Monday, September 23, 2013

မြန်မာနိုင်ငံ ၏ သမ္မတ များ




၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများလေသည်။  သမ္မတ တာဝန် ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂) ထိ ထမ်းဆောင်ခဲ့
သည်။ စ၀်ရွှေသိုက် ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ 

ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်း သာ ဖြစ်လေသည်။ ၁၉၃၇ခု၊ ဇွန်လ တွင် မြောက်ပိုင်း သိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး ၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။






၂။ဒေါက်တာ ဘဦး(၁၈၈၇-၁၉၆၃)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန် ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇) ထိ ထမ်းဆောင်ခဲ့လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ ခု မေလ ၂၆ရက် ကြာသပတေးနေ့ဧရာဝတီတိုင်း။ ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊ အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့သည်။


   မွေးချင်းကိုးယောက် အနက် အကြီးဆုံးသားဖြစ်သည်။ ဘိုးဘေးများမှာမင်းမျိုး မင်းနွ ယ်ဖြစ်ေ  လသည်။ ၁၉၁၃ခု တွင် ဒေါ်ငြိမ်းငြိမ်းနှ င့်လက် ထပ်ပြီး သား၂ယောက် ထွန်းကားခဲ့သည်။ ၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်းအဆုတ်ရောဂါနှင့်ကွယ်လွန်ပြီးနောက်၁၉၂၃တွင် ဒေါ်အေးနှင့်
လက်ထက်ခဲ့ရာ သားသမီး၅ယောက်ထွန်းကားခဲ့သည်။ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
 



၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန် ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂) ထိ ထမ်းဆောင်ခဲ့သည်။ ဦးဝင်းမောင်ကို ၁၉၁၆ခု၊ ဧပြီလ၊ ၁၇ရက် တနင်္လာနေ့ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊ အမိဒေါ်သာယာတို့မှ ဖွားမြင်ခဲ့သည်။


 ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။ ၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ
သား သမီး ၆ယောက် ထွန်းကားခဲ့သည်။မန်းဝင်းမောင်သည် (၄.၇.၁၉၈၉)
အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။

၎။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန် ကို (၂.၃.၁၉၇၄) မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင် ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦး  လည်း ဖြစ်လေ သည်။
 


ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့တွင် အဖ ဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။
 

ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထပ်ကာ သား၁ယောက်၊ ဒုတိယ ဒေါ်တင်တင်နှင့်လက်ထပ်ကာ  သား၂ယောက်၊ တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထပ်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။ 

၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး ၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့်လက် ထပ်ခဲ့  သည်။ ထို့နောက် ၁၉၇၆ခုတွင်ကနောင်မင်း၏ အနွယ်တော် ရတနာ နတ်မယ်နှင့်လက်ထက်ပြီး ငါးလသာပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ်
တွင်ကွယ်လွန်ခဲ့သည်။

၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန် ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈) ထိ ထမ်းဆောင်ခဲ့သည်။ ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊ ၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့တွင် အဖဦးစံဖေ၊ အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။ 


၁၉၄၇ခုတွင် အင်းစိန်အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထပ်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။

၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေသည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ ဦးစိန်လွင်ကို ၁၉၂၄ခု၊ ဇန်န၀ါရီလ၊ ၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင်အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှဖွားမြင်လေသည်။  


 ဒေါ်ရွှေတင်(ခ)ဒေါ်တင်တင်လှိုင်နှင့်လက်ထပ်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။
ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက် ၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။

၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန် ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့ မှဖွားမြင်လေ သည်။


မွေးချင်း အနက် တစ်ဦးတည်းသောသားဖြစ်သည်။ ၁၉၄၇ခုတွင် ဒေါ်ခင်မြင့်နှင့်လက်ထပ် ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကားခဲ့သည်။ဒေါက်တာမောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။

၈။ဦးသိန်းစိန်(၁၉၄၅)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေသည်။၂၀၀၈ခု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံးရွေးချယ်ခံရသော သမ္မတဖြစ် သည်။ 


(၄.၂.၂၀၁၁)တွင် သမ္မတ တာဝန်ကိုထမ်းဆောင် ရသည်။ ဦိးသိန်းစိန် ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့် တို့  မှ ဖွားမြင်လေသည်။ ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့်လက်ထပ်ပြီး
သားသမီး ၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် တွင် နေထိုင်လျက်ရှိသည်။





Myawady မှမျှဝေဖေါ်ပြသည်


No comments:

Post a Comment