Tuesday, December 24, 2013

ဆီးဂိမ်းပရိသတ်များကို ဖမ်းစားခဲ့သော ပြကွက်ရှစ်ကွက်

ဆီးဂိမ်းပရိသတ်များကို ဖမ်းစားခဲ့သော ပြကွက်ရှစ်ကွက် ----------------- ရေးသားသူ- သတင်းအဖွဲ့  အရှေ့တောင်အာရှတွင် အကြီးကျယ်ဆုံးအားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲကြီးကို (၄၄)နှစ်အကြာမှ ပြန်လည်ကျင်းပခွင့်ရသော မြန်မာတို့က အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ယှဉ်ပြိုင်ခဲ့သော အားကစားနည်း ၃၇ မျိုး၏ ပြိုင်ပွဲများပြီးသွားသော်လည်း ပရိသတ်များ၏အာရုံကို ဖမ်းစားနေသော ပြကွက်များက  အမြောက်အမြားကျန်ရှိခဲ့သည်။ ပြိုင်ပွဲတွင် မြန်မာကစားသမားများ၏ အကောင်းဆုံးယှဉ်ပြိုင်ခဲ့မှုများနှင့် အညံ့ဆုံးယှဉ်ပြိုင်ခဲ့မှုများထဲမှအချို့ကို ပရိသတ်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။  ရိုးရာလှေကို အင်ဂျင်တပ်မောင်းသကဲ့သို့ လှော်ပြသူများ  မြန်မာအသင်း ရွှေတံဆိပ် ၁၄ ခုထိ ရယူပေးနိုင်ခဲ့သော ရိုးရာလှေလှော်ပြိုင်ပွဲများ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် အမျိုးသား၊ အမျိုးသမီးပေါင်း တက် ၂၀ လှော်မီတာ ၂၀၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက နောက်ဆုံးပန်းဝင်ခါနီး မယုံကြည်နိုင်လောက်ဖွယ် အမြန်နှုန်းဖြင့် ပြိုင်ဘက်များကို ကျော်ဖြတ်ဗိုလ်စွဲခဲ့သောအချိန်ကို မေ့ရန်မဖြစ်နိုင်ပါ။  မြန်မာအသင်းက အင်ဒိုနီးရှားအသင်းနောက်ရောက်နေရာမှ နောက်ဆုံးပန်တိုင်သို့ဝင်ခါနီးတွင် နောက်မှလိုက်၍ ကျော်တက်ကာ အနိုင်ရခဲ့ပြီး ပရိသတ်များ အံ့သြသွားအောင် စွမ်းဆောင်ပြလိုက်သည်။ မြန်မာအသင်းက ပန်းဝင်ချိန်တွင် ၇ မိနစ်နှင့် ၄၄ စက္ကန့်ဖြင့်ဝင်ရောက်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက ၇ မိနစ် ၄၇ စက္ကန့်ဖြင့် ၀င်ရောက်ခဲ့သောကြောင့် မြန်မာအသင်းက သုံးစက္ကန့် အသာဖြင့် အနိုင်ရ၍ ရွှေတံဆိပ်ဆုရရှိခဲ့သည်။  ယင်းပြိုင်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် ပထမဦးဆုံးအကြိမ် လာရောက်အားပေးခဲ့ပြီး ကိုယ်တိုင်ဆုချီးမြှင့်ခဲ့သည်။  ပရိသတ်ကိုစိတ်ပျက်စေသော စောငမန်း  မွေလက်ဝှေ့ ၇၅ ကီလိုတန်းတွင် ဘိုင်ရထားမှုကြောင့် တစ်ပွဲမှမထိုးရဘဲ ဗိုလ်လုပွဲတစ်ပွဲသာ ယှဉ်ပြိုင်ရသော နာမည်ကြီးစောငမန်း၏ ရင့်ကျက်မှုမရှိဘဲ အခွင့်အရေးကိုဖြုန်းတီးမှုမှာ မြန်မာပရိသတ်များ မချင့်မရဲဖြစ်စေခဲ့သည်။ စောငမန်းနှင့် မလေးရှားကစားသမား ဘင်ရမ်လီတို့ပွဲတွင် ပထမအချီနှင့် ဒုတိယအချီ၌ စောငမန်းက အမှတ်အသာရအောင် စွမ်းဆောင်နိုင်ပါလျက် ဒုတိယအချီတွင် ဘင်ရမ်လီမှာ စောငမန်းခြေကန်ချက်ကြောင့် ဖင်ထိုင်လဲကျနေစဉ် စောငမန်းက ခေါင်းကို နောက်မှပိတ်ကန်ကာ ပြစ်ဒဏ်ကျူးလွန်ခဲ့သည်။ ထိုပြစ်ဒဏ်ကျူးလွန်မှုကြောင့်ပင် ပရိသတ်များအားလုံးက နိုင်မည်ဟုခန့်မှန်းထားသော စောငမန်းမှာ အမှတ်လျှော့ခံရပြီး ရှုံးနိမ့်ခဲ့၍ ပရိသတ်များစိတ်ပျက်ခဲ့ရသည်။  ထွန်းထွန်းမင်း၏ ပြင်းထန်လှသောခြေကန်ချက်  မွေလက်ဝှေ့ပြိုင်ပွဲဗိုလ်လုပွဲစဉ်များအနက် အမျိုးသား ၇၀ ကီလိုတန်းတွင် ထွန်းထွန်းမင်းက ပြိုင်ဘက်အင်ဒိုနီးရှားအားကစားသမား အင်ဒရာအာရှရှိ၏လည်မျိုကို ဒုတိယအချီအရောက်၌ ပြင်းထန်လှသောခြေကန်ချက်ဖြင့် ကန်လိုက်ရာ အင်ဒိုကစားသမားအရုပ်ကြိုးပြတ်လဲကျပြီး သတိလစ်သွားခဲ့သည်။ ချက်ကောင်းကို အားပါလှသော ခြေကန်ချက်ထိသွား၍ ပရိသတ်များပင် အင်ဒိုကစားသမား၏ အသက်အန္တရာယ်ကို ပူပန်ခဲ့ကြရသည်။ ကြိုးဝိုင်းအတွင်း သတိလစ်သွားရာ ရှေးဦးသူနာပြုများ ၀ိုင်းဝန်းပြုစုပြီး အင်ဒရာ သတိပြန်ရလာမှ ပရိသတ်များ သက်ပြင်းချနိုင်သည်။ နိုင်ငံအတွက် ရွှေဆုကို ထိုက်ထိုက်တန်တန်ရယူပေးခဲ့ပြီး မွေလက်ဝှေ့နည်းဖြင့် ယှဉ်ပြိုင်ရာမှာပင် မြန်မာ့လက်ဝှေ့၏ မာဂုဏ်ကိုပြနိုင်ခဲ့၍ မြန်မာ့လက်ဝှေ့ပရိသတ်များ ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့သည်။  အမျိုးသားဘောလုံးအသင်းနှင့် အခါးသီးဆုံးည  ဆီးဂီမ်းအမျိုးသား ယူ-၂၃ ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်းကို သရေကျလျှင်ပင် အကြိုဗိုလ်လုပွဲတက်မည်ဖြစ်ပါလျက် စိတ်ပျက်ဖွယ်ခြေစွမ်းဖြင့်ကစားပြီး တစ်ဂိုးတည်းဖြင့်ကပ်ရှုံးကာ ပြိုင်ပွဲမှထွက်ခဲ့ရသော ဒီဇင်ဘာ ၁၆ ရက် ညသည် မြန်မာနိုင်ငံအတွက် အခါးသီးဆုံးညဖြစ်ခဲ့သည်။ ထိပ်တိုက်တွေ့ဆုံမှုဖြင့် ဆုံးဖြတ်မည်ကို ပွဲပြီးမှသိသည်ဟုဆိုသော နည်းပြချုပ်ပတ်ဆောင်ဟွာ၏ အံ့သြဖွယ်လွဲချော်၊ ညံ့ဖျင်းမှု၊ လူထုတ်ပုံအမှား၊ ရှေ့တွင်ကန်ခဲ့သောသုံးပွဲတွင် အကောင်းဆုံးခြေစွမ်းနှင့် ရမှတ်တို့ရထားသည့် မြန်မာယူ-၂၃ အသင်းမှာ ကွင်းလုံးပြည့်အားပေးနေသည့် ပရိသတ်ရှေ့တွင် သူရဲဘောကြောင်စွာကစားခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။ တစ်နိုင်ငံလုံးမှ ဘောလုံးပရိသတ်များ ယူကျုံးမရသည်မှာ ခြေစွမ်းရှိပါလျက် ပုံမှန်ခြေစွမ်းကို မပြသနိုင်ဘဲ အင်ဒိုနီးရှားကို ခြေရှုံး၊ ဂိုးရှုံးဖြင့် ပြိုင်ပွဲမှထွက်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ပရိသတ်အချို့ စိတ်မထိန်းနိုင်ဘဲ ကွင်းထဲအထိဝင်ရောက်ခြင်း၊ ၀တ်ထားသော ဘောလုံးအင်္ကျီနှင့် ဆိုင်းဘုတ်များကို မီးရှို့ခြင်း စသည့်ရမ်းကားမှုများကို ပြုလုပ်ခဲ့ကြသည်။  ပိုက်ကျော်ခြင်းနှစ်ယောက်တွဲ အသင်းလိုက် ဗိုလ်လုပွဲပြကွက်  ပိုက်ကျော်ခြင်းအမျိုးသားနှစ်ယောက်တွဲ အသင်းလိုက် နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ တွေ့ဆုံခဲ့ပြီး နောက်ဆုံးပွဲစဉ် နောက်ဆုံးအချိန်အထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ပရိသတ်များကို အကောင်းဆုံးတင်ဆက်ခဲ့သည်။  ဒီဇင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်သော ပိုက်ကျော်ခြင်းဗိုလ်လုပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့၏ ပထမပွဲစဉ်တွင် မြန်မာအသင်းအမှားကြောင့် အင်ဒိုနီးရှားအသင်းကို နောက်ဆုံးအချိန်ထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီးမှ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ဖြင့် အနိုင်ရကာ ရွှေတံဆိပ်ဆုရရှိခဲ့သည်။  ထိုပွဲကို လူ ၅၀၀၀ ဆံ့ ၀ဏ္ဏသိဒ္ဓိအားကစားရုံ (ခ)အပြည့် ပရိသတ်များ လာရောက်အားပေးခဲ့ကြသည်။  မြန်မာအမျိုးသမီးဘောလုံးအသင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်  ဆီးဂီမ်းအမျိုးသမီးဘောလုံးအကြိုဗိုလ်လုပွဲတွင် မြန်အသင်းမှာ ထိုင်း၏ အကြိမ်ကြိမ်ဦးဆောင်ဂိုးသွင်းမှု ခံခဲ့ရသော်လည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် အရှုံးမပေးဘဲ အကြိမ်ကြိမ်ပြန်လည်ချေပကာ ပယ်နယ်တီအဆုံးအဖြတ်ခံယူရသည်အထိ သုံးနာရီကျော်ကြာ အသံမဲ့တိုက်ပွဲတွင် ရဲရဲတောက်စိတ်ဓာတ်ကို ပြသနိုင်ခဲ့၍ တစ်နိုင်ငံလုံးက ဂုဏ်ပြုခဲ့ရသည်။ ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျပြီး အချိန်ပိုတွင် တစ်ဂိုးစီထပ်သွင်း၍ ပယ်နယ်တီဆုံးဖြတ်ရာ ကိုးလုံးစီအထိ ကန်ရာတွင်မှ မြန်မာက ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ရှုံးပွဲကြောင့် ယူကျုံးမရငိုကြွေးနေသော