တရုတ်ပြည် စီချောန် တက္ကသိုလ်က ကျောင်းသူလေးဟာ တစ်ညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွေစရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကား စမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ် တစ်ခုမှာ တစ်ညတာ အတူတူ အချိန်ဖြုန်းဖို့ သဘော တူလိုက် ပါတယ်။
ခေတ်မီခမ်းနားတဲ့ ဟိုတယ်ရဲ့ ဇိမ်ခံအခန်းတခုငှား လိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။
ပြန်နိုးလာတော့ သူ့ခန္ဓာကိုယ် တစ်ခုလုံး ရေချိုးဇလုံ (ကန်) ထဲမှာ ရေခဲတုံးလေးတွေကြား မြုပ်နေတယ်။
ရေချိုးဇလုံ (ကန်) ဘေးမှာ အနီရောင်စာရွက်တခု မှာ စာရေးထားတာ တွေ့လိုက်တယ်။
"ခင်များ သေခါနီးနေပြီ၊ ၁၂၀ ကို အမြန်ခေါ်လိုက်" လို့ရေးထားပြီး ဘေးနားမှာ သူ့ဖုန်းအဆင်သင့် ချထားပေးတယ်။
၁၂၀ ကိုခေါ်လိုက်တော့ ဒေါက်တာ တစ်ယောက် ကိုင်တယ်၊ သူ့အကြောင်းတွေ ရှင်းပြတော့ အဲဒီ ဒေါက်တာက "ခင်များနောက်ကျောဖက်မှာ စမ်းကြည့်လိုက်ပါ" လို့ပြောတယ်။ စမ်းကြည့်လိုက်တော့ ၉ လက်မလောက်ကျယ်တဲ့ ဓါးဒဏ်ရာ နှစ်ခု တွေ့လိုက်တယ်။
ဒေါက်တာက ချက်ချင်းပဲ အဲဒီ ရေခဲရှိတဲ့ ရေချိုးဇလုံ (ကန်) ထဲမှာ ပြန်မှောက်နေလိုက်ပါ၊ လို့ ညွန်ကြားလိုက်တယ်။
ကယ်ဆယ်ရေး အဖွဲ့ရောက်လာပြီး စစ်ကြည့်လိုက်တော့ သူ့ရဲ့ ကျောက်ကပ် နှစ်ခုစလုံး အခိုးခံထားရတာပါ။
အင်အားကောင်းတဲ့ မူးယစ်ဆေး နဲ့ ရေခဲအစွမ်းဟာ လူကို မနာကြင်စေဘူး လို့ ဆိုပါတယ်။
သူမလဲ ဆေးရုံမှာ ကျောက်ကပ်အလှူရှင်စောင့်နေရင်း မကြာခင် ဆုံးသွားပါတော့တယ်။
ဒီလို ကျောက်ကပ်ဟာ တရုတ်ပြည်ရဲ့ မှောင်ခိုဈေးမှာ အမေရိကန် ဒေါ်လာ ၃ သိန်းလောက် ပေါက်ဈေးရပါသတဲ့။
ရဲဌာနက သတိပေးထားတာက အထူးလေ့ကျင့် ထားတဲ့ မှောင်ခိုသမားများဟာ တရုတ်ပြည်ရဲ့ မြို့ကြီးတွေမှာ ပုံစံမျိုးစုံ နဲ့ သားကောင်များကို လိုက်နေကြပါတယ်၊ သတိထားကြပါ တဲ့။ အထူးသဖြင့် အမူးလွန်တတ်တဲ့ မိန်းကလေးများကို ပစ်မှတ်ထားတတ်လေ့ ရှိတယ်၊ လို့ဆိုပါတယ်။
ဈာန်
မှ ထပ်ဆင့်ကူးယူပါသည် ။
Post from Mr .အယ်လ်ဂျေ
( မူရင်း link = http://www.bubblews.com/news/
From...Facebook
![@[0:1: ကျေးဇူးပြုပြီးရှယ်ပေးပါ ] တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေးဟာ တညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွယ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။ ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခုငှား လိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။ ပြန်နိုးလာတော့ သူ့ခန္ဓာကိုယ် တခုလုံး ရေချိုးဇလုံ (ကန်) ထဲမှာ ရေခဲတုံးလေးတွေကြား မြုပ်နေတယ်။ ရေချိုးဇလုံ (ကန်) ဘေးမှာ အနီရောင်စာရွက်တခု မှာ စာရေးထားတာ တွေ့လိုက်တယ်။ "ခင်များ သေခါနီးနေပြီ၊ ၁၂၀ ကို အမြန်ခေါ်လိုက်" လို့ရေးထားပြီး ဘေးနားမှာ သူ့ဖုန်းအဆင်သင့် ချထားပေးတယ်။ ၁၂၀ ကိုခေါ်လိုက်တော့ ဒေါက်တာ တစ်ယောက် ကိုင်တယ်၊ သူ့အကြောင်းတွေ ရှင်းပြတော့ အဲဒီ ဒေါက်တာက "ခင်များနောက်ကျောဖက်မှာ စမ်းကြည့်လိုက်ပါ" လို့ပြောတယ်။ စမ်းကြည့်လိုက်တော့ ၉ လက်မလောက်ကျယ်တဲ့ ဓါးဒဏ်ရာ နှစ်ခု တွေ့လိုက်တယ်။ ဒေါက်တာက ချက်ချင်းပဲ အဲဒီ ရေခဲရှိတဲ့ ရေချိုးဇလုံ (ကန်) ထဲမှာ ပြန်မှောက်နေလိုက်ပါ၊ လို့ ညွန်ကြားလိုက်တယ်။ ကယ်ဆယ်ရေး အဖွဲ့ရောက်လာပြီး စစ်ကြည့်လိုက်တော့ သူ့ရဲ့ ကျောက်ကပ် နှစ်ခုစလုံး အခိုးခံထားရတာပါ။ အင်အားကောင်းတဲ့ မူးယစ်ဆေး နဲ့ ရေခဲအစွမ်းဟာ လူကို မနာကြင်စေဘူး လို့ ဆိုပါတယ်။ သူမလဲ ဆေးရုံမှာ ကျောက်ကပ်အလှူရှင်စောင့်နေရင်း မကြာခင် ဆုံးသွားပါတော့တယ်။ ဒီလို ကျောက်ကပ်ဟာ တရုတ်ပြည်ရဲ့ မှောင်ခိုဈေးမှာ အမေရိကန် ဒေါ်လာ ၃ သိန်းလောက် ပေါက်ဈေးရပါသတဲ့။ ရဲဌာနက သတိပေးထားတာက အထူးလေ့ကျင့်ထားတဲ့ မှောင်ခိုသမားများဟာ တရုတ်ပြည်ရဲ့ မြို့ကြီးတွေမှာ ပုံစံမျိုးစုံ နဲ့ သားကောင်များကို လိုက်နေကြပါတယ်၊ သတိထားကြပါ၊ တဲ့။ အထူးသဖြင့် အမူးလွန်တတ်တဲ့ မိန်းကလေးများကို ပစ်မှတ်ထားတတ်လေ့ ရှိတယ်၊ လို့ဆိုပါတယ်။ ဈာန် မှ ထပ်ဆင့်ကူးယူပါသည် ။ Post from Mr .အယ်လ်ဂျေ ( မူရင်း link = http://www.bubblews.com/news/52295-young-women-and-men-tourists-students-and-to-all )](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn1/s403x403/602019_121824531332692_1244806909_n.jpg)
No comments:
Post a Comment