Sunday, December 29, 2013

" သွေး အ တွက် သွေး အ သား အ တွက် ဓား "

"  သွေး အ တွက် သွေး      အ သား အ တွက် ဓား " . ခွင့်လွှတ်ပေးပါ ဧရာဝတီ သမိုင်းတစ်ခုလုံးကိုထမ်းထားတဲ့ ခင်ဗျားကျေးဇူးတရားအတွက် ကျူပ်ဟာ ကဗျာတစ်ပုဒ်မဖြစ်ခဲ့သူ  ခင်ဗျားရဲ့ ခမ်းနားတဲ့ကမ်းပါးတွေကို မျက်ကန်းသူတွေဘယ်မြင်ပါ့မလဲ ခင်ဗျားရဲ့အလှဟာ ခုထိကမ္ဘာကငေးလို့  နေဝင်ချိန်ကိုမြင်ဖူးနေကျခင်ဗျားက ကိုယ့်ဘဝနေဝင်ချိန်ကို မကြောက်တတ်ခဲ့တာဆန်းလား ကျူပ်တို့ရင်ထဲနစ်ဝင်နေတဲ့ ခင်ဗျားသွေးတွေအတွက် ကျူပ်တို့ပြန်မဆပ်နိုင်သရွေ့ ကျူပ်တို့လူဖြစ်ရကျိုးမနပ်ချင်ဘူး  ဒါဟာအိပ်မက်ထဲ ထအော်နေတာမဟုတ် ပြည်သူတစ်ရပ်လုံးရဲ့ သွေးစစ်စစ်တွေလည်းပါတယ် မိုက်မဲသူတွေခုတ်ထစ်မှုအောက် တစ်စစီကောက်မရတဲ့ ခင်ဗျားအသွေးအသားအတွက် ကျူပ်တို့မျက်စိမှိတ်ကြည့်နေရတယ်  ခင်ဗျားဝမ်းဗိုက်ထဲက ကျူပ်တို့အသက်ရှူသံတွေဟာ ခု မုန်တိုင်းထန်နေပြီ တစ်ဘို့တည်းသမားတို့ရဲ့ အာဏာခွာအောက်မှာ ကျူပ်တို့ဘဝတွေအဖျောက်ခံရတော့မယ်  တသွင်သွင်စီးမှုဟာရပ် လယ်မြေအတိတွေဟာ ပက်ကြားအက်ရတော့မယ် ရေနည်းငါးတို့အတွက် မိုးပိုခေါင်လာတော့မယ်  ပျက်သွားမယ့်သမိုင်းအတွက် နောက်ထပ်သမိုင်းတစ်ရပ်မှာ ကျူပ်တို့မငိုချင်ဘူး ဧရာဝတီဆိုတဲ့အမည်နာမဟာ ကျူပ်တို့တိုင်းပြည်ရဲ့တံခါးတစ်ချပ် ဘယ်လိုမှပျက်လို့မဖြစ်ဘူး  ဘယ်သူသေသေ ငတေမာပြီးရောဆိုသူတွေထဲ ကျူပ်တို့ ချော်လဲလို့တောင် ရောထိုင်မနေချင်ဘူး ဒါဟာ ကျူပ်တို့လက်မောင်းထဲက အရောင်မပြောင်းတဲ့  သွေး ဘာနဲ့ဆေးဆေးမပြောင်နိုင်ဘူး  ခွင့်မလွှတ်ပါနဲ့ နှစ်ကာလတွေကြာကြာ ပေးဆပ်နစ်နာပြီးပြီပဲ ခင်ဗျားခွင့်မလွှတ်နဲ့တော့   ခင်ဗျားသွေးအတွက် ကျူပ်တို့သွေးတွေရဲမယ် ခင်ဗျားအသားအတွက် ကျူပ်တို့မှာဓားတွေရှိတယ် ခင်ဗျားသမိုင်းမရိုင်းခဲ့ကြောင်း ကျူပ်တို့ကဗျာကောင်းကောင်းရေးခဲ့မယ်...        လေသွေးညို .

