစ်ခဲ့   အနံ့အသက်တွေဖြတ်ပြေးနေတဲ့ နံနက်ခင်းတိုင်း  အနံ့သေပန်းတွေလိုက်ကောက်ရင်း အတိတ်ကိုမူးမေ့နိုင်တဲ့အထိ အားပါးတရရှုရှိုက်လိုက်ပေါ့ မရှိလို့ မသိတော့သူအတွက် တစ်ဖျတ်ဖျတ်လှုပ်နေတဲ့မျက်တောင်တွေ  ရင်ထုလို့တောင်မနာတော့တဲ့ ရင်ထဲက အနာဟာ သူ့ ကိုရင်မနာခဲ့ဘူး အလွမ်းပြေထုတ်ကြည့်စရာ ပုံတူလေးတစ်ခုတောင်မထားခဲ့တော့ ရွက်ခြောက်တွေပြေးလွှားတာတောင် သူအထင်နှင့်မြင်ယောင်မှားခဲ့တယ်  ချစ်ခွန်းချိုချိုလေးတွေ လွှတ်ချခဲ့ဖူးတဲ့ ငါ့နှုတ်ဖျားဟာ ခုထက်ထိ  သတိတရလွတ်ကျနေတုန်း ကျွမ်းထိုးနေတဲ့နာရိီလက်တံဟာ ငါ့အတွက်အဖျော်ဖြေခံတေးလား အိပ်မက်မပါတဲ့ညတွေလိုချင်လွန်းလို့ စိတ်အမှောင်ကိုရိုက်ခွဲပစ်လိုက်တယ်....                လေသွေးညို .


အိပ်မက်တွေ အရွယ်မရောက်ခင်
ချစ်ခြင်းနဲ့သံယောဇဉ်ဟာ
ကွာရှင်းပြတ်စဲ လိုက်ကြတယ်
ခဏလေးပါ ဆိုတဲ့စကား
ခပ်ခါးခါး ကြားနေရတုန်း
ဆိုလက်စ သီချင်းအတွက်
ပြတ်နေတဲ့ကြိုးတွေလည်း မဆက်ဖြစ်ခဲ့ ......

အနံ့အသက်တွေဖြတ်ပြေးနေတဲ့
နံနက်ခင်းတိုင်း
အနံ့သေ ပန်းတွေလိုက်ကောက်ရင်း
အတိတ်ကို မူးမေ့နိုင်တဲ့အထိ
အားပါးတရ ရှုရှိုက်လိုက်ပေါ့
မရှိလို့ မသိတော့သူအတွက်
တစ်ဖျတ်ဖျတ်လှုပ်နေတဲ့မျက်တောင်တွေ.......
 
 

ရင်ထုလို့တောင်မနာတော့တဲ့
ရင်ထဲက အနာဟာ
သူ့ ကိုရင်မနာခဲ့ဘူး
အလွမ်းပြေ ထုတ်ကြည့်စရာ
ပုံတူလေးတစ်ခုတောင် မထားခဲ့တော့
ရွက်ခြောက်တွေပြေးလွှားတာတောင်
သူအထင်နှင့် မြင်ယောင်မှားခဲ့တယ်......

ချစ်ခွန်းချိုချိုလေးတွေ
လွှတ်ချခဲ့ဖူးတဲ့ ငါ့နှုတ်ဖျားဟာ
ခုထက်ထိ
သတိတရ လွတ်ကျနေတုန်း
ကျွမ်းထိုးနေ တဲ့နာရိီလက်တံဟာ
ငါ့အတွက် အဖျော်ဖြေခံတေးလား
အိပ်မက်မပါတဲ့ညတွေလို ချင်လွန်းလို့
စိတ်အမှောင် ကိုရိုက်ခွဲပစ်လိုက်တယ်....
 
လေသွေးညို

No comments:

Post a Comment