Friday, September 20, 2013

တရုတ် တွင် ကျင်းပမည့် Miss Tourism Queen International 2013 ပြိုင်ပွဲ တွင် မော်ဒယ် ခင်လပြည့်ဇော် ယှဉ်ပြိုင်မည်







 












တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပမည့် Miss Tourism Queen International 2013 ပြိုင်ပွဲသို့ Star & 

 Model    အေဂျင်စီ မှမော်ဒယ်ခင်လပြည့်ဇော်က မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ် သည်။ 

 အဆိုပါပြိုင်ပွဲကိုအောက်တိုဘာလ ၃ ရက်တွင်ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ Dynasty Brand Promotion မှ ဦးစီးကျင်းပခြင်း ဖြစ်သည်။


“နန်နင်းမှာကျင်းပတဲ့ အခုပြိုင်ပွဲကိုဝင်ဖို့ ဟိုဘက်ကကျွန်တော်တို့အေဂျင်စီကို ဖိတ်ကြားခဲ့ပါတယ်။ သူတို့ လှမ်းပြီး ဖိတ်ကြားတဲ့ အချိန်နဲ့ ပြိုင်ပွဲသွားရမယ့်အချိန်က အရမ်းနီးတဲ့အတွက် လူရွေးပွဲရယ်လို့ သီးသန့် မလုပ်နိုင်တော့ ဘဲ အေဂျင်စီကနိုင်ငံတကာ အဆင့်မီမော်ဒယ် အနေနဲ့သတ်မှတ်ထားတဲ့ မော်ဒယ် အယောက် ၃၀ ရဲ့ဓာတ်ပုံတွေကိုပြိုင်ပွဲစီစဉ်တဲ့ သူတွေဆီပေးပို့ပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ပါတယ်။ 


အဲဒီထဲက ခင်လပြည့်ဇော်ကို ရွေးချယ်လိုက်တာပါ။ အဲဒီအတွက် သူ့ကိုအလှအပသာမကဘဲ၊ Personal Gromming၊ အထွေထွေ ဗဟုသုတွေကို အေဂျင်စီမှာ လေ့ကျင့်ပေးနေပါတယ်”ဟု Star & Model Agency မှမန်နေဂျင်းဒါရိုက်တာ ဂျွန်လွင်က ဆိုသည်။
 

ယင်းပြိုင်ပွဲအတွက် အထွေထွေကုန်ကျစရိတ်များကို Star အေဂျင်စီက အကုန်အကျခံ ကာ ဆောင် ရွက်ပေး မည်ဖြစ်သည်။ ခင်လပြည့်ဇော်သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ တွင် Star အေဂျင်စီတွင် သင်တန်း တက်ရောက်ခဲ့ပြီး ကိုရီးယားနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်မည့် Face of Myanmar ပြိုင်ပွဲ အတွက် ရွေးချယ်ခြင်း ခံခဲ့ရသူတစ်ဦးဖြစ်သည်။
 

“ဒီပြိုင်ပွဲက ဒုတိယမြောက်နိုင်ငံတကာပြိုင်ပွဲပါ။ ပထမဆုံးပြိုင်ပွဲက ကိုရီးယားနိုင်ငံဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ ASIA NEW STAR MODELS CONTANT 2012 ပါ။ အဲဒီမှာဆုမရရှိခဲ့ပါဘူး။ အခုဒီပြိုင်ပွဲကိုတော့ ပထမပြိုင်ပွဲ က အားနည်းချက်တွေကိုဖြည့်စွက်ပြီး အများကြီးပြင်ဆင်ထား ပါတယ်။

 နောက်ပြီး ခန္ဓာကိုယ်ကို လည်း ဂရုစိုက်နေ ပါတယ်။ ဒီပြိုင်ပွဲအတွက် ယုံကြည်မှုတွေ ရှိနေပါတယ်” ဟု ခင်လပြည့်ဇော် က ပြောကြားလိုက်သည်။
 

ယင်းပြိုင်ပွဲသို့ နိုင်ငံပေါင်း ၉၀ ကျော်မှ မော်ဒယ်လ်များ ၀င်ရောက် ယှဉ်ပြိုင်ကြ မည် ဖြစ်ပြီး  မြန်မာနိုင်ငံ အနေဖြင့် ယခု ၀င်ရောက်ယှဉ်ပြိုင်မှု မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ 

  drmyochit Thursday, September 19, 2013
From...Myanmar Forward

No comments:

Post a Comment