ခွင့်လွှတ်ပေးပါ ဧရာဝတီ
သမိုင်းတစ်ခုလုံးကိုထမ်းထားတဲ့
ခင်ဗျားကျေးဇူး တရားအတွက်
ကျူပ်ဟာ ကဗျာတစ်ပုဒ် မဖြစ်ခဲ့သူ ...

ခင်ဗျားရဲ့
ခမ်းနားတဲ့ကမ်းပါးတွေကို
မျက်ကန်းသူတွေဘ ယ်မြင်ပါ့မလဲ
ခင်ဗျားရဲ့အလှဟာ
ခုထိ ကမ္ဘာကငေးလို့....

နေဝင်ချိန်ကိုမြင်ဖူးနေကျခင်ဗျားက
ကိုယ့်ဘဝနေဝင်ချိန်ကို
မကြောက်တတ်ခဲ့တာ ဆန်းလား
ကျူပ်တို့ရင်ထဲ နစ်ဝင်နေတဲ့
ခင်ဗျားသွေးတွေအတွက်
ကျူပ်တို့ပြန် မဆပ်နိုင်သရွေ့
ကျူပ်တို့လူဖြစ်ရကျိုး မနပ်ချင်ဘူး....



ဒါဟာအိပ်မက်ထဲ
ထအော်နေတာမဟုတ်
ပြည်သူတစ်ရပ်လုံးရဲ့
သွေးစစ်စစ်တွေလည်း ပါတယ်
မိုက်မဲသူတွေ ခုတ်ထစ်မှုအောက်
တစ်စစီကောက်မရတဲ့
ခင်ဗျားအသွေး အသားအတွက်
ကျူပ်တို့မျက်စိမှိတ် ကြည့်နေရတယ်.....

ခင်ဗျား ဝမ်းဗိုက်ထဲက
ကျူပ်တို့ အသက်ရှူသံတွေဟာ
ခု မုန်တိုင်းထန်နေပြီ
တစ်ဘို့တည်း သမားတို့ရဲ့
အာဏာခွာအောက်မှာ
ကျူပ်တို့ဘဝတွေ အဖျောက်ခံရတော့မယ်........

တသွင်သွင်စီးမှုဟာရပ်
လယ်မြေအတိတွေဟာ
ပက်ကြားအက်ရတော့မယ်
ရေနည်းငါးတို့အတွက်
မိုးပိုခေါင်လာတော့မယ်.......

ပျက်သွားမယ့် သမိုင်းအတွက်
နောက်ထပ် သမိုင်းတစ်ရပ်မှာ
ကျူပ်တို့ မငိုချင်ဘူး
ဧရာဝတီဆိုတဲ့ အမည်နာမဟာ
ကျူပ်တို့တိုင်းပြည်ရဲ့ တံခါးတစ်ချပ်
ဘယ်လိုမှ ပျက်လို့မဖြစ်ဘူး........

ဘယ်သူသေသေ
ငတေမာပြီးရော ဆိုသူတွေထဲ
ကျူပ်တို့ ချော်လဲ လို့တောင်
ရောထိုင် မနေချင်ဘူး
ဒါဟာ ကျူပ်တို့ လက်မောင်းထဲက
အရောင်မပြောင်းတဲ့ သွေး
ဘာနဲ့ဆေးဆေး မပြောင်နိုင်ဘူး.....

ခွင့်မလွှတ်ပါနဲ့
နှစ်ကာလတွေကြာကြာ
ပေးဆပ်နစ်နာပြီးပြီပဲ
ခင်ဗျား ခွင့်မလွှတ်နဲ့တော့.....


ခင်ဗျားသွေးအတွက်
ကျူပ်တို့သွေးတွေရဲမယ်
ခင်ဗျား အသားအတွက်
ကျူပ်တို့မှာ ဓားတွေရှိတယ်
ခင်ဗျားသမိုင်း မရိုင်းခဲ့ကြောင်း
ကျူပ်တို့ ကဗျာကောင်းကောင်းရေးခဲ့မယ်...
 
လေသွေးညို



No comments:

Post a Comment