Saturday, December 28, 2013

နှစ်သစ်ကူးနေ့ညတွင် အင်းလျားကန်ပေါင်ကို ည ၁၁ နာရီအထိ ဖွင့်မည်


နှစ်သစ်ကူးနေ့ညတွင် အင်းလျားကန်ပေါင်ကို ည ၁၁ နာရီအထိ ဖွင့်မည်ဖြစ်ပြီး ကန်ပေါင်ပေါ်ရှိ ပစ္စည်းများ ဖျက်ဆီးပါက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူမည်  နှစ်သစ်ကူးနေ့ညတွင် ပြည်လမ်းနှင့် ကမ္ဘာအေး စေတီလမ်းတို့ရှိ အင်းလျားကန်ပေါင် နှစ်ခုစလုံးကို ည ၁၁ နာရီအထိ ဖွင့်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ သတင်းရရှိသည်။ ပုံမှန်အားဖြင့် အင်းလျားကန်ပေါင် နှစ်ခုစလုံးတွင် နေ့စဉ် နံနက် ၄ နာရီမှ ည ၉ နာရီအထိသာ တက်ရောက်ခွင့် ပြုထားကြောင်း၊ နှစ်စဉ်နှစ်သစ်ကူးနေ့ ညများတွင် အင်လျားကန်ပေါင် နှစ်ခုစလုံးကို ပုံမှန် ညကိုးနာရီ၊ ၁၀ နာရီအထိ ဖွင့်လှစ်ပေးထားလေ့ရှိပြီး ယင်းအချိန်နောက်ပိုင်း ကန်ပေါင်ပေါ်သို့ မည်သူ့ကိုမျှ တက်ခွင့်မပေးတော့ကြောင်း၊ ယခုနှစ်တွင် ည ၁၁ နာရီအထိ တက်ခွင့်ပေးမည်ဖြစ်ပြီး ၁၁ နာရီ နောက်ပိုင်း ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။ ယင်းနေ့ညတွင် ကန်ပေါင်နှစ်ခုစလုံး၌ ပုံမှန်လုံခြုံရေး အတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုံခြုံရေး တိုးမြှင့်ထားခြင်း မရှိကြောင်း၊ အပျော်လွန်၍ ကန်ပေါင်ပေါ်ရှိ ခုံတန်းများ၊ အမှိုက်ပုံးများ စသည်တို့ကို ဖျက်ဆီးပါက ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှုပုဒ်မဖြင့် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခုနှစ် ဇူလိုင် ၂ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန် အင်းလျားကန်ပေါင် (ပြည်လမ်း)ပေါ်ရှိ အမှိုက်ပုံးများနှင့် အမှိုက်ပုံးတင် စင်များအား ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးအား ကန်ပေါင်လုံခြုံရေး ၀န်ထမ်းများ၊ ကန်ပေါင်ပေါ်ရှိ ဆိုင်အလုပ်သများနှင့် အများပြည်သူအချို့မှ ၀ိုင်းဝန်းဖန်းဆီးခဲ့သဖြင့် ဖမ်းမိခဲ့ပြီး ညတွင်းချင်း လှိုင်မြို့နယ် ရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန)မှ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။ ယင်းနေ့ညတွင် ရန်ကုန်မြို့ရှိ အခြားအပန်းဖြေ ဥယျာဉ်နှင့် ပန်းခြံများကိုလည်း ဖွင့်မည်မဟုတ်ကြောင်း ယင်းတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။  (ပြည်လမ်းရှိ အင်းလျားကန်ပေါင်တွင် ညပိုင်းလာရောက် အပန်းဖြေ နေသူများအား တွေ့ရစဉ် (ဥာဏ်ဝင်းရှိန်))
 
ပြည်လမ်းရှိ အင်းလျားကန်ပေါင်တွင် ညပိုင်းလာရောက် အပန်းဖြေ နေသူများအား တွေ့ရစဉ် (ဥာဏ်ဝင်းရှိန်)
နှစ်သစ်ကူးနေ့ညတွင် အင်းလျားကန်ပေါင်ကို ည ၁၁ နာရီအထိ ဖွင့်မည် ဖြစ်ပြီး ကန်ပေါင်ပေါ်ရှိ ပစ္စည်းများ ဖျက်ဆီးပါက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူမည်

နှစ်သစ်ကူးနေ့ညတွင် ပြည်လမ်းနှင့် ကမ္ဘာအေး စေတီလမ်းတို့ရှိ အင်းလျားကန်ပေါင် နှစ်ခုစလုံးကို ည ၁၁ နာရီအထိ ဖွင့်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများ ဌာနမှ သတင်းရရှိသည်။
 

ပုံမှန်အားဖြင့် အင်းလျားကန်ပေါင် နှစ်ခုစလုံးတွင် နေ့စဉ် နံနက် ၄ နာရီမှ ည ၉ နာရီအထိသာ တက်ရောက် ခွင့် ပြုထားကြောင်း၊ နှစ်စဉ်နှစ်သစ်ကူးနေ့ ညများတွင် အင်လျားကန်ပေါင် နှစ်ခုစလုံးကို ပုံမှန် ညကိုးနာရီ၊ ၁၀ နာရီအထိ ဖွင့်လှစ်ပေးထားလေ့ရှိပြီး ယင်းအချိန်နောက်ပိုင်း ကန်ပေါင်ပေါ်သို့ မည်သူ့ကိုမျှ တက်ခွင့် မပေးတော့ကြောင်း၊ ယခုနှစ်တွင် ည ၁၁ နာရီအထိ တက်ခွင့်ပေးမည်ဖြစ်ပြီး ၁၁ နာရီ နောက်ပိုင်း ပိတ်ထား မည် ဖြစ်ကြောင်း သိရသည်။

ယင်းနေ့ညတွင် ကန်ပေါင်နှစ်ခုစလုံး၌ ပုံမှန်လုံခြုံရေး အတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုံခြုံရေး တိုးမြှင့် ထားခြင်း မရှိကြောင်း၊ အပျော်လွန်၍ ကန်ပေါင်ပေါ်ရှိ ခုံတန်းများ၊ အမှိုက်ပုံးများစသည်တို့ကိုဖျက်ဆီး ပါက ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှုပုဒ်မဖြင့် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် စည် ပင် သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာနမှတာဝန် ရှိသူတစ်ဦး က ပြောကြား သည်။
 
ယခုနှစ် ဇူလိုင် ၂ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန် အင်းလျားကန်ပေါင် (ပြည်လမ်း)ပေါ်ရှိ အမှိုက်ပုံးများနှင့် အမှိုက်ပုံးတင် စင်များအား ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးအား ကန်ပေါင်လုံခြုံရေး ၀န်ထမ်းများ၊ ကန်ပေါင်ပေါ်ရှိ ဆိုင် အလုပ်သများနှင့် အများပြည်သူ အချို့မှ ၀ိုင်းဝန်းဖန်းဆီးခဲ့ သဖြင့် ဖမ်းမိခဲ့ပြီး ညတွင်းချင်း လှိုင်မြို့နယ် ရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန)မှ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။
 
ယင်းနေ့ညတွင် ရန်ကုန်မြို့ရှိ အခြားအပန်းဖြေ ဥယျာဉ်နှင့် ပန်းခြံများကိုလည်း ဖွင့်မည်မဟုတ်ကြောင်း ယင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 From...Eleven Media Group
 

No comments:

Post a Comment