မြန်မာဘောလုံးအမျိုးသမီးအသင်း၏ အားကစားသမားပီသသော စိတ်ဓာတ်၊ နောက်ဆုံးအချိန်အထိ အနိုင်မခံအရှုံးမပေး တိုက်ပွဲဝင်စိတ်ဓာတ်များကြောင့်  တစ်နိုင်ငံလုံးက အပြစ်မတင်ရက်ဘဲ၊ ပြည်သူကပေးသော ချန်ပီယံဆုကိုပဲ ပေးအပ်ဂုဏ်ပြုလိုက်သည်။ ထိုပွဲအခိုက်အတန့်မှာ ဒေသတွင်းအားကစားပွဲတော်၏ အဓိပ္ပာယ်ကို ပိုမိုလေးနက်စေခဲ့ပြီး ပိုမိုလှပစေခဲ့သည်။  နေသွေးဦးနှင့် ကမ္ဘာချန်ပီယံတို့၏ အားစမ်းပွဲ  ဘိလိယက်အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်တွင် စင်ကာပူနိုင်ငံသား ကမ္ဘာ့ချန်ပီယံနှင့် မြန်မာမှ နေသွေးဦးတို့ ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် နေသွေးဦးက ကမ္ဘာ့ချန်ပီယံကို ရှိန်မနေဘဲ နောက်ဆုံးအချိန်ထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကာ ၂-၃ ပွဲရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ပထမသုံးပွဲအပြီးတွင် နေသွေးဦးက နှစ်ပွဲ-တစ်ပွဲဖြင့် နိုင်နေရာမှ နောက်ဆုံးနှစ်ပွဲတွင် ဘိလိယက်ကမ္ဘာ့ချန်ပီယံကစားသမားကို နှစ်ပွဲဆက်ရှုံးပြီး ရွှေဆုနှင့်လွဲချော်ခဲ့သည်။ ရှုံးနိမ့်ခဲ့သော်လည်း ရုံပြည့်လာရောက်အားပေးကြသော ဘိလိယက်ဝါသနာရှင်များက နေသွေးဦးကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။  ၀ါကာဝါကာတီးလုံးကြားမှ အလှဆုံးကကွက်  ရှာကီရာ၏ ကမ္ဘာကျော် ၀ါကာဝါကာသီချင်းတီးလုံးများဖြင့် လှပလွန်းသော ကြွက်သားများကိုထုတ်ပြကာ ပြိုင်ဘက်များထက် ဖျော်ဖြေမှုပေးပြီး ၉၀ ကီလိုတန်း ကာယဗလဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ခဲ့သော မင်းဇော်ဦး၏ယှဉ်ပြိုင်ဟန်မှာ ဆီးဂိမ်းပရိသတ်များအကြား မေ့ပျောက်နိုင်မည်မဟုတ်ပေ။ ပြိုင်ဘက်အားလုံးနီးပါးမှာလည်း လှပသောကြွက်သားများဖြင့် အကောင်းဆုံးယှဉ်ပြိုင်ချိန်တွင် မင်းဇော်ဦး၏ ဗျူဟာမြောက်စွာ ဖျော်ဖြေမှုအပြည့်ဖြင့် ၀ါကာဝါကာတီးလုံးများအကြား အချိုးကျလိုက်ဖက်ညီစွာ ကြွက်သားများကို ကြွကြွရွရွလှစ်ပြမှုမှာ ကာယဗလပြိုင်ပွဲနှင့် မနီးစပ်သူများကိုပင် အံ့သြမှင်တက် အကြိုက်တွေ့စေခဲ့သည်။ ဆုရရှိသူကြေညာအပြီး ပြိုင်ဘက်ကစားသမားများကပင် မင်းဇော်ဦးကို လေးလေးစားစားဂုဏ်ပြုခဲ့သည့် ပုံရိပ်များမှာလည်း သူ၏အရည်အချင်းကို မှတ်ကျောက်တင်စေခဲ့သည်။  ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
 
