Thursday, December 26, 2013

အခြေခံလူတန်းစားများနှင့် အိုးအိမ်ပိုင်ဆိုင်မှု မရှိသေးသည့် လူတန်းစားများ ဝယ်ယူနိုင်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ

 

Date: 25/12/2013

အခြေခံလူတန်းစားများနှင့် အိုးအိမ်ပိုင်ဆိုင်မှု မရှိသေးသည့် လူတန်းစားများ ဝယ်ယူနိုင်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော် ဆောက်လုပ်ရန် လိုအပ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ပြောကြားခဲ့သည်။
ယခုလက်ရှိတွင် ဆောက်လုပ်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်းဈေးနှုန်းများမှာ ကြီးမားနေ သေးကြောင်း၊ အရစ်ကျ ဝယ်ယူရန်အတွက် ပေးသွင်းရမည့် ငွေပမာဏမှာလည်း အဆမတန် များပြားနေကြောင်း နှင့်အမှန်တကယ် အိမ်ဝယ်လိုသူ အခြေခံလူတန်းစားများ ဝယ်ယူနိုင်သည့် အနေအထားတွင် မရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောကြားခဲ့သည်။


ရန်ကုန်မြို့အတွင်းရှိ လက်ရှိအိမ်ခြံမြေ ဈေးနှုန်းများမှာ မြင့်မားနေပြီး လက်ရှိ တိုက်ခန်း တစ်ခန်း၏ အနိမ့်ဆုံး ဈေးနှုန်းမှာပင် အခြေခံလူတန်းစားများ၏ ဆယ့်ငါးနှစ်လုပ်ခလစာနှင့် ညီမျှနေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက တွက်ပြခဲ့သည်။ 
 ''တန်ဖိုးနည်း အိမ်ရာဆိုတာက အိုးပိုင်၊ အိမ်ပိုင်မရှိသေးတဲ့ သူတွေ အတွက် ရည်ရွယ်ဆောက် ရတာ။ ပြီးတော့ ဈေးနှုန်းက အခြေခံလူတန်းစား ဝယ်နိုင်တဲ့ ဈေးနှုန်းဖြစ်ရမယ်။ အရစ်ကျပေးသွင်း ရမယ့် ငွေကလည်း အခြေခံလူတန်း စားတွေ ပေးသွင်းနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးမဖြစ်တဲ့ငွေဖြစ်ဖို့လိုတယ်။ 
အဲဒီလိုတန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွေ လိုနေတယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွင် လုပ်ကိုင်သူ ဦးသန်းလွင်က ပြောကြားခဲ့သည်။ အခြေခံ လူတန်းစားများအတွက် ရည်ရွယ်၍ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ် ရောင်းချရာတွင်လည်း အရှေ့တောင်အာရှ နိုင်ငံများတွင် ကျင့်သုံးရောင်းချသည့် ပုံစံများကို စံနမူနာယူသင့် ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
 From...Search Myanmar

No comments:

Post a Comment