Friday, September 20, 2013

ကလေးမိဘများ သိရှိစေရန်


လားရှိုးမြို့တွင် တရုတ်နိုင်ငံမှ တင်သွင်း လာသောအောက်ဖေါ်ပြပါ ဓါတ်ပုံ ပါ ကလေးကစား စရာ အရုပ် ကျင် စက်ကြောင့် ကလေးအချင်းချင်းဆော့ကစား ရာမှ ကလေးငယ် တစ်ဦးခြေထောက် အကြောဆွဲ သလိုဖြစ်ကာ လမ်းကောင်းစွာ မလျှောက်နိုင်တော့သဖြင့် ဆေးကုသနေရ ပါသည်။ 
 ထိုကစားစရာ အရုပ်များကို အမှတ်(4)ရပ်ကွက် အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့က ကလေးငယ်များ ထံမှချော့မော့ ကာပြန်လည်ဝယ်ယူနေပြီး ဖျက်စီးနေသော်လည်း အခြားရပ်ကွက်ရှိ ကလေးငယ်များ မှာအန္တရယ် မသိ ဘဲဆော့ကစားနေကြပါသည်။ 
သက်ဆိုင်ရာမှ ပညာပေးပြန်လည်သိမ်းဆည်းပေးစေချင်ပြီး၊ ရောင်းချသူ များကိုလည်း တားမြစ်ပေးစေချင် သည်ဟု မိဘများထံမှ အသံထွက်လာကြသော်လည်း အမှတ်(4) ရပ်ကွက်အုပ်ချုပ်ရေးမှုး လိုတာဝန် သိစိတ်ဖြင့်လုပ်မ ပေး နိုင်တာ ကို တွေ့ ရှိရ သဖြင့် စိတ်မကောင်းဖြစ်နေရသည် ဟု သူငယ်ချင်း တစ်ဦးမှ ရင်ဖွင့်လာသဖြင့် FBပေါ်မှ သူငယ်ချင်းများ သိစေရန်နှင့် ......
 
အဆိုပါ တန်ဘိုးငွေ ကျပ်(၁၀၀) သာပေးရသော ကျင်စက် သည် ယခုအခါမြန်မာ ပြည်မြို့တိုင်း နီးပါးရောက် ရှိနေလောက်ပါပြီ လို့ ထင်ရသဖြင့် ကလေးငယ် များ အားထပ်မံ၍ လာရှိုးမြို့မှ ကလေးလို စိတ်မကောင်းစရာ အဖြစ်အပျက်များ မဖြစ် ပွားရအောင် တာဝန်သိပြည်သူ များအနေဖြင့် ဝိုင်းဝန်း ထိမ်းသိမ်းပေးရအောင် FBပေါ် မှမိတ်ဆွေများ မှတစ်ဆင့်အသိပေး ရအောင် လေးစားစွာ တိုက်တွန်းအပ်ပါတယ် ခင်ဗျာ။
 
Min Nyoont        From...Facebook

No comments:

Post a Comment