 အရှေ့တောင်အာရှတွင် အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲကြီးကို (၄၄)နှစ်အကြာ မှ ပြန်လည်ကျင်းပခွင့်ရသော မြန်မာတို့က အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ 
 
ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ယှဉ်ပြိုင်ခဲ့သော အားကစားနည်း ၃၇ မျိုး ၏ ပြိုင်ပွဲများပြီး သွားသော် လည်း ပရိသတ်များ၏အာရုံကို ဖမ်းစားနေသော ပြကွက်များက အမြောက်အမြားကျန်ရှိခဲ့သည်။ 
 
ပြိုင်ပွဲတွင် မြန်မာကစားသမားများ၏ အကောင်းဆုံးယှဉ်ပြိုင်ခဲ့မှုများနှင့် အညံ့ဆုံးယှဉ်ပြိုင်ခဲ့မှုများ ထဲမှအချို့ ကို ပရိသတ်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ ရိုးရာလှေကို အင်ဂျင်တပ်မောင်းသကဲ့ သို့ လှော်ပြသူများ မြန်မာအသင်း ရွှေတံဆိပ် ၁၄ ခုထိ ရယူပေးနိုင်ခဲ့သော ရိုးရာလှေလှော်ပြိုင်ပွဲများ ၏ နောက် ဆုံး ပွဲစဉ်ဖြစ်သည့် အမျိုးသား၊ အမျိုးသမီးပေါင်း တက် ၂၀ လှော်မီတာ ၂၀၀၀ ပြိုင်ပွဲ တွင် မြန်မာ အသင်းက နောက်ဆုံးပန်းဝင်ခါနီး မယုံကြည်နိုင်လောက်ဖွယ် အမြန်နှုန်းဖြင့် ပြိုင်ဘက်များ ကို ကျော်ဖြတ် ဗိုလ်စွဲခဲ့သောအချိန်ကို မေ့ရန်မဖြစ်နိုင်ပါ။
 
 မြန်မာအသင်းက အင်ဒိုနီးရှား အသင်းနောက်ရောက်နေရာ မှ နောက်ဆုံးပန်တိုင်သို့ ၀င်ခါနီး တွင် နောက်မှ လိုက် ၍ ကျော်တက်ကာ အနိုင်ရခဲ့ပြီး ပရိသတ်များ အံ့သြသွားအောင် စွမ်းဆောင်ပြလိုက် သည်။ မြန်မာ အသင်းက ပန်းဝင်ချိန်တွင် ၇ မိနစ်နှင့် ၄၄ စက္ကန့်ဖြင့်ဝင်ရောက်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက ၇ မိနစ် ၄၇ စက္ကန့်ဖြင့် ၀င်ရောက်ခဲ့သောကြောင့် မြန်မာအသင်းက သုံးစက္ကန့် အသာဖြင့် အနိုင်ရ၍ ရွှေတံဆိပ်ဆု ရရှိခဲ့ သည်။ 
 
ယင်းပြိုင်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် ပထမဦးဆုံးအကြိမ် လာရောက် အားပေးခဲ့ပြီး ကိုယ်တိုင်ဆုချီးမြှင့်ခဲ့သည်။ ပရိသတ်ကိုစိတ်ပျက်စေသော စောငမန်း မွေလက်ဝှေ့ ၇၅ ကီလို တန်းတွင် ဘိုင်ရထားမှုကြောင့် တစ်ပွဲမှမထိုးရဘဲ ဗိုလ်လုပွဲတစ်ပွဲသာ ယှဉ်ပြိုင်ရသော နာမည်ကြီးစောငမန်း ၏ ရင့်ကျက်မှု မရှိဘဲ အခွင့်အရေးကိုဖြုန်းတီးမှုမှာ မြန်မာပရိသတ်များ မချင့်မရဲဖြစ်စေခဲ့သည်။ 
 
 စောငမန်းနှင့် မလေးရှားကစားသမား ဘင်ရမ်လီတို့ပွဲတွင် ပထမအချီနှင့် ဒုတိယအချီ၌ စောငမန်းက အမှတ် အသာရအောင် စွမ်းဆောင်နိုင်ပါလျက် ဒုတိယအချီတွင် ဘင်ရမ်လီမှာ စောငမန်းခြေကန်ချက်ကြောင့် ဖင် ထိုင် လဲကျနေစဉ် စောငမန်းက ခေါင်းကို နောက်မှပိတ်ကန်ကာ ပြစ်ဒဏ်ကျူးလွန်ခဲ့သည်။ ထိုပြစ်ဒဏ် ကျူးလွန် မှုကြောင့်ပင် ပရိသတ်များအားလုံးက နိုင်မည်ဟု ခန့်မှန်းထားသော စောငမန်းမှာ အမှတ်လျှော့ခံ ရပြီး ရှုံးနိမ့်ခဲ့၍ ပရိသတ်များစိတ်ပျက်ခဲ့ရသည်။ 
 
ထွန်းထွန်းမင်း၏ ပြင်းထန်လှသောခြေကန်ချက် မွေလက်ဝှေ့ပြိုင်ပွဲဗိုလ်လုပွဲစဉ်များအနက် အမျိုးသား ၇၀ ကီလိုတန်းတွင် ထွန်းထွန်းမင်းက ပြိုင်ဘက်အင်ဒိုနီးရှားအားကစားသမား အင်ဒရာအာရှရှိ၏လည်မျိုကို ဒုတိယအချီအရောက်၌ ပြင်းထန်လှသောခြေကန်ချက်ဖြင့် ကန်လိုက်ရာ အင်ဒိုကစားသမား အရုပ်ကြိုးပြတ် လဲကျပြီး သတိလစ်သွားခဲ့သည်။ ချက်ကောင်းကို အားပါလှသော ခြေကန်ချက်ထိသွား၍ ပရိသတ်များပင် အင်ဒိုကစားသမား၏ အသက်အန္တရာယ်ကို ပူပန်ခဲ့ကြရသည်။ 
 
ကြိုးဝိုင်းအတွင်း သတိလစ်သွားရာ ရှေးဦးသူနာပြုများ ၀ိုင်းဝန်းပြုစုပြီး အင်ဒရာ သတိပြန်ရလာမှ ပရိသတ် များ သက်ပြင်းချနိုင်သည်။ နိုင်ငံအတွက် ရွှေဆုကို ထိုက်ထိုက်တန်တန်ရယူပေးခဲ့ပြီး မွေလက်ဝှေ့နည်းဖြင့် ယှဉ်ပြိုင်ရာမှာပင် မြန်မာ့လက်ဝှေ့၏ မာဂုဏ်ကိုပြနိုင်ခဲ့၍ မြန်မာ့လက်ဝှေ့ပရိသတ်များ ဂုဏ်ယူ ၀င့်ကြွားနိုင် ခဲ့သည်။ အမျိုးသားဘောလုံးအသင်းနှင့် အခါးသီးဆုံးည ဆီးဂီမ်းအမျိုးသား ယူ-၂၃ ဘောလုံးပြိုင်ပွဲ အုပ်စုနောက် ဆုံးပွဲစဉ်တွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်းကို သရေကျလျှင်ပင် အကြိုဗိုလ်လုပွဲ တက်မည်ဖြစ်ပါလျက် စိတ်ပျက်ဖွယ်ခြေစွမ်းဖြင့်ကစားပြီး တစ်ဂိုးတည်းဖြင့်ကပ်ရှုံးကာ ပြိုင်ပွဲမှထွက်ခဲ့ရသော ဒီဇင်ဘာ ၁၆ ရက် ညသည် မြန်မာနိုင်ငံအတွက် အခါးသီးဆုံးညဖြစ်ခဲ့သည်။
 
 ထိပ်တိုက်တွေ့ဆုံမှုဖြင့် ဆုံးဖြတ်မည်ကို ပွဲပြီးမှသိသည်ဟုဆိုသော နည်းပြချုပ်ပတ်ဆောင်ဟွာ၏ အံ့သြ ဖွယ်လွဲချော်၊ ညံ့ဖျင်းမှု၊ လူထုတ်ပုံအမှား၊ ရှေ့တွင်ကန်ခဲ့သောသုံးပွဲတွင် အကောင်းဆုံးခြေစွမ်းနှင့် ရမှတ် တို့ ရထားသည့် မြန်မာယူ-၂၃ အသင်းမှာ ကွင်းလုံးပြည့် အားပေးနေသည့် ပရိသတ်ရှေ့တွင် သူရဲဘောကြောင် စွာကစားခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။ တစ်နိုင်ငံလုံးမှ ဘောလုံးပရိသတ်များ ယူကျုံးမရသည်မှာ ခြေစွမ်းရှိပါလျက် ပုံ မှန်ခြေစွမ်းကို မပြသနိုင်ဘဲ အင်ဒိုနီးရှားကို ခြေရှုံး၊ ဂိုးရှုံးဖြင့် ပြိုင်ပွဲမှထွက်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ပရိသတ် အချို့ စိတ်မထိန်းနိုင်ဘဲ ကွင်းထဲအထိဝင်ရောက်ခြင်း၊ ၀တ်ထားသော ဘောလုံးအင်္ကျီနှင့် ဆိုင်း ဘုတ်များကို မီးရှို့ခြင်း စသည့်ရမ်းကားမှုများကို ပြုလုပ်ခဲ့ကြသည်။
 
 ပိုက်ကျော်ခြင်းနှစ်ယောက်တွဲ အသင်းလိုက် ဗိုလ်လုပွဲပြကွက် ပိုက်ကျော်ခြင်းအမျိုးသားနှစ်ယောက်တွဲ အသင်းလိုက် နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ တွေ့ဆုံ ခဲ့ပြီး နောက် ဆုံးပွဲစဉ် နောက်ဆုံးအချိန်အထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ပရိသတ်များကို အကောင်းဆုံး တင်ဆက် ခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်သော ပိုက်ကျော်ခြင်းဗိုလ်လုပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့၏ ပထမပွဲစဉ်တွင် မြန်မာအသင်းအမှားကြောင့် အင်ဒိုနီးရှားအသင်းကို နောက်ဆုံးအချိန်ထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးမှ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ဖြင့် အနိုင်ရကာ ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ထိုပွဲကို လူ ၅၀၀၀ ဆံ့ ၀ဏ္ဏသိဒ္ဓိအားကစားရုံ (ခ)အပြည့် ပရိသတ်များ လာရောက်အားပေးခဲ့ကြ သည်။
 
 မြန်မာ အမျိုးသမီးဘောလုံး အသင်း၏ တိုက်ပွဲဝင်စိတ်ဓာတ် ဆီးဂီမ်းအမျိုး သမီးဘောလုံး အကြိုဗိုလ်လုပွဲ တွင် မြန်အသင်းမှာ ထိုင်း၏ အကြိမ်ကြိမ်ဦးဆောင်ဂိုးသွင်းမှု ခံခဲ့ရသော်လည်း အားကစားစိတ်ဓာတ် အပြည့်ဖြင့် အရှုံးမပေးဘဲ အကြိမ်ကြိမ်ပြန်လည်ချေပကာ ပယ်နယ်တီအဆုံးအဖြတ်ခံယူရသည်အထိ သုံးနာရီကျော်ကြာ အသံမဲ့တိုက်ပွဲတွင် ရဲရဲတောက်စိတ်ဓာတ်ကို ပြသနိုင်ခဲ့၍ တစ်နိုင်ငံလုံးက ဂုဏ်ပြုခဲ့ရ သည်။ ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျပြီး အချိန်ပိုတွင် တစ်ဂိုးစီထပ်သွင်း၍ ပယ်နယ်တီဆုံးဖြတ်ရာ ကိုးလုံးစီအထိ ကန်ရာတွင်မှ မြန်မာက ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
 
 ရှုံးပွဲကြောင့် ယူကျုံးမရငိုကြွေးနေသော မြန်မာဘောလုံးအမျိုးသမီးအသင်း၏ အားကစားသမားပီသသော စိတ်ဓာတ်၊ နောက်ဆုံးအချိန်အထိ အနိုင်မခံအရှုံးမပေး တိုက်ပွဲဝင်စိတ်ဓာတ်များကြောင့် တစ်နိုင်ငံလုံးက အပြစ်မတင်ရက်ဘဲ၊ ပြည်သူကပေးသော ချန်ပီယံဆုကိုပဲ ပေးအပ်ဂုဏ်ပြုလိုက်သည်။ ထိုပွဲအခိုက်အတန့် မှာ ဒေသတွင်းအားကစားပွဲတော်၏ အဓိပ္ပာယ်ကို ပိုမိုလေးနက်စေခဲ့ပြီး ပိုမိုလှပစေခဲ့သည်။
 
 နေသွေးဦးနှင့် ကမ္ဘာချန်ပီယံတို့၏ အားစမ်းပွဲ ဘိလိယက်အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်တွင် စင်ကာ ပူနိုင်ငံသား ကမ္ဘာ့ချန်ပီယံနှင့် မြန်မာမှ နေသွေးဦးတို့ ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် နေသွေးဦးက ကမ္ဘာ့ချန်ပီယံကို ရှိန်မနေဘဲ နောက်ဆုံးအချိန်ထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကာ ၂-၃ ပွဲရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ပထမသုံးပွဲ အပြီးတွင် နေသွေးဦးက နှစ်ပွဲ-တစ်ပွဲဖြင့် နိုင်နေရာမှ နောက်ဆုံးနှစ်ပွဲတွင် ဘိလိယက်ကမ္ဘာ့ချန် ပီယံကစား သမားကို နှစ်ပွဲဆက်ရှုံးပြီး ရွှေဆုနှင့်လွဲချော်ခဲ့သည်။ ရှုံးနိမ့်ခဲ့သော်လည်း ရုံပြည့်လာရောက်အားပေးကြသော ဘိလိယက်ဝါသနာရှင်များက နေသွေးဦးကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ 
 
ဝါကာဝါကာတီးလုံးကြားမှ အလှဆုံးကကွက် ရှာကီရာ၏ ကမ္ဘာကျော် ၀ါကာဝါကာသီချင်းတီးလုံးများဖြင့် လှပ လွန်းသော ကြွက်သားများကိုထုတ်ပြကာ ပြိုင်ဘက်များထက် ဖျော်ဖြေမှုပေးပြီး ၉၀ ကီလိုတန်း ကာယဗလ ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ခဲ့သော မင်းဇော်ဦး၏ယှဉ်ပြိုင်ဟန်မှာ ဆီးဂိမ်းပရိသတ်များ အကြား မေ့ပျောက်နိုင်မည်မဟုတ်ပေ။ ပြိုင်ဘက်အားလုံးနီးပါးမှာလည်း လှပသောကြွက်သားများဖြင့် အကောင်းဆုံးယှဉ်ပြိုင်ချိန်တွင် မင်းဇော်ဦး၏ ဗျူဟာမြောက်စွာ ဖျော်ဖြေမှုအပြည့်ဖြင့် ၀ါကာဝါကာတီးလုံး များအကြား အချိုးကျလိုက်ဖက်ညီစွာ ကြွက်သားများကို ကြွကြွရွရွလှစ်ပြမှုမှာ ကာယဗလပြိုင်ပွဲနှင့် မနီးစပ်သူများကိုပင် အံ့သြမှင်တက် အကြိုက်တွေ့စေခဲ့သည်။ ဆုရရှိသူကြေညာအပြီး ပြိုင်ဘက်ကစား သမားများကပင် မင်းဇော်ဦးကို လေးလေးစားစားဂုဏ်ပြုခဲ့သည့် ပုံရိပ်များမှာလည်း သူ၏အရည်အချင်းကို မှတ်ကျောက်တင်စေခဲ့သည်။
 
 ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
  ရေးသားသူ- သတင်းအဖွဲ့

No comments:

Post a